အမြဲတမ်းပင်ပန်းနေသလို ခံစားရခြင်းနောက်ကွယ်ကအကြောင်းရင်းများ
shwemom.com
|
2019-06-24

လူတွေဟာအလုပ်အလွန်အကျွံလုပ်ပါများတဲ့အခါ ပင်ပန်းနွမ်းနယ်တာကို ခံစားရလေ့ရှိပါတယ်။အလုပ်ပင်ပန်းတဲ့အပြင်အအိပ်ပျက်၊အစားပါပျက်တဲ့အခါ ကျန်းမာရေးထိခိုက်ကြရပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေမှာတော့အအိပ်ပျက်တာလည်းမဟုတ်ပဲ လူကပင်ပန်းနွမ်းနယ်နေတာမျိုး ခံစားရလေ့ရှိပါတယ်။အမြဲတမ်း ပင်ပန်းနေသလို ခံစားရတယ်၊အိပ်ရာနိုးလာတာတောင် လူက ပင်ပန်းနေသလို ခံစားရပြီးဆက်တိုက် ထပ်အိပ်ချင်နေတယ်ဆိုရင်တော့အောက်ဖော်ပြပါအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ကြောင်း Shared ကနေ ဖော်ပြပေးလိုက်ပါတယ်။

စိတ်ကျဝေဒနာ ဖြစ်နေတာ

Shutterstock/ YAKOBCHUK VIACHESLAV

စိတ်ဖိစီးတာ၊ စိတ်ကျဝေဒနာဖြစ်နေတာကလည်း တစ်ချိန်လုံးပင်ပန်းနေခြင်းရဲ့အကြောင်းရင်းဖြစ်နိုင်ပါတယ်။ မနက်မိုးလင်းတော့လည်းအိပ်ရာက မထချင်တာ၊ ညဘက်တွေမှာဆိုရင်လည်းအတွေးကမ္ဘာထဲမျောပြီး ကောင်းကောင်းအိပ်မပျော်တာတွေကြောင့် နေ့ဘက်အချိန်တွေအလုပ်လုပ်တဲ့အခါ ပင်ပန်းနေသလို ခံစားနေရပါတယ်။

အစားအသောက်နဲ့ ဓာတ်မတည့်တာ

Shutterstock/ Orawan Pattarawimonchai

တကယ်လို့ လူတစ်ယောက်ဟာအာဟာရပြည့်ပြည့်၀၀ မစားဘူး၊ တချို့အစားအသောက်တွေကျပြန်တော့လည်း ခန္ဓာကိုယ်နဲ့ ဓာတ်မတည့်လို့ မစားရဘူးဆိုရင် ကြာလာတဲ့အခါအားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်လာတတ်ပါတယ်။ တကယ်လို့အဆင်သင့်အစားအစာတွေ၊ ပြုပြင်စီမံထားပြီးသားအစားအစာတွေကို စားမယ်ဆိုရင်တော့ ထိုအစားအသောက်တွေထဲကပါလာတဲ့ လူ့အတွက် ဆိုးကျိုးဖြစ်စေတဲ့ ပရိုတိန်းတွေဟာ သွေးထဲရောက်သွားနိုင်ပါတယ်။ ဒီလိုကနေတဆင့် ကိုယ်တွင်းအင်္ဂါတွေထဲမှာ ရောင်ယမ်းမှုကို ဖြစ်ပွားစေပါတယ်။ ရလဒ်တွေအနေနဲ့ စိတ်အပြောင်းအလဲမြန်တာ၊ လေပွတာနဲ့ ခန္ဓာကိုယ်မအီမသာဖြစ်တာတွေ ရှိတတ်ပါတယ်။

ပိတ်ရက်တွေမှာ မတရားအိပ်တာ

Shutterstock/ AJR_photo

လူအများစုဟာ စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာအလုပ်အားတဲ့အတွက်အနားယူကြပါတယ်။ နေ့လည်ခင်း ထမင်းစားသောက်ပြီးချိန်ဆို ဘယ်သူမဆို တမှေးလောက်တော့အိပ်စက်ချင်ကြတာပါ။ ဒါပေမယ့် တမှေးလောက်အိပ်တာက ကိစ္စမရှိပေမယ့် နာရီပေါင်းများစွာအကြာကြီးအိပ်မိရင်တော့ မကောင်းပါဘူး။ တစ်ချို့ကျတော့လည်း ကြားရက်တွေထဲမှာ ကောင်းကောင်းမအိပ်ခဲ့ရတာတွေကိုအတိုးချပြီး ပိတ်ရက်တွေမှာအိပ်ချိန်ပြန်ဖြည့်တင်းဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအိပ်တာဟာ တကယ်တမ်းတော့ ဇီဝအိပ်ချိန်နရီဇယားပေါ်မှာ ဆိုးဝါးတဲ့ သက်ရောက်မှုရှိနိုင်ပြီး လူက ဘယ်လောက်ပဲအိပ်ထားထားအိပ်ရေးမဝသလိုမျိုးကြီး ခံစားရနိုင်ကြောင်းနဲ့ ပိုမိုပင်ပန်းနွမ်းနယ်တတ်ကြောင်း ဆရာဝန်တစ်ယောက်က ဆိုပါတယ်။

နာတာရှည်ရောဂါဖြစ်နေတာ

Shutterstock/ puhhha

အဆစ်အမြစ်တွေကိုက်ခဲတာ၊ သိုင်းရွိုက်ဂလင်းနဲ့ ဆက်စပ်တဲ့ပြဿနာရှိနေတာ၊ သွေးအားနည်းတာ၊ လေးဘက်နာရောဂါရှိတာ ဒီလိုရောဂါရှိနေတဲ့လူတွေဟာ သာမန်လူတွေထက် ပိုအိပ်တတ်ပါတယ်။ သူတို့အနေနဲ့ ခန္ဓာကိုယ်တစ်ကိုယ်လုံးဟာ ကိုက်ခဲနာကျင်ပြီး ပင်ပန်းနေတတ်တာကြောင့် ဒါကိုအားပြန်ဖြည့်ပေးဖို့အတွက် လုံလောက်အောင်အနားယူဖို့လိုအပ်နေတာ ဖြစ်ပါတယ်။

သွေးအားနည်းရောဂါ ဖြစ်နေတာ

Shutterstock/ Casa nayafana

သွေးအားနည်းရောဂါရှိနေရင်လည်း လူက တစ်ချိန်လုံးပင်ပန်းနေသလို ဖြစ်တတ်ပါတယ်။ သွေးအားနည်းတဲ့လက္ခဏာရှိ မရှိဆိုတာကို သွေးစစ်ကြည့်ရင် သိနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲက သွေးကအောက်ဆီဂျင်ကို ကောင်းကောင်းမသယ်ယူနိုင်ဘူး၊ တစ်နေရာကနေ တစ်နေရာကို ကောင်းကောင်းမပို့ပေးနိုင်ဘူးဆိုရင် သွေးအားနည်းရောဂါ ဖြစ်ပွားပြီး များသောအားဖြင့် သံဓာတ်ချို့တဲ့လို့ ဖြစ်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)


#ပိတ်ရက်
#အိပ်ချိန်
#ခန္ဓာကိုယ်
#အစားအသောက်
#ရောဂါ

Some text some message..