အရွယ်ရောက်ပြီးသူတိုင်း ညအိပ်ချိန် ၈နာရီရှိဖို့ ဘာကြောင့်လိုအပ်တာလဲ
hellosayarwon.com
|
2019-06-12


အိပ်ချိန်ဟာ လူတစ်ယောက် ကျန်းမာရေးနဲ့ နေ့စဉ်ဘဝအတွက်အလွန်အရေးကြီးပါတယ်။ လူက ကောင်းကောင်းအိပ်မှပဲ နောက်နေ့နိုးလာရင်အားအင်ပြည့်ဖြိုး လန်းဆန်းတက်ကြွနေမှာပေါ့။ ဒါ့အပြင် ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်လုပ်နိုင်ဖို့၊

ကိုယ်ခံအားေ ကာင်းစေဖို့၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့ဆိုတာအိပ်ချိန်ပြည့်ဝနေမှ ဖြစ်မှာပါ။ စိတ်မကောင်းစွာနဲ့ပဲ ပြောရမယ်ဆိုရင် ဒီဘက်ခေတ် လူတော်တော်များများကို စစ်တမ်းကောက်ကြည့်လိုက်တဲ့အခါ ညဘက်တွေမှာ

အိပ်ချိန်ေ တာ်တော်နည်းနေကြတာကို တွေ့ရပါတယ်။ ဒီတော့ ဒီနေ့အိပ်ချိန်နည်းသွားလို့ နောက်နေ့မှ ပြန်အစားထိုးပြီးအိပ်လို့ရော မရဘူးလားဆိုပြီး မေးစရာကရှိလာပါတယ်။အဖြေကိုအလွယ်ပြောရမယ်ဆိုရင်တော့ လုံးဝမရပါဘူး။ ဘာကြောင့်လဲဆိုတော့အိပ်ချိန်ဆိုတာ ပြန်ပြီးအစားထိုးလို့ မရတဲ့အရာတွေထဲက တစ်ခုပါ။ ကိုယ့်အသက်အရွယ်နဲ့ သတ်မှတ်ထားတဲ့အိပ်ချိန်အတိုင်း ပြည့်ဝစွာ မအိပ်ဘဲ နောက်နေ့မှ ပိုအိပ်မယ်ဆိုရင်လည်း ဘာမှမထူးလာပါဘူး။

လူတစ်ယောက်ရဲ့ ညအိပ်ချိန်တွေက ဘယ်လောက်ရှိသင့်လဲ။
ဒါကတော့ ကိုယ့်ရဲ့အသက်အရွယ်ပေါ်မှာ မူတည်ပြီး ကွာသွားနိုင်ပါတယ်။ ဥပမာအားဖြင့် မွေးကင်းစ ကလေးငယ်တွေ = ၁၆ - ၁၈ နာရီထိ မူကြိုတက်ကာစအရွယ် = ၁၁ - ၁၂နာရီထိ မူလတန်းကလေးအရွယ် =အနည်းဆုံး ၁၀နာရီ

ဆယ်ကျော်သက်ေ တွ = ၉ - ၁၀နာရီ ၁၈နှစ်နောက်ပိုင်းအရွယ်ရောက်ပြီးသူတွေ = ၇ - ၈နာရီအထိ ရှိရပါမယ်။

အိပ်ချိန်တွေကို နှောင့်ယှက်ဖျက်ဆီးနေတဲ့အရာတွေက ဘာတွေလဲ။
ဆယ်ကျော်သက်အရွယ်တွေအတွက်

မိုဘိုင်းလ်ဖုန်း အသုံးပြုခြင်းကအိပ်ချိန်ကိုအရမ်းနည်းစေတဲ့အဓိကတရားခံပါပဲ။ ဖုန်းကို မနက်ကနေ ညမိုးချုပ်တဲ့အထိ လက်ကမချတမ်းအသုံးပြုတဲ့အခါ မျက်စိနဲ့အာရုံကြောတွေက ညောင်းကိုက်လာပါတယ်။ ဒါပေမယ့်လည်း ကိုယ်က ဖုန်းထဲစိတ်ရောက်နေတော့ ဒီပင်ပန်းတာတွေ၊အိပ်ချင်တာတွေ ဘာမှမသိတော့ဘဲအချိန်ကုန်မှန်းမသိ ကုန်ရင်းအိပ်ရေးပျက်ကုန်တော့တာပေါ့။ လူကြီးတစ်ယောက်ဖြစ်လာတဲ့အခါအလုပ်ခွင်မှာ တွေ့ကြုံရတဲ့ ဖိအားတွေ၊ မိသားစုတွင်း ပြဿနာတွေ၊

အချစ်ရေး အဆင်မပြေတာ၊ ရောဂါတွေ ဖြစ်လာတာ၊ စိုးရိမ်ပူပန်သောက ရောက်စရာတွေ များလာတာကြောင့်

အိပ်ရေးပျက် တာ များရင်း ညဘက်ကောင်းစွာအိပ်မပျော်တဲ့ ရောဂါတွေ ဖြစ်လာတတ်ပါတယ်။

အိပ်ချိန်ပြည့်ဝရင် ကိုယ်ခန္ဓာအတွက် ဘာကောင်းကျိုးတွေရမလဲ။
၁။အိပ်ချိန်မပြည့်တဲ့သူတွေထက် ပိုကျန်းမာပြီး သက်တမ်းစေ့နေနိုင်တယ်။ ၂။အစာစားချင်စိတ်ကို ဖြစ်စေတယ်။ စားလိုက်တဲ့အစာကိုလည်း ကောင်းစွာချေဖျက်ပေးနိုင်ပြီး

အာဟာရဓာတ်ေ တွ ပိုမိုစုပ်ယူနိုင်စေတယ်။ ၃။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးလို့ ရောဂါတွေအလွယ်တကူ ဝင်မလာအောင် တိုက်ထုတ်ပေးနိုင်တယ်။ ၄။

မှတ်ဉာဏ်ေ ကာင်းစေပြီး မကြာခဏ သတိမေ့တာမျိုးတွေ မဖြစ်စေပါဘူး။ ၅။ တီထွင်ကြံဆဉာဏ်ကို မြှင့်တင်ပေးနိုင်တယ်။ ၆။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေပြီးအားအင်တွေ ပြည့်ဝနေတယ်။ ၇။

လေ့ကျင့်ခန် းလုပ်တဲ့အခါမှာလည်း ပိုပြီးအားစိုက်ထုတ်နိုင်တယ်။ ၈။ မောပန်းလွယ်တာ၊အသက်ရှူမဝတာ၊ ခေါင်းမူးတာ၊ လေးလံထိုင်းမှိုင်းတာမျိုး မဖြစ်စေပါဘူး။ လူတစ်ယောက်အတွက် သတ်မှတ်ထားတဲ့ တစ်နေ့တာအိပ်ချိန်ဆိုတာအရမ်းကိုအရေးကြီးပါတယ်။ တစ်ရက်လောက်အိပ်ရေးပျက်လို့ ဘာမှမဖြစ်ဘူးလို့ လူတွေက ယူဆတတ်ကြပေမယ့် လူ့အကျင့်က တစ်ရက်ပျက်ပြီးသွားရင် နောက်ရက်တွေပါ ဆက်တိုက်ပျက်လာနိုင်ပါတယ်။ ကိုယ်က ရုံးဖွင့်ရက်မှာအိပ်ချိန်လျှော့လိုက်မယ်၊အားတဲ့ရက်မှာ ပိုပြီးအိပ်လိုက်ရင်လည်း ဒီအိပ်ချိန်တွေအတွက် ပြန်ပြီးအစားထိုးပေးသွားမှာ မဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ ကြာလာရင် ကိုယ်ခန္ဓာက ကျန်းမာရေးဆုတ်ယုတ်လာမယ်။အားအင်ချိနဲ့လာမယ်။ စိတ်ရော ကိုယ်ပါ ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်လာမယ့်အပြင်အသက်ပါတိုစေနိုင်တယ်နော်။ ဒါ့အပြင် တစ်ခုသတိထားဖို့လိုတာကအိပ်ချိန်ပြည့်ရင်ပြီးရောဆိုပြီး နေ့နဲ့ ညနဲ့ မှားအိပ်ရင်လည်း ကျန်းမာရေးအတွက် ရေရှည်မှာ မကောင်းဘူးဆိုတာပါပဲ။

ဒါဆိုအိပ်ချိန်မှန်အောင် ဘယ်လိုလေ့ကျင့်မလဲ။
ကိုယ်လုပ်နေတဲ့အရာတွေက ကိုယ့်ကျန်းမာရေးအတွက် ရေရှည်မှာ ဘာကောင်းကျိုးမှ မဖြစ်စေနိုင်ဘူးဆိုရင် ပြင်ဆင်ဖို့ လုပ်ရမှာက ကိုယ်တိုင်ပါပဲ။အောက်မှာပြထားတဲ့ နည်းလမ်းတွေနဲ့အချိန်မီပြင်ဆင်လိုက်ရင်တော့အဆင်ပြေသွားမှာပါ။ ၁။ ကိုယ့်ဘယ်အချိန်မှာအိပ်မလဲဆိုတာ သေချာမှတ်ထားပါ။ သတ်မှတ်ထားတဲ့အချိန်မှာအိပ်ရာပေါ် ရောက်နေပါစေ။ ၂။ ကော်ဖီ၊

ချောကလက် ၊ ရေနွေးကြမ်းကို မအိပ်ခင်အနည်းဆုံး ၃နာရီအလို လုံးဝမသောက်ပါနဲ့။ ၃။ ချဉ်လွန်းတဲ့အသီးအနှံတွေ၊ ဖျော်ရည်တွေကိုလည်း ရှောင်ပါ။ ၄။အိပ်ခါနီး ရေအများကြီးမသောက်ပါနဲ့။အာစွတ်ရုံလောက်ပဲ သောက်ပေးပါ။ ၅။အလုပ်က

စိတ်ဖိစီးမ ှုတွေ၊ တခြားလူမှုရေး၊ မိသားစု ပြဿနာတွေကိုအိပ်ရာပေါ် မသယ်လာပါနဲ့။ ၆။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ကိုယ်ကအချိန်သိပ်မပေးနိုင်ဘူးဆိုရင်လည်း မနက်တိုင်း လမ်းလျှောက်ပါ။ ပြေးပါ။ ဒိုက်ထိုးပါ။အိပ်ထမတင် လုပ်ပါ။ ၇။ တိတ်ဆိတ်ငြိမ်သက်ပြီးအေးချမ်းတဲ့အခန်းထဲမှာအိပ်ပါ။ ၈။ စိတ်ထဲကအပူတွေကို ငြိမ်းစေပြီး ကြွက်သားတွေကို ပြေလျော့သွားစေတဲ့ တေးသံအေးအေးလေးတွေ၊ ရေကျသံ၊ ငှက်လေးတွေ တွန်ကျူးသံ၊ လေတိုက်သံမျိုးတွေကို မတိုးမကျယ်အနေအထားနဲ့ ဖွင့်ထားပေးပါ။ ကျန်းမာပျော်ရွှင်ပြီး တက်ကြွရွှင်လန်းတဲ့ ဘဝကို ပိုင်ဆိုင်ရဖို့အဓိကသော့ချက်ဖြစ်တဲ့အိပ်ချိန်ပြည့်ဝမှုကို ဂရုစိုက်ကြပါလို့ တောင်းဆုခြွေရင်း…  

Hello Health Group  သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


#အိပ်ချိန်
#အားအင်
#နောက်နေ့
#ကျန်းမာရေး
#ကိုယ်ခန္ဓာ

Some text some message..