အသက် ၁၈ နှစ်နောက်ပိုင်းမှာအရပ်ထပ်ရှည်ချင်တယ်ဆိုရင် ဒါတွေလုပ်ကြည့်ပါ။ ။
hellosayarwon.com
|
2019-06-24


  ကိုယ့်အရပ်ကို စိတ်တိုင်းမကျ ဖြစ်တဲ့အခါတိုင်း

အရပ်ရှည်ေ အာင် ဘာတွေလုပ်ရမလဲလို့ သူများကို မေးဖူးတဲ့သူတွေရှိကြမှာပါ။အဲဒီမှာအများစုပြန်ဖြေကြတာကတော့အသက် ၁၈ နှစ်ကျော်သွားရင်အရပ်ဆက်ရှည်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ ဒါတကယ်ပဲလား၊အရပ်ထပ်ရှည်အောင် ဘာမှ လုပ်လို့မရတော့ဘူးလား။  ။ ဒီနေရာမှာ ပြောစရာတစ်ခုတော့ရှိပါတယ်။ ကိုယ့်မျိုးရိုးကအရပ်ပုတဲ့မျိုးရိုးဖြစ်နေရင် ၊အဖေရောအမေရောအရပ်ပုနေရင် ကိုယ့်ကျမှ ထူးပြီး ရှည်လာစရာအကြောင်းတော့မရှိပါဘူး။ ဒါပေမယ့် မိဘနှစ်ပါးမှာ တစ်ယောက်ကအရပ်ရှည်နေမယ်၊အမျိုးတွေကလည်းအရပ်ပုတဲ့အထဲ မပါဘူးဆိုရင်တော့ ၁၈ နှစ်နောက်ပိုင်းမှာအရပ်ထပ်ရှည်လာဖို့လို မျှော်လင့်လို့ရပါသေးတယ်။အရပ်ရှည်လာပါစေဆိုပြီး ထိုင်ပြီး ဆုတောင်းနေရုံနဲ့တော့ ဘာမှ ဖြစ်မလာမှာ သေချာတာမို့ ကိုယ့်ဘက် က နည်းနည်း အားစိုက်ရမယ့်အပိုင်းလေးတွေရှိပါတယ်။ ဒီတော့ ကိုယ်ကလည်းအသက် ၁၈ နှစ်ကျော်နေပြီ ကိုယ့်အရပ်ကိုလည်း စိတ်တိုင်းမကျဘူးဆိုရင် ထပ်ပြီးအရပ်ရှည်လာအောင် ဒါလေးတွေ လုပ်ကြည့်ပါ။

အစားကို သေချာရွေးစားပါ ။ ။
ကိုယ်ခန္ဓာရဲ့

ကြီးထွားဖွံ့ဖြိုးမှု အားလုံးဟာအစားအသောက်ပေါ်မှာ ၁၀၀ ရာခိုင်နှုန်းမှီခိုနေတာပါ။ ဒီတော့အရပ်ရှည်စေတဲ့အစားအသောက်တွေ များများစားပါမှ ကြီးထွား ဟော်မုန်းတွေပါ လှုံ့ဆော်ပေးသလိုဖြစ်လို့ ပုနေတဲ့အရပ် ရှည်ထွက်လာမှာပါ။ ဒီတော့ဘယ်လိုအစားအသောက်တွေ စားရမှာလဲ ။

ကယ်လ်ဆီယ မ်ကြွယ်ဝတဲ့အစားစားများ - ခေါင်းတစ်ရာသား၊အရိုးပြုတ်ဟင်းချို

ဗီတာမင် D -အရိုးကျန်းမာရေးအတွက် ကယ်လ်ဆီယမ်နဲ့ တူတူပေါင်းအလုပ်လုပ်တဲ့ ဗီတာမင် D ကို မနက်ပိုင်းနေရောင်ခြည်ခံပေးတာနဲ့တင်ရပါတယ်။

ဗီတာမင် B1 –အမဲသား၊အသဲအမြစ် ၊အုတ်ဂျုံ ဇင့် -အစေ့အဆံများ၊ ကောက်ပဲသီးနှံအမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေဟာအရှည်တဲ့ဖြစ်စဉ်ကို ကူညီပေးတဲ့အ စားအသောက်တွေပါ။

မနက်စာ မှန်မှန်စားပါ ။ ။
လူတိုင်းအမှတ်မှားနေကြတဲ့ ကိစ္စတစ်ခုက မနက်စာမစားရင် ကိုယ်အလေးချိန်ကျတယ်ဆိုတာပါပဲ။ တကယ်တော့မှားနေပါတယ်။ မနက်စာမစားရင် ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်မယ့်အပြင်အစာအိမ်ရောဂါတောင်ရနို်င်ပါသေးတယ်။ ဒါ့အပြင် ကြီးထွားဖို့အတွက် လိုအပ်တဲ့အာဟာရတွေကိုတောင် မရတော့လို့မနက်စာ မှန်မှန်မစားတဲ့သူတစ်ယောက်ဟာအရပ်ထပ်ရှည်ဖို့ မဖြစ်နိုင်ပါဘူး။

လေ့ကျင့်ခန်းလုပ်ပါ ။ ။
ကြွက်သားတွေကို ဆွဲဆန့်ပေးနိုင်တဲ့ လေ့ကျင့်ခန်းတွေဟာ အရပ်ရှည်ချင်တဲ့သူတစ်ယောက်အတွက်အရေးပါလှတဲ့ လေ့ကျင့်ခန်းတွေပါ။အဲထဲမှာအထူးခြားဆုံးကတော့ ဘားတန်းခိုပြီး ဘားတန်းပေါ် ခေါင်းရောက်အောင်တင်တာနဲ့၊ ခြေဖျားထောက်ပြီး မတ်တပ်ရပ်တာ နဲ့

ယောဂေ လ့ကျင့်တာတို့ ဖြစ်ပါတယ်။

အိပ်ရေးဝဝအိပ်ပါ။
အိပ်ချိန်အပြောင်းအလဲကလည်း ကြီးထွားစေတဲ့ ဟော်မုန်းအပေါ်ကိုအများကြီးသက်ရောက်တဲ့အရာတစ်ခုပါ။ တစ်ရက်ကို ၈နာရီကနေ ၁၀ နာရီအထိအိပ်ပေးမှ ကိုယ်ခန္ဓာက ကြွက်သားတွေ ပြေလျော့သွားပြီး ဆန့်နိုင်မှာဖြစ်လို့အရပ်ရှည်ထွက်လာမှာပါ။

အားကစားတစ်ခုခု လိုက်စားပါ။
အားကစားသမားတွေထဲမှာ သေးသေးကွေးကွေး ဘယ်နှစ်ယောက်များ တွေ့ဖူးပါလဲ။အားကစားသမားတွေကို ကြည့်လိုက်ရင်အရပ်တွေအရှည်ကြီး လူကောင်တွေအကြီးကြီးတွေ များပါတယ်။ ဘက်စ်စကက်ဘော သမားတွေဆိုပိုပြီးရှည်တာပေါ့။ ဒီနိုင်ငံမှာက ဘက်စ်စကက်ဘောကိုအားကစားက သိပ်ပြီး မတွင်ကျယ်သေးတာကြောင့်အရပ်ရှည်တဲ့အားကစားတစ်ခုခု လိုက်စားချင်ရင် ကြက်တောင်ရိုက်တာတို့၊

ရေကူး တာတို့ လုပ်ပေးလို့ရပါတယ်။

ခါးကိုမတ်မတ်ထားပါ.။
ထိုင်တဲ့အချိန်မှာ ခါးကိုကုန်းပြီးထိုင်တာမျိုး၊ ပျင်းတွဲတွဲနဲ့ နောက်လျှောထိုင်နေတာမျိုးတွေကအရပ်ရှည်ဖို့အတွက် နှောင့်ယှက်နေတဲ့အရာတွေပါ။အရပ်ကလေး ဆန့်ဆန့်ရှည်ထွက်ဖို့ဆိုရင်တော့ ခါးကိုမတ်မတ်ထားပြီ ထိုင်တဲ့အကျင့်ကို မွေးရပါမယ်။

ဆေးလိပ်အရက်တို့ကနေ ဝေးဝေးရှောင်ပါ ။ ။
ဆေးလိပ်တို့

အရက် တို့ဆိုတာ ကိုယ်ခန္ဓာအတွက် ဆိုးကျိုးတွေပဲ ပေးတယ်ဆိုတာအားလုံးသိပြီးကြပြီးဖြစ်မှာပါ။  ဆယ်ကျော်သက်အရွယ်တည်းက ဆေးလိပ်တွေအရက်တွေ သောက်တတ်နေပြီဆိုရင်တော့ ရှည်ထွက်ဖို့တာဆူနေတဲ့အရပ်လည်း တန့်သွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ကအရပ်ရှည်ချင်ရင် ဆေးလိပ်အရက်တို့နဲ့ ဝေးဝေးရှောင်ပါ ။ ။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။        


#အရပ်
#ရှည်
#မနက်စာ
#ဆေးလိပ်
#ဘားတန်း

Some text some message..