Bladder Stone (ဆီးအိတ်ကျောက်တည်ခြင်း)
hellosayarwon.com
|
2019-06-27

Bladder stones ဆိုတာဘာလဲ။
ဆီးအိမ်ကျောက်တည်ခြင်းဟာ ဆီးအိမ်အတွင်းမှာ သတ္တုအပိုင်းအစလေးတွေ ရှိနေခြင်း ဖြစ်ပါတယ်။ ဆီးအိမ်ကျောက်တည်ခြင်းဟာ ဆီးအိမ်က ဆီးတွေကို ကုန်စင်အောင်မထုတ်တာကြောင့် ဆီးတွေက ဆီးအိမ်အတွင်း စုပြီး ကျောက်ဖြစ်လာခြင်းဖြစ်ပါတယ်။  

Bladder stones ဟာ ဘယ်လောက်ထိအဖြစ်များသလဲ။
ဒီအခြေအနေဟာ ဆီးပုံမှန်မသွားတဲ့သူတွေမှာအဖြစ်များပါတယ်။ ဒါပေမယ့်အသက် ၅၀ကျော်အမျိုးသားတွေမှာအဖြစ်အများဆုံး ဖြစ်ပြီးအမျိုးသမီးတွေမှာအဖြစ်နည်းပါတယ်။  

ရောဂါလက္ခဏာများ။
Bladder stones ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
Bladder stones ရဲ့အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
ဗိုက်အောက်ပိုင်းနာခြင်း၊အလွန်နာကျင်ခြင်း၊အမျိုးသားတွေမှာ လိင်တံနာကျင်ခြင်း ဖြစ်နိုင်ပါတယ်။
ဆီးသွားစဉ် ခက်ခဲခြင်း၊ နာကျင်ခြင်း
ဆီး မကြာခဏသွားခြင်း (အထူးသဖြင့် ညအချိန်)
အရောင်ရင့်သော ဆီးသွားခြင်း
ဆီးအတွင်း သွေးပါခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။   ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင်အထူးသဖြင့် ရေရှည် ဗိုက်အောင့်ခြင်း၊ ဆီးမကြာခဏသွားခြင်းနဲ့ ဆီးအတွင်း သွေးပါခြင်း ရှိခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သင့်အခြေအနေရဲ့ ရောဂါရှာဖွေဖို့အတွက် မသေချာရင် ဆရာဝန်ကို ပြသတာအကောင်းဆုံးဖြစ်ပါတယ်။  

ဖြစ်ပွားမှုအကြောင်းရင်းများ။
ဘာတွေက Bladder stones ဖြစ်ပွားစေသလဲ။
ဆီးအိမ်ကျောက်တည်ခြင်းဟာ ဆီးအိမ်မှ ဆီးအကုန်မထုတ်တဲ့အခါ ဖြစ်ပွားနိုင်ပါတယ်။ ဆီးအတွင်းမှာ ရှိတဲ့ သတ္တုဓါတ်တွေဟာ ကျောက်ဖြစ်လာပါတယ်။ ဆီးအိမ်ကျောက်တည်ခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းများစွာ ရှိပါတယ်။
ဆီးကျိတ်ကြီးခြင်း -အမျိုးသားတွေမှာ ဆီးကျိတ်ကြီးခြင်းဟာ ဆီးသွားခြင်းကို ပိတ်ဆို့ပြီး ဆီးအိမ်အတွင်း ဆီးကျန်စေပါတယ်။
Neurogenic bladder -အာရုံကြောတွေဟာ ဦးနှောက်မှ စေခိုင်းချက်တွေကို ဆီးအိမ်ကြွက်သားတွေဆီကို ပို့ဆောင်ပေးပါတယ်။ တကယ်လို့ ဒဏ်ရာရခဲ့ရင် (သို့) ပျက်စီးနေရင် ဆီးအိမ်ကောင်းကောင်းအလုပ်လုပ်မှာ မဟုတ်ပါဘူး။
ရောင်ရမ်းခြင်း - ဆီးအိမ်ရောင်ရမ်းခြင်းကြောင့်လည်း ကျောက်တည်နိုင်ပါတယ်။
ကျောက်ကပ်ကျောက်တည်ခြင်း - သေးငယ်တဲ့ ကျောက်ကပ်ကျောက်တွေဟာ ဆီးအိမ်အတွင်းကို ဆီးပြွန်တွေမှတစ်ဆင့် ဆင်းလာပြီး ဆီးကျောက်တည်စေနိုင်ပါတယ်။ Cyscotele -  အမျိုးသမီးတွေမှာ ဆီးအိမ်နံရံဟာအားနည်းပြီး မိန်းမကိုယ်အတွင်းဆင်းလာတာကြောင့် ဆီးသွားခြင်းကို ပိတ်ဆို့ကာ ဆီးကျောက်တည်စေနိုင်ပါတယ်။  

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့်အကြောင်းရင်းများ။
ဘယ်အရာတွေက Bladder stones ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။
Bladder stones ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။ ဥပမာအားဖြင့်
အသက်နဲ့ လိင် - ဆီးကျောက်တွေဟာအမျိုးသမီးတွေထက်အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။
အကြောသေခြင်း - ကျောရိုးမ ထိခိုက်မိသူ၊ တင်ပါးဆုံကြွက်သား ထိန်းသိမ်းတဲ့ ကြွက်သား ပျောက်ဆုံးမှုတွေဟာ ဆီးအိမ်ကို ဆီးအကုန်မထုတ်စေနိုင်ပါဘူး။
ဆီးအိမ်ထွက်ပေါက် ပိတ်ဆို့ခြင်း - ဆီးသွားခြင်းကို ပိတ်တဲ့အကြောင်းရင်းများစွာ ရှိပါတယ်။အဖြစ်အများဆုံးကတော့ ဆီးကျိတ်ကြီးခြင်းပဲဖြစ်ပါတယ်။ Bladder expansion surgery - ဆီးမထိန်းနိုင်ခြင်းကို ကုသတဲ့ ခွဲစိတ်မှုအပြီးအမျိုးသမီးတွေမှာ ဆီးကျောက်တည်နိုင်ပါတယ်။  

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း
ယေဘူယျအသိပေးချက် - ယခုဖော်ပြထားသည့်အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏အကြံပေးချက်များနေရာတွင်အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံအမြဲတိုင်ပင်ဆွေးနွေးပါ။
Bladder stones ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။
ဆီးကျောက်တည်ခြင်းကို စစ်ဆေးမှုမျိုးစုံနဲ့ တွေ့ရှိနိုင်ပါတယ်။
စမ်းသပ်စစ်ဆေးခြင်း - သင့်ဆရာဝန်က ဆီးအိမ်ကြီးနေလားဆိုတာကို ဝမ်းဗိုက်အောက်ပိုင်းကို လက်တင်ပြီး စမ်းနိုင်ပါတယ်။ စအိုကို စမ်းသပ်ပြီး ဆီးကျိတ်ကို စစ်ဆေးနိုင်ပါတယ်။
Urinalysis - ဆရာဝန်က ဆီးအတွင်းမှာ သွေး၊ ဘက်တီးရီးယားတွေပါမပါ ဆီးယူပြီး စစ်ဆေးနိုင်ပါတယ်။
CT scan နဲ့ X-rays – X-rays ပုံတွေနဲ့ CT scan လုပ်ခြင်းဟာအင်္ဂါတွေကို စစ်ဆေးနိုင်ပါတယ်။
Ultrasound -အသံလှိုင်းမှတစ်ဆင့် ကိုယ်အင်္ဂါတွေကို စစ်ဆေးခြင်းဖြစ်ပါတယ်။ Intravenous pyelogram - သင့်ဆရာဝန်က သွေးပြန်ကြောအတွင်းကိုအရည်ထိုးထည့်ပေးပြီး ကျောက်ကပ်နဲ့ ဆီးအိမ်ကို ဖြတ်သန်းစေမှာ ဖြစ်ပါတယ်။  

Bladder stones ကို ဘယ်လိုကုသလဲ။
တကယ်လို့ ဆီးအိမ်ကျောက်တွေဟာ သေးငယ်နေရင် ဒီကျောက်တွေကို ကိုယ်ခန္ဓာမှ သဘာဝအတိုင်းထုတ်နိုင်အောင် ရေများစွာ သောက်သင့်ပါတယ်။ တကယ်လို့ သူတို့ဟာ ကြီးလွန်းပြီး ဆီးအိမ်အတွင်းပိတ်မိနေတယ်ဆိုရင် ခွဲစိတ်ခြင်းနဲ့ ကျောက်တွေကို ခွဲကာ ဖယ်ရှားခြင်း ပြုလုပ်နိုင်ပါတယ်။ ဆီးကျောက်တွေကို ခွဲခြင်း Cystolitholapaxy လို့ ခေါ်တဲ့ ကုသမှုမှာတော့ ဆရာဝန်က ဆီးပြွန်ထဲကို သေးငယ်တဲ့ ပြွန်တစ်ခုထည့်မှာဖြစ်ပါတယ်။အပေါက်ဝက လိင်တံအဆုံး (သို့) မိန်းမကိုယ်ပေါ်မှာ ရှိမှာဖြစ်ပါတယ်။ ဆရာဝန်က ကင်မရာမှတစ်ဆင့် ကျောက်တွေကို မြင်နိုင်မှာဖြစ်ပြီး လေဆာ၊ Ultrasound၊ ကိရိယာတစ်ခုခုအသုံးပြုကာ ဖယ်ရှားမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်မှုမှာ ထုံဆေးလိုအပ်ပါတယ်။ ဒီကုသမှုရဲ့ ဆိုးကျိုးတွေကတော့ ရှားပါးပါတယ်။ ဒါပေမယ့် တခါတရံမှာ ဆီးအိမ်နံရံပြဲခြင်းနဲ့ ရောဂါပိုးဝင်ခြင်းတွေဖြစ်နိုင်ပါတယ်။ ရောဂါပိုးဝင်ခြင်းကို လျှော့ချဖို့ ပိုးသတ်ဆေးကို ကြိုသောက်သင့်ပါယတ်။ ခွဲစိတ်ပြီး ကျောက်ဖယ်ခြင်း တကယ်လို့ ကျောက်တွေဟာ ခွဲဖို့အတွက် ကြီးလွန်းနေရင် ခွဲစိတ်ပြီး ထုတ်နိုင်ပါတယ်။ ဆရာဝန်က ဗိုက်ကိုခွဲပြီး ကျောက်တွေကို ထုတ်မှာဖြစ်ပါတယ်။  

လူနေမှုပုံစံပြောင်းလဲခြင်းနှင့်အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Bladder stones ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့အိမ်သုံးကုထုံးများက သင့်အနေဖြင့် Bladder stones ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
ဆီးပျစ်ခြင်းကို ကာကွယ်ဖို့အတွက် တစ်နေ့မှာအနည်းဆုံး ရေ ၂ လီတာကနေ ၃ လီတာအထိ သောက်နိုင်ပါတယ်။
နှောင့်နှေးခြင်း မရှိပဲ ဆီးအိမ်ထဲမှ ဆီးကို ပုံမှန်ထုတ်သင့်ပါတယ်။
တကယ်လို့ ဆီးအိမ်အတွင်းမှာ ဆီးမကုန်သေးဘူးထင်ရင် ပထမတစ်ခါအပြီး ၁၀-၂၀ စက္ကန့်အတွင်းမှာ ဒုတိယအကြိမ် ထပ်မံကြိုးစားသင့်ပါတယ်။
ဝမ်းချုပ်နေရင် ဝမ်းပျော့ဆေးတွေကိုအသုံးပြုနိုင်ပါတယ်။ အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။  


#ဆီးအိမ်
#ကျောက်
#ဆရာဝန်
#ခြင်း
#လက္ခဏာ

Some text some message..