ကလေးကို သန်ချပေးဖို့လိုနေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာများ
hellosayarwon.com
|
2019-06-20

သန်ကောင် တုပ်ကောင်ဆိုတာ ခန္ဓာကိုယ်ပြင်ပကနေမမြင်ရတဲ့ ကပ်ပါးပိုးတွေပါ။ သန်လုံးကောင်၊

တုပ်ကောင် ၊ ချိတ်ပြားသန်ကောင်၊ ကြာပွတ်နဲ့တူတဲ့သန်ကောင်အစရှိသဖြင့်သန်ကောင်တုပ်ကောင်အမျိုးအစားတွေအများကြီးရှိပါတယ်။ ဒီလိုသန်ကောင်တွေရှိနေရင် ကိုယ့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ရင်သွေးလေးတွေကို မှန်မှန်သန်ချပေးဖို့လိုအပ်ပါတယ်။ ဒီမှာတော့ ဘယ်အချိန်တွေမှာဆိုရင် သန်ချဖို့လိုအပ်နေပြီလဲဆိုတာကို ဖော်ပြပေးထားပါတယ်။

ကလေးမှာ သန်ကောင်တွေရှိနေမှန်း ဘယ်လိုသိနိုင်မလဲ
သန်ကောင်တွေရှိနေတယ်ဆိုတာအများအားဖြင့်တော့ လက္ခဏာမပြတတ်ပါဘူး။ ပြခဲ့ရင်လည်း သိပ်မသိသာတာကြောင့်အမှုမဲ့အမှတ်မဲ့နေတတ်ကြပါတယ်။ သန်ချဖို့ဆိုတာ လူကြီးတွေတောင် မေ့လျော့နေတတ်တဲ့အရာဖြစ်နေတော့ ကလေးတွေမှာဆို သတိထားမိကြပါ့မလား။ ကူးစက်ရရှိထားတဲ့ သန်ကောင်ရဲ့အမျိုးအစားနဲ့အခြေအနေပြင်းထန်မှုတို့အပေါ်မူတည်ပြီး ကလေးမှာ

သန်ထတဲ့လက္ခဏာတွေ  ဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေရှိနေပြီဆိုရင် သန်ချဆေးတိုက်ဖို့ လိုအပ်နေပြီလို့ သတိရပါ ။ ကလေးမှာ -

ဗိုက်အောင့် ၊ဗိုက်နာဖြစ်တာ

ကိုယ်အလေးချိန် ကျတာ

မအီမသာဖြစ်ြ ပီး

ပျို့အန် တာ
ဝမ်းအနံ့ပြင်းတာ
ကောင်းကောင်းအိပ်မပျော်တာ( စအိုဝယားယံမှုကြောင့်)

ချောင်းဆိုး တာ၊အန်တာ (သန်ကောင်ပါလာတတ်တယ်)

သွေးအားနည်းလာတာ ၊အမောမခံနိုင်တာ (ချိတ်သန်ကောင်ကြောင့် ပြင်းထန်တဲ့အခြေအနေမှာ ဖြစ်တတ်ပါတယ်)
အစာစားချင်စိတ်မရှိတာ

ဝမ်းလျှောတာ ၊ ဝမ်းထဲမှာ သန်ကောင်ပါလာတာ

အာဟာရချို့တဲ့ တာ
ကလေးရဲ့စအိုဝ တဝိုက် ယားယံတာက တုပ်ကောင်ကြောင့်အဖြစ်များပါတယ်။ ညဘက်မှာ တုပ်ထတတ်ပြီး စအိုနားမှာ ဥဥတာကြောင့် ယားယံမှုကိုခံစားရတာဖြစ်ပါတယ်။

ဆီးအောင့်တာ ၊ ခဏခဏဆီးသွားတာ (သန်ကောင်ကူးစက်မှုကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း)
ကိုယ်ပူပြီး ချောင်းခြောက်ဆိုးတာ (သန်လုံးကောင်ဥတွေနဲ့ ထိတွေ့ကူးစက်ပြီး ၄ ရက်မှ ၁၆ ရက်အတွင်း ဖြစ်လာတတ်ပါတယ်)
ချောင်းဆိုး၊ တရွှီရွှီသံမြည်နေတာ (ချိတ်သန်ကောင်ကအဆုတ်ကိုထိခိုက်စေတဲ့အခါအသက်ရှူလမ်းကြောင်းပြဿနာဖြစ်တတ်ပါတယ်)
ဖြစ်ခဲတယ်ဆိုပေမယ့် သန်ကောင်အရမ်းများနေရင်အူထဲမှာ ပိတ်ဆို့မှုဖြစ်လာနိုင်ပါတယ်။

ကလေးရဲ့ဖွံ့ဖြိုးမှုမှာ သန်ကောင်ကြောင့် ဘယ်လိုသက်ရောက်မှုတွေဖြစ်လာနိုင်လဲ
ခဏတာဆိုရင်တော့ စိတ်ရှုပ်စရာလက္ခဏာတွေကလွဲပြီး သိပ်မဆိုးပေမယ့် မကုသဘဲ၊ မရှင်းပစ်ဘဲ ကြာလာရင်တော့ သန်ထတဲ့လက္ခဏာတွေပိုဆိုးလာနိုင်ပြီးအူလမ်းကြောင်းသွေးယိုခြင်း၊

အူလမ်းကြောင်း ပိတ်ခြင်းတွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒီလိုနဲ့အာဟာရချို့တဲ့ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးအားနည်းခြင်းတို့လို နောက်ဆက်တွဲတွေရှိလာနိုင်ပါတယ်။ သန်ရှိနေတဲ့ကလေးတွေမှာ

ကိုယ်ခံအားစနစ် က ထိခိုက်ထားတာကြောင့် နာမကျန်းဖြစ်လွယ်ပါတယ်။ သန်ကောင်တွေက

ဦးနှောက် ထဲထိ ဝင်ရောက်ပိတ်ဆို့ပြီဆိုရင်တော့အခြေအနေပြင်းထန်လာနိုင်ပါတယ်။



သန်မချတာ တာရှည်လာရင် ကလေးရဲ့ဖွံ့ဖြိုးမှုကို နှေးကွေးစေနိုင်တဲ့အပြင်

အာဟာရမပြည့်ဝမှုေ ကြာင့် ဦးနှောက်ဉာဏ်ရည်ပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့်အသက်နှစ်နှစ်ပြည့်ပြီးတဲ့ကလေးတွေကို ခြောက်လတစ်ကြိမ် သန်ချပေးဖို့ မမေ့ပါနဲ့။



သန်ပြားကောင်၊သန်လုံးကောင်၊ချိတ်သန်ကောင် မကျန် သန်ကောင်ဆိုရင်အမြစ်ပြတ်ဖယ်ရှားပေးနိုင်တဲ့ ဖူဂါကာ (Fugacar) ကိုသာအားကိုးလိုက်ပါ။ Mebendazole 500 mg ပါဝင်တဲ့  ဖူဂါကာ (Fugacar) ဆေးတစ်လုံးကို ဝါးစားလိုက်တာနဲ့ သန်ကောင်၊ တုပ်ကောင်တွေအားလုံး တစ်ပါတည်းရှင်းလင်းနှိမ်နင်းနိုင်မှာပါ။အသီးနံ့မွှေးမွှေးလေးနဲ့ဆိုတော့ ကလေးအတွက်လည်းအဝင်မဆိုးတော့ဘူးပေါ့။  ဖူဂါကာကိုအစာရှိရှိ၊ မရှိရှိ  သောက်လို့ရပါတယ်။ သန်ထတဲ့လက္ခဏာပြင်းထန်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူပါ။

Hello Health Group  သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


#ကောင်
#လက္ခဏာ
#ချိတ်
#ကလေး
#ဖွံ့ဖြိုးမှု

Some text some message..