ဆီးစွန့်ပြွန်ကျဉ်းခြင်းနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သောအချက်(၅)ချက်
hellosayarwon.com
|
2019-06-27


သင့်ဆီးလမ်းကြောင်းမှ သွေးဒါမှမဟုတ် မူမမှန်တဲ့အရည်တွေ ထွက်လာဖူးပါသလား။အဒါဆိုရင်တော့ သင် ဆီးလမ်းကြောင်းကျဉ်းခြင်းကို ခံစားနေရတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်းကျဉ်းခြင်းနှင့် ပတ်သက်တဲ့အချက်၅ချက်ကို ဖော်ပြပါ့မယ်။

ဆီးလမ်းကြောင်းကျဉ်းတယ်ဆိုတာ ဘာလဲ။
ဆီးလမ်းကြောင်းကျဉ်းတယ်ဆိုတာ ဆီးကိုခန္ဓာကိုယ်အပြင်ဘက် စွန့်ထုတ်ဖို့ ပို့ဆောင်ပေးသောပြွန် ကျဉ်းနေတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။အဲဒီပြွန်က သင့်ဆီးအိမ်နဲ့ ခန္ဓာကိုယ်အပြင်ဘက်ကို ဆက်သွယ်ပေးထားပါတယ်။ ဆီးလမ်းကြောင်းကျဉ်းတယ်ဆိုဟာ မိန်းမတွေထက် ယောက်ျားတွေမှာ ပိုအဖြစ်များပါတယ်။ ယင်းအခြေအနေကနေ ပိုဆိုးတဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ ကျောက်ကပ်ရောဂါတွေအထိ ဖြစ်သွားတတ်ပါတယ်။

ဆီးလမ်းကြောင်းကျဉ်းရသည့်အကြောင်းအရင်းများ
ဆီးလမ်းကြောင်းကျဉ်းတာဟာ ဆီးပြွန်အတွင်းမှာအသားတက်လာတာကြောင့်ဖြစ်ပါတယ်။ ခွဲစိတ်မှုခံယူခဲ့ခြင်းကြောင့် ဒါမှမဟုတ် ရောဂါအနာတရ ရခဲ့လို့အသားတက်ရတာပါ။ ဖြစ်တောင့်ဖြစ်ခဲကတော့ ဆီးလမ်းကြောင်းမှာအကျိတ် ဖြစ်တာပါပဲ။

ဆီးလမ်းကြောင်းကျဉ်းစေတဲ့အခြေအနေတွေကတော့
• လိင်မှတစ်ဆင့်ကူးစပ်တတ်သော ရောဂါများ ခံစားနေရခြင်း • ဆီးပြွန်ထဲသို့ ကိရိယာများ ထည့်သွင်းရခြင်း ဥပမာ- ဆီးလမ်းကြောင်းအား စစ်ဆေးရန် မှန်ပြောင်းထည့်သွင်းခြင်း ဒါမှမဟုတ် ဆီးပိုက်ထည့်ခြင်း ကဲ့သို့သော လုပ်ငန်းစဉ်များ ခံယူခဲ့ခြင်း။ • ဆီးလမ်းကြောင်း ဒါမှမဟုတ် တင်ပါးဆုံ နေရာတွေမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း • ဆီးလမ်းကြောင်းတွင် ကင်ဆာဖြစ်နေခြင်း • ဆီးကျိတ်ရောဂါများကြောင့် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ဖူးခြင်း တို့ဖြစ်ပါတယ်။ ရှားရှားပါးပါး တချို့ကလေးတွေကတော့ မွေးရာပါ ဆီးလမ်းကြောင်းကျဉ်း နေတတ်ပါတယ်။

ဆီးလမ်းကြောင်းကျဉ်းခြင်းရဲ့ လက္ခဏာများ
သင့်ဆီးလမ်းကြောင်းကျဥ်းနေပြီဆိုလျှင်အောက်ဖော်ပြပါ လက္ခဏာတွေကို ခံစားရမှာပါ။ • ဆီးမှာသွေးပါလိမ့်မယ်။ ဆီးကနဂိုထက်အရောင်ရင့်နေလိမ့်မယ်။ • ဆီးသွားတာ နှေးသွားလိမ့်မယ်။ ယင်းအခြေအနေက ဖြည်းဖြည်းခြင်း ဖြစ်နိုင်သလို ရုတ်ချည်းလည်း ဖြစ်သွားနိုင်ပါတယ်။ • ခဏခဏ ဆီးသွားချင် နေလိမ့်မယ်။ • ဆီးသွားတဲ့အခါ နာကျင်နေလိမ့်မယ်။ • ဆီးမထိန်းနိုင်ပဲ ဖြစ်နေလိမ့်မယ်။ • ဆီးသွားတဲ့အခါ မကုန်သလို ဆီးသွားပြီးချိန်ထိလည်း ဆက်ထွက်နေလိမ့်မယ်။ • သင့်တန်ဆာကနေ ထွက်နေကျမဟုတ်တဲ့အရည်တွေ ထွက်နေလိမ့်မယ်။ • ဝမ်းဗိုက်နဲ့ တင်ပါးဆုံနေရာတွေမှာ နာကျင်နေလိမ့်မယ်။ • ဆီးသွားတဲ့အခါ ရေပန်းသလို ဖွာထွက်နေလိမ့်မယ်။ • ယောက်ျားတန်ဆာဟာ ရောင်နေလိမ့်မယ်။ ဖော်ပြပါ လက္ခဏာတွေကို မှတ်သားထားပြီး ဆရာဝန်ပြတဲ့အခါ ပြန်ပြောပြပေးပါ။

ဆီးလမ်းကြောင်းကျဉ်းခြင်းကို ကုသခြင်း။
ဆီးပြွန်ကို ကိရိယာအသေးစားလေးနဲ့ ချဲ့ပေးနိုင်ပါတယ်။ ထိုကုသမှု မပြုလုပ်ခင် ထုံဆေးပေးပါတယ်။ တစ်ခါတစ်လေအိမ်မှာတင် ကုသပျောက်ကင်း နိုင်ပါတယ်။ ယင်းကုသမှုအလုပ်မဖြစ်ပါက ခွဲစိတ်ရပါလိမ့်မယ်။ ဘယ်လိုခွဲစိတ်မှုမျိုးလုပ်ရမလဲ ဆိုတာကတော့ ကျဉ်းနေတဲ့ဆီးလမ်းကြောင်းရဲ့အရှည်နဲ့နေရာပေါ်မှာ မူတည်ပါတယ်။ ကျဉ်းနေတဲ့အပိုင်းကို ချဲ့နိုင်သလို ဖြတ်ထုတ်ကာ ပြန်ဆက်နိုင်ပါတယ်။ ကျဉ်းနေတဲ့အပိုင်းက ရှည်နေပါလျှင် ထိုအပိုင်းကို ဖယ်ရှားကာ ဆီးပြွန်ကို ပြန်လည်ဖန်တီး ပေးပါလိမ့်မယ်။ ဆေးဝါးနဲ့ကုသလို့ မပျောက်ကင်း နိုင်ပါဘူး။ ခွဲစိတ်ကုသခြင်းနဲ့ ဆီးပြွန်ချဲ့ ခြင်းအလုပ်မဖြစ်ပါက ဆီးပိုက်ထည့်ပြီး ဆီးများကိုအပြင်ထုတ်ပေးနိုင်ပါသေးတယ်။

ဆီးပြွန်ကျဉ်းတာကို ဘယ်လို ကာကွယ်မလဲ။
ထပ်တိုးရောဂါတွေမဖြစ်အောင် စိတ်ချလုံခြုံတဲ့ လိင်ဆက်ဆံခြင်း ဖြစ်ရပါမယ်။အဲဒါမှ လိင်မှတစ်ဆင့် ရောဂါကူးစက်ခြင်း ကို လျော့ချပေးနိုင်မှာပါ။ • လိင်ဆက်ဆံစဉ် ကွန်ဒုံးအသုံးပြုပါ။ • ယောကျ်ားမိန်းမ မပွေရှုပ်ပါနဲ့။ ကိုယ့်အဖော်မှာ ရောဂါ ရှိလားမရှိဘူးလား မသိ နိုင်ပါဘူး။ • ကိုယ့်အဖော်မှာ HIV၊အသည်းရာင်အသားဝါ ဘီ နဲ့အခြားသော လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရှိမရှိ မေးပါ။ • လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါတွေရဲ့ လက္ခဏာတွေ ကို သိရှိနားလည်အောင်လုပ်ပါ။ ထိုလက္ခဏာရှိတဲ့လူတွေနဲ့ မဆက်ဆံမိအောင်နေပါ။

သင့်တွင် ဆီးလမ်းကြောင်း ကျဉ်းနေပါကအချိန်မီ ကုသပေးပါ။
ဆီးလမ်းကြောင်း ကျဉ်းတယ်ဆိုဟာ ဆီးကိုခန္ဓကိုယ်အပြင်ကို စွန့်ထုတ်ပေးသေပြွန် ကျဉ်းနေခြင်းခေါ်ပါတယ်။ ယင်းရောဂါဖြစ်နေလျှင် သင်ဆီးသွားရခက်ပါလိမ့်မယ်။အဲဒီရောဂါက ပိုဆိုးလာနိုင်ပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ ကျောက်ကပ်ရောဂါတွေအထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာတွေ ပြနေပြီဆိုပါက ဆရာဝန်ကိုအမြန်ဆုံးသွားပြတာအကောင်းဆုံးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ


#လမ်းကြောင်း
#ရောဂါ
#လက္ခဏာ
#တင်ပါးဆုံ
#ကုသမှု

Some text some message..