ခေါင်းကိုက်
တယ်ဆိုတာ လူတိုင်းနဲ့မစိမ်းတဲ့ဝေဒနာတစ်ခုဖြစ်သလို မဖိတ်ခေါ်ဘဲအချိန်မရွေးရောက်လာနိုင်တဲ့ ဧည့်ဆိုးလည်းဖြစ်ပါတယ်။ ဘယ်လောက်ဒုက္ခပေးလဲဆို နည်းနည်းလေးခေါင်းကိုက်နေတာနဲ့ လူကစိတ်မကြည်တော့ဘူး၊အာရုံစိုက်မရတော့ဘူး။ ပိုဆိုးတာက ခေါင်းကိုက်နေရင်အလုပ်ကောင်းကောင်းမလုပ်နိုင်ဘဲ နားနေရတာ၊ လှဲအိပ်နေရင်တောင် ဆက်ပြီးထိုးကိုက်နေတာမျိုးဖြစ်ပါတယ်။ ခေါင်းကိုက်တယ်ပဲအလွယ်ပြောလိုက်ပေမယ့် တကယ်တမ်းက ကိုက်တဲ့နေရာ၊အကြောင်းရင်းတွေမတူတဲ့အမျိုးအစားတွေကွဲပြားတယ်ဆိုတာလေး ဆက်ပြီးပြောပြချင်ပါတယ်။အဖြစ်များကြတဲ့ ခေါင်းကိုက်ခြင်းအမျိုးအစားတွေထဲက (၉) မျိုးကို လေ့လာကြည့်ရအောင်။ ကိုယ်ဖြစ်ဖူးတာတွေအများကြီးပါနေတာ တွေ့ရပါလိမ့်မယ်။ အဖြစ်များတဲ့ ခေါင်းကိုက်ခြင်းများ
(က) ရောဂါတစ်ခုခုကြောင့်မဟုတ်ဘဲဖြစ်တဲ့ ခေါင်းကိုက်ခြင်းများ။
Primary headaches လို့ခေါ်တဲ့ ခေါင်းကိုက်မှုတွေက ရောဂါအကြောင်းရင်းခံတစ်ခုခုကြောင့်မဟုတ်တဲ့ခေါင်းကိုက်ခြင်းဖြစ်ပါတယ်။ ရောဂါအခံကြောင့်မဟုတ်ဘူးဆိုတော့ ဘယ်လိုခေါင်းကိုက်တာမျိုးကိုခေါ်တာဖြစ်မလဲ - (၁)
ဖိစီးမ
ှုကြောင့် ခေါင်းကိုက်ခြင်း အဖြစ်များဆုံးဖြစ်တဲ့ ဖိစီးမှုကြောင့် ခေါင်းကိုက်တဲ့အမျိုးအစား(Tension headache)ဆိုရင် ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ ခေါင်းတစ်ခုလုံးအုံခဲပြီးကိုက်နေတော့တာပဲ။ စိတ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေများနေတဲ့အခါ ခေါင်းမကြည်ဘူး၊ တဒုတ်ဒုတ်တော့ ထိုးကိုက်မနေပေမယ့် ဇက်ကြော၊နဖူး၊ ဦးရေပြား၊ပခုံးကြွက်သားတွေမှာ တောင့်တင်း၊ကျိန်းစပ်၊အထိမခံနိုင်ဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးစရာတွေရှိနေတဲ့အခါ ဒီအမျိုးအစားကို ခံစားရနိုင်ပါတယ်။ (၂) ဆက်တိုက်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း ဆက်တိုက်ဖြစ်တဲ့ခေါင်းကိုက်ခြင်း (Cluster headache)အမျိုးအစားက ခေါင်းထဲ ထိုးပြီးကိုက်တဲ့ဝေဒနာမျိုးပါ။ တစ်ခါတလေ
မျက်လုံး
တစ်ဖက်ရဲ့အနောက်ဘက်က သို့မဟုတ် မျက်နှာတစ်ခြမ်းလုံး ကိုက်ခဲမှုဖြစ်တတ်ပါတယ်။ တစ်ခါတလေကျ ခေါင်းကိုက်တဲ့ဘက်ခြမ်းမှာ ရောင်ရမ်းတာ၊ နီမြန်းတာ၊ ချွေးထွက်တာ၊
နှာစေးနှာပိတ်တာ
၊ မျက်ရည်ကျတာတွေဖြစ်လာနိုင်တယ်။ ဒီအမျိုးအစားက ဆက်တိုက်ဖြစ်တတ်ပြီးအနည်းဆုံး ၁၅ မိနစ်ကနေ ၃ နာရီအထိကြာမြင့်နိုင်ပါတယ်။ ဒီအမျိုးအစားဖြစ်သူတွေဟာ တစ်နေ့ကို လေးကြိမ်အထိ ခေါင်းကိုက်ဝေဒနာခံစားရနိုင်ပါတယ်။ ဒါမှမဟုတ် နောက်နေ့မှာလည်း ဒီအချိန်မှာပဲ ဖြစ်လာတာမျိုး။ ခေါင်းတစ်ကြိမ်ကိုက်ပြီးရင်လည်းသက်သာသွားတော့ နောက်တစ်ခေါက်ထပ်ကိုက်လာတာမျိုးရှိနိုင်တယ်။ လနဲ့ချီပြီးလည်း နေ့တိုင်းဆက်တိုက်ခေါင်းကိုက်တာတွေရှိတယ်။ တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာတော့ လက္ခဏာခံစားရတာမရှိဘဲလည်း ဖြစ်နိုင်တယ်။ များသောအားဖြင့် နွေဦးနဲ့ဆောင်းရာသီတို့မှာ ပိုအဖြစ်များတတ်ပါတယ်။ (၃)
ခေါင်းတစ်ခြမ်းကိုက်ခြင်း
ဒါကတော့ လူသိများတဲ့မင်းသားကြီးဖြစ်တဲ့ Migraineအမျိုးအစား ဖြစ်ပါတယ်။ သူဟာလည်း ရက်တွေချီပြီးခံစားရနိုင်တဲ့ခေါင်းကိုက်ဝေဒနာဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ ခေါင်းအတွင်းထဲကနေ ပြင်းထန်စွာကိုက်ခဲတဲ့ဝေဒနာပါ။ ဒီလိုကိုက်ခဲမှုကြောင့် တစ်နေ့တာအလုပ်တွေမလုပ်နိုင်တော့ဘဲဖြစ်စေနိုင်တယ်၊ တဒုတ်ဒုတ်နဲ့ခေါင်းတစ်ခြမ်းတည်းကိုက်နေပြီးအလင်းရောင်နဲ့အသံတွေကိုလုံးဝမခံနိုင်တော့ပါဘူး။ မအီမသာဖြစ်တာ၊
အော့အန်တာတွေ
လည်း ခံစားရလေ့ရှိပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းက မိသားစုမျိုးရိုးကြောင့်လည်းဖြစ်နိုင်သလို တခြားအာရုံကြောစနစ်ပြဿနာတွေနဲ့လည်းဆက်နွှယ်နေနိုင်ပါတယ်။အမျိုးသမီးတွေကအမျိုးသားတွေထက် Migraine ခံစားရနိုင်ခြေသုံးဆပိုများတယ်လို့ဆိုကြပါတယ်။ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့အကြောင်းရင်းတွေကတော့အိပ်ရေးပျက်တာ၊ ရေဓာတ်ဆုံးရှုံးတာ၊အစားမမှန်တာ၊အစားအစာတချို့၊ ဟော်မုန်းအတက်အကျဖြစ်တာ၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတာတို့ပါဝင်ပါတယ်။
(ခ) တဆင့်ခံဖြစ်တဲ့ ခေါင်းကိုက်ခြင်းဝေဒနာများ။
Secondary headaches လို့ခေါ်တဲ့ တဆင့်ခံခေါင်းကိုက်ဝေဒနာဆိုတာ
ခန္ဓာကိုယ်
ထဲမှာဖြစ်နေတဲ့ ရောဂါအခံတစ်ခုခုကြောင့်ဖြစ်လာတဲ့ ခေါင်းကိုက်ခြင်းအမျိုးအစားပါ။ တဆင့်ခံရင်းမြစ်ကြောင့် ခေါင်းကိုက်ခြင်းမှာ ပိုဆိုးတာက ရင်းမြစ်ရောဂါမသက်သာမချင်း
နာတာရှည်
လို ခေါင်းကိုက်တတ်တာပါ။ တခြားနည်းလမ်းတွေထက် ရင်းမြစ်ရောဂါအခံကိုကုသတာကသာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ (၄)
ဓာတ်မတည့်ခြင်
း သို့မဟုတ် ထိပ်ကပ်နာကြောင့် ခေါင်းကိုက်ခြင်း ဓာတ်မတည့်မှုတစ်ခုခုကြောင့် ခေါင်းကိုက်ဝေဒနာခံစားရတတ်ပါတယ်။ ဒီအမျိုးအစားဆိုရင်
နှာခေါင်း
ဆိုင်းနပ်စ်ဧရိယာတဝိုက်နဲ့ ဦးခေါင်းအရှေ့ခြမ်းမှာ ကိုက်ခဲတာပါ။ ကုသတဲ့အခါမှာလည်း ဆိုင်းနပ်စ်ထဲက
ချွဲသလိပ်တွေ
ကို လျော့ပါးအောင်၊ ကျဲအောင်အရင်လုပ်ရတာဖြစ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေးတွေသုံးပြီး ရောဂါပိုးသေမှ ခေါင်းကိုက်ခြင်းနဲ့တခြားလက္ခဏာတွေပါသက်သာမှာပါ။ (၅) ဟော်မုန်းကြောင့် ခေါင်းကိုက်ခြင်း ဟော်မုန်းအတက်အကျမငြိမ်ခြင်းနဲ့ ဆက်နွှယ်တဲ့ ခေါင်းကိုက်ခြင်းတွေကိုအများအားဖြင့်အမျိုးသမီးတွေခံစားရတတ်ပါတယ်။ရာသီလာခြင်း၊ သန္ဓေတားဆေးနဲ့ ကိုယ်ဝန်ဆောင်ခြင်းစတဲ့အချက်တွေကအက်စထရိုဂျင်ပမာဏအပေါ်သက်ရောက်မှုရှိပြီး ခေါင်းကိုက်စေနိုင်တာပါ။အမျိုးသမီးတွေမှာ ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ ၆၀ ရာခိုင်နှုန်း က ရာသီလာချိန်ခေါင်းကိုက်ခြင်းတွေဖြစ်တယ်လို့ ခန့်မှန်းရပြီး သောက်ဆေးတွေအပြင် ယောဂ၊အပ်စိုက်၊ တရားထိုင်၊အကြောလျှော့နည်းလမ်းတွေနဲ့ သီးသန့်ဂရုစိုက်တဲ့ စားသောက်မှုပုံစံတွေက ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုသက်သာစေနိုင်ပါတယ်။ (၆)
ကဖင်
းကြောင့်ခေါင်းကိုက်ခြင်း ကဖင်းက
ဦးနှောက်
ကိုသွေးရောက်ရှိမှုအပေါ် သက်ရောက်နိုင်စွမ်းရှိတာကြောင့် ကဖင်းသောက်သုံးမှုလွန်ကဲရင် ခေါင်းကိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ဖြစ်လေ့ရှိသူတွေ ကဖင်းသောက်သုံးရင် ခေါင်းကိုက်ဖို့ပိုလွယ်စေပါတယ်။ ကဖင်းသောက်နေကျလူအတွက်လည်း ရုတ်တရက်ဖြတ်တဲ့အခါ withdrawal headache လို့ခေါ်တဲ့ ခေါင်းကိုက်ခြင်းကို ခံစားရပါလိမ့်မယ်။ ဒါ့ကြောင့် ကော်ဖီဆိုလည်း တော်သင့်ရုံသာသောက်ပါ။ (၇)အားစိုက်ခြင်းကြောင့် ဖြစ်ရတဲ့ ခေါင်းကိုက်ခြင်း ပြင်းပြင်းထန်ထန်အားစိုက်ရတဲ့
ခန္ဓာကိုယ်လှုပ်ရှားမှုတွေ
လုပ်မိပြီးရင် ဒီခေါင်းကိုက်ခြင်းအမျိုးအစားကို ချက်ချင်းခံစားရနိုင်ပါတယ်။အလေးမခြင်း၊ ပြေးခြင်း၊ လိင်ဆက်ဆံခြင်းတို့လို လှုပ်ရှားမှုတွေက exertion headacheအမျိုးအစားကိုအဖြစ်များစေတဲ့အကြောင်းရင်းတွေဖြစ်ပါတယ်။ ဦးခေါင်းခွံအတွင်း ကို သွေးရောက်ရှိမှုပိုတိုးစေတဲ့ ဒီလှုပ်ရှားမှုတွေကြောင့် နားထင်နှစ်ဖက်မှာ တဒုတ်ဒုတ်နဲ့သွေးခုန် ခေါင်းကိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီအမျိုးအစားက သိပ်အကြာကြီးမဖြစ်တတ်ပါဘူး။ မိနစ်အနည်းငယ်သာဖြစ်လေ့ရှိပြီး ကြာခဲ့ရင်လည်း နာရီအနည်းငယ်သာဖြစ်နိုင်ပါတယ်။ (၈)
သွေးတိုး
လို့ ခေါင်းကိုက်ခြင်း သွေးပေါင်ချိန်တက်နေချိန်မှာ ခေါင်းကိုက်တာလည်းအဖြစ်များပါတယ်။အရေးပေါ်ဖြေရှင်းကုသမှုလိုအပ်တဲ့လက္ခဏာမို့ မပေါ့ဆသင့်ပါဘူး။ သွေးဖိအားကအန္တရာယ်ရှိတဲ့အဆင့်ထိ မြင့်တက်နေတဲ့အချိန်မှာ ဒီလက္ခဏာဖြစ်လာတတ်ပါတယ်။ ဒီအမျိုးအစားမှာ
အမြင်အာရုံဝေဝါးခြင်
း၊ ထုံခြင်း၊ ကျဉ်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ ရင်ဘတ်အောင့်ခြင်း၊အသက်ရှူမဝခြင်းတို့လည်း ဖြစ်လာနိုင်ပါတယ်။ သွေးတိုးပြီးခေါင်းကိုက်နေတယ်ဆိုရင် ဆေးကုသမှုကိုအမြန်ဆုံးခံယူသင့်ပါတယ်။
သွေးပေါင်ချိန်
ပုံမှန်ဖြစ်တာနဲ့ ခေါင်းကိုက်ဝေဒနာသက်သာသွားပါလိမ့်မယ်။ (၉) ဒဏ်ကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်း
ဦးခေါင်း
ထိခိုက်မှုဒဏ်တစ်ခုခုနောက်ပိုင်းမှာ ဖြစ်လာတဲ့ ခေါင်းကိုက်ခြင်းကို Post-traumatic headache လို့ခေါ်ပါတယ်။ ဒီအမျိုးအစားမှာလည်း ခေါင်းတစ်ခြမ်းကိုက်ခြင်း သို့မဟုတ် ဖိစီးမှုခေါင်းကိုက်ခြင်းတို့လို ဆင်တူပြီး ၆လ ကနေ ၁၂ လအထိ နာတာရှည်ဖြစ်သွားနိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ ခေါင်းကိုက်ခြင်းဟာအကိုက်အခဲပျောက်ဆေးတွေနဲ့ ကုသသက်သာနိုင်တဲ့ ရိုးရိုးဝေဒနာတင်မကဘဲ တကယ်ရောဂါကြီးတစ်ခုခုရဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။ ဒီလက္ခဏာတွေဖြစ်လာရင်အမြန်ဆုံးဆရာဝန်ပြပြီး ကုသမှုခံယူပါ။
ဇက်ကြောတောင့်တင်းခြင်း
အနီကွက်ဖြစ်ခြင်း
အော့အန်ခြင်း
အာရုံရှုပ်ထွေးခြင်း
စကားပြောသံ ဗလုံးဗထွေးဖြစ်ခြင်း
အဖျား 100.4°F (38°C)အထက်ရှိနေခြင်း
ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု လှုပ်ရှားမရခြင်း သို့မဟုတ်အမြင်အာရုံဆုံးရှုံးခြင်း တို့ကို သတိထားပါ။ ခေါင်းကိုက်တာ ၁၅ ရက်ကျော်လာတယ်ဆိုရင် နာတာရှည်ခေါင်းကိုက်ခြင်းဖြစ်နေနိုင်လို့ ဆရာဝန်နဲ့ကုသမှုခံယူသင့်ပါတယ်။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။