ကလေးကြီးထွားဖွံ့ဖြိုးမှု
သားသားမီးမီးလေးတွေ ဘယ်လိုဖွံ့ဖြိုးလာပါသလဲ ကိုယ်ဝန်ဆောင်ကာလက ၄၂ ပတ်ရောက်လာပြီဆိုရင်မွေးဖွားရမယ်လို့ သတ်မှတ်ထားတဲ့ရက်ကိုတောင်ကျော်နေပြီလို့ ဆိုရပါမယ်။ ဒီအချိန်ထိမှ ကလေးကမမွေးသေးဘူးဆိုရင်တော့ ကလေးကတစ်ခုခုလွဲမှားနေပြီဆိုတာကို သိဖို့လိုပါတယ်။ တကယ်တော့ ကလေးငယ်တော်တေ်ာများများက မွေးမယ်လို့မှန်းထားတဲ့ရက်မတိုင်ခင်မှာမွေးကြတာများပါတယ်။ ကလေးလေးတွေဟာ သူတို့မွေးမယ်လို့ ဆရာဝန်ကတွက်ဆထားတဲ့ရက်မတိုင်ခင် သီတင်းပတ် နှစ်ပတ်လောက်အတွင်းမှာ မွေးဖွားတတ်ကြတာပါ။ ဒါကြောင့် ကလေးက ၄၂ ပတ်အထိမှ မမွေးသေးဘူးဆိုရင် တစ်ခုခုလွဲမှားနေပြီဆိုတဲ့ လက္ခဏာလို့ဆိုရမယ့်အခြေအနေမျိုးပါ။ ကလေးတွေရဲ့ ၉၈ ရာခိုင်နှုန်းလောက်က ကိုယ်ဝန်ဆောင်ကာလ ၄၂ ပတ်မတိုင်ခင် မှာမွေးဖွားလေ့ရှိကြပြီး မှန်းထားတဲ့ရက်ထက်စောပြီးမွေးကြတာပါ။ ကိုယ်ဝန်ဆောင်ကာလ ၄၂ ပတ်မှာ ကလေးရဲ့အရွယ်အစားက ပိန္နဲသီးခပ်ကြီးကြီးတစ်လုံးအရွယ် ဒါမှမဟုတ် ဖရဲသီး တစ်လုံးစာအရွယ်အစားလောက်ရှိနေပါပြီ။ ဒီကိုယ်ဝန်ဆောင်ကာလမှာ ကလေးကတော်တေ်ာလေးဖွံ့နေပြီဆိုပေမယ့် ကလေးကို မိခင်အနေနဲ့ ရိုးရိုးမွေးလို့ရနိုင်ပါသေးတယ်။ ကလေးက ဗိုက်ထဲမှာ သတ်မှတ်ရက်ထက်ကျော်လွန်ပြီးနေတာကြောင့် ကလေးဟာ ဆံပင်တွေရှည်နေတာ၊ ခြေသည်း လက်သည်းလေးတွေရှည်နေတာ၊အရေပြားလေးတွေ ခြောက်သွေ့ကွဲအက်တာ၊အပေါ်ယံအရေခွံကွာတာအသားအရေလေးတွေ ရှုံ့တွနေတာမျိုးတော့ရှိနိုင်ပါတယ်။ ဒီအခြေအနေက ယာယီခဏလောက်ပဲဖြစ်တာပါ။ ကလေးကသတ်မှတ်ကာလထက်မိခင်ဝမ်းထဲမှာပိုနေခဲ့တာကြောင့် မွေးရက်မတိုင်ခင်မှာ ခန္ဓာကိုယ်အရေပြေားပေါ်မှာရှိတဲ့ ကလေးကိုကာကွယ်ပေးထားတဲ့အဆီတွေကွာကျတဲ့သဘောပါ။
ခန္ဓာကိုယ်နဲ့အနေအထိုင်အပြောင်းအလဲလေးများ
ကလေးရဲ့ခန္ဓာကိုယ်မှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်ပြီလဲ။ ကိုယ်ဝန်ဆောင်ကာလ ၄၂ ပတ်ကာလမှာ သင့်အနေနဲ့အစောပိုင်းသီတင်းပတ်တွေကလိုပဲအလားတူလက္ခဏာတွေခံစားရ နိုင်ပါတယ်။ ခြေထောက်တွေနာကျင်မယ်၊အိပ်ရတာခက်မယ်၊ကျောတွေခါးတွေနာမယ်ကိုက်မယ်၊ ဆီးခုံပေါ်မှာ ဖိအားများနေမယ်၊ဆီးခဏခဏသွားနေမယ်၊ သားအိမ်ကျုံတာလိုမျိုး လက္ခဏာတွေခံစားရနိုင်ပါတယ်။ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီကာလမှာ သင့်အနေနဲ့ ကိုယ်တိုင်အတွက်ရော ကလေးအတွက်ပါ ပိုပြီးသက်တောင့်သက်သာဖြစ်အောင်နေထိုင်ဖို့လိုအပ်ပါမယ်။ ကလေးကလည်း သူ့မွေးရမယ့်အချိန်ရောက်ရင်မွေးလာမှာမို့အချိန်လေးစောင့်ပေးလိုက်ပါ။ စိတ်ထဲမှာလည်း ကိုယ်ဝန်ဆောင်ကာလ ၄၂ ပတ်ပြည့်တဲ့အခါ ကလေးကမွေးကိုမွေးမယ်ဆိုတာကို သိထားပေးပါ။ သင့်အနေနဲ့ မီးဖွားတော့မယ့်လက္ခဏာတွေဖြစ်လာလားဆိုတာကို သေချာလေးတော့သတိထားပေးပေါ့။ မွေးခါနီးအချိန်မှာ -
(သွေးစလေးတွေပါတဲ့)အချွဲတွေဆင်းနိုင်တယ်
ရေမြွှာပေါက်နိုင်တယ်
အချိန်တိုအတွင်းမှာ သားအိမ်ကျုံ့တာက ပြင်းပြင်းထန်ထန်နဲ့ ခဏခဏဖြစ်နိုင်တယ်
ဒီအခြေအနေကစိတ်ပူဖို့လိုမလား
မွေးဖွားရမယ့်ရက်ထက်ကျော်လွန်ပြီး ကိုယ်ဝန်ဆောင်တာ စိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့်ရောဂါအခံတစ်ခုုခုရှိနေပြီး ကိုယ်ဝန်ဆောင်ကာလက ၄၂ ပတ်ထက်ကျော်နေမယ်ဆိုရင်တော့အခုလိုမျိုးနောက်ဆက်တွဲပြဿနာတွေခံစားရနိုင်ခြေများနေပြီဆိုရပါမယ်။
အချင်းပြဿနာတစ်ခုခုရှိနေတာ
ရေမြွှာရေနည်းနေတာ
အချင်းပတ်နေတာ
မွေးကင်းစကလေးငယ်ပြုစုစောင့်ရှောက်ရေးစင်တာမှာထားရှိဖို့လိုအပ်တာ
မီးဖွားချိန်မှာ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတစ်စုံတရာရှိနေတာ
ခွဲမွေးဖို့လိုအပ်တာလိုမျိုး မွေးဖွားမှုရဲ့နောက်ဆက်တွြဲပဿနာတွေတွေ့ကြုံရနိုင်ပါတယ်။
ဆရာဝန်နဲ့ သွားရောက်ပြသခြင်း
ဆရာဝန်ကိုဘာတွေမေးမြန်းဖို့လိုမလဲ ဆရာဝန်နဲ့သွားရောက်တွေ့ဆုံတဲ့အခါ သင့်အနေဖြင့် ကိုယ်ဝန်ဆောင်ကာလအခုလိုအချိန်မှာအပေါ်မှာပြောခဲ့တဲ့အခြေအနေတွေလိုမျိုး ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲအခြေအနေတွေနဲ့ပတ်သက်ပြီး သေသေချာချာမေးမြန်းဖို့လိုပါမယ်။ ကိုယ်ဝန်ဆောင်ကာလ ၄၂ ပတ်ရောက်လာပြီဆိုရင်သင့်အနေနဲ့ ကိုယ်ဝန်ဆောင်ကာလ တတိယ ၃ လတုန်းကလိုပဲ ကလေးကတစ်နေ့ကို ဘယ်နှကြိမ်လောက်ကန်လဲဆိုတာကို သတိထားရေတွက်ဖို့လိုပါမယ်။ တကယ်လို့ ကလေးကန်တဲ့အရေအတွက်အပြောင်းအလဲ တစ်စုံတရာရှိနေမယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် သာဖွားမီးယပ်ဆရာဝန်တစ်ဦးဦးနဲ့ချက်ချင်းပြသပေးဖို့လိုပါမယ်။အခြားလက္ခဏာတွေဖြစ်ကြတဲ့ ပုံမှန်မဟုတ်ဘဲအဖြူဆင်းသလိုမျိုးအချွဲတွေဆင်းတာ၊ သွေးဆင်းတာ နဲ့ ဗိုက်ထဲကနာတာ၊အောင့်တာမျိုးဖြစ်လားဆိုတာကိုလည်း သတိထားစောင့်ကြည့်ဖို့လိုပါမယ်။ ဒီလက္ခဏာတွေဖြစ်နေရင် ဆရာဝန်နဲ့ ချက်ချင်းသွားပြပေးဖို့လိုပါမယ်။
ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေလုပ်ဖို့လိုအပ်မလဲ
ကိုယ်ဝန်ဆောင်ကာလ ဒီလိုအခြေအနေမှာ ဆရာဝန်အနေနဲ့ ကိုယ်ရဲ့လူနာကို ပိုပြီးသေချာစောင့်ကြည့်ဖို့လိုအပ်လာပါပြီ။အကြောင်းကတော့ ရက်လွန်ကိုယ်ဝန်ဆောင်ထားရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကအခြားပုံမှန်ကိုယ်ဝန်ဆောင်မိခင်တွေထက် နောက်ဆက်တွဲကျန်းမာရေးပြဿနတွေ ခံစားရနိုင်ခြေပိုများနေတာကြောင့်ပါ။ ဒီလိုအချိန်မှာ မိခင်ကိုတင်မဟုတ်ပါဘူး။ ဗိုက်ထဲက ကလေးကိုပါသေချာစောင့်ကြည့်ဖို့လိုအပ်ပါမယ်။ စိုးရိမ်စရာလက္ခဏာတစ်ခုခုမရှိဘူးဆိုရင်တော့ ကလေးက လုံးဝကိုကျန်းမာနေတယ်ဆိုတဲ့သဘောပါ။ ဒီအချိန်မှာ ဆရာဝန်က ကလေးကျန်းမာရဲ့လားဆိုတာကို သိရှိနိုင်မယ့် စစ်ဆေးစမ်းသပ်မှုတွေကိုလုပ်ဆောင်ပါလိမ့်မယ်။ ဒီလိုစစ်ဆေးစမ်းသပ်မှုတွေထဲမှာ ကိုယ်ဝန်ဆောင်ကာလ ၄၂ ပတ်အယ်လ်ထရာဆောင်းရိုက်တာ၊ ကလေးရဲ့လှုပ်ရှားမှုနဲ့ နှလုံးခုန်နှုန်းကို စမ်းသပ်တဲ့စစ်ဆေးမှု နဲ့ ကလေးအနေနဲ့ အောက်ဆီဂျင်အလုံအလောက်ရရဲ့လားဆိုတာနဲ့ သားအိမ်တွင်းမှာ နှလုံးခုန်နှုန်းဘယ်လောက်အထိရှိလဲဆိုတာကို စစ်ဆေးစမ်းသပ်မှုတွေလုပ်ဆောင်တာတွေပါဝင်နိုင်ပါတယ်။ ဒီလိုစစ်ဆေးမှုတွေလုပ်ရတာက ကလေးက ကောင်းကောင်းလှုပ်ရှားရဲ့လား၊အသက်ကောင်းကောင်းရှုရဲ့လား၊ နှလုံးခုန်မှန်ရဲ့လားဆိုတာနဲ့ ရေမြွှာရည်လုံလုံလောက်လောက်ရှိရဲ့လားဆိုတာကို စစ်ဆေးသိရှိဖို့ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ၄၂ ပတ်ဖြစ်လာတဲ့အခါ မွေးဖွားပြီးနောက် နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ခြေများတာကြောင့် ဆရာဝန်အနေနဲ့ သင့်ကိုဒီအခြေအနေမှာ ဆေးဝါးအကူအညီရယူပြီး ကလေးမွေးဖွားအောင်လုပ်ဆောင်ပေးပါလိမ့်မယ်။ ဒီလိုလုပ်ဖို့ဆိုရင် စစ်ဆေးစမ်းသပ်ချိန်မှာ ကလေးကမွေးဖွားဖို့အသင့်ဖြစ်နေဖို့တော့လိုပါမယ်။ ဆေးဝါးအကူအညီရယူပြီး သားသားမီးမီးေေးတွကို မီးဖွားတဲ့အခါ နည်းလမ်းတွေကအမျိုးမျိုးရှိနေပါတယ်။ အမြှေးပါးဖောက်မယ် - ဆရာဝန်အနေနဲ့ လက်ချောင်းတွေကိုအသုံးပြုပြီး ရေမြွှာအိတ်တဝိုက်ကအမြှေးပါးလေးတွေကိုဖောက်ပေးပါလိမ့်မယ်။ ဒီလိုလုပ်လိုက်တဲ့အခါ ဟော်မုန်းတွေထွက်လာပြီး နောက် ၄၈ နာရီအတွင်း သားအိမ်ကျုံ့တာဖြစ်လာပါလိမ့်မယ်။ ရေမြွှာအိတ်ဖောက်မယ် - ဆရာဝန်က ရေမြွှာအိတ်ဖောက်ဖို့အသုံးပြုတဲ့ ကိရိယာနဲ့ ရေမြွှာအိတ်ကိုဖောက်ပေးပါလိမ့်မယ်။ ဒီနည်းလမ်းက နာရီပိုင်းအတွင်းမှာတင် သားအိမ်ကျုံ့တာကိုဖြစ်စေမှာပါ။ သားအိမ်ပွင့်အောင်လုပ်ဆောင်မယ် - ဒီအဆင့်မှာတော့ ဆရာဝန်က prostaglandin လို့ခေါ်တဲ့ဆေးကို သားအိမ်ထဲထည့်ပေးပါလိမ့်မယ်။ ဒီဆေးက တစ်ညတာအတွင်းမှာ သားအိမ်အမြှေးပါးသွားအောင်လုပ်ဆောင်ပေးပြီး ကလေးမွေးဖွားစေမှာပါ။ သားအိမ်ကျုံ့အောင်လုပ်ဆောင်မယ် - သားအိမ်ထဲထည့်တဲ့ဆေး ဒါမှမဟုတ် Oxytocin ကိုအသုံးပြုပြီး သားအိမ်ကျုံ့လာအောင်လုပ်ဆောင်ပေးပါလိမ့်မယ်။
ကျန်းမာရေးနဲ့ဘေးကင်းရေး
ကိုယ်ဝန်ဆောင်ကာလမှာ ကျန်းမာဘေးကင်းဖို့ ဘာတွေသိထားဖို့လိုမလဲ ဒီနည်းလမ်းလေးတွေက ရက်လွန်ကိုယ်ဝန်ဆောင်နေရသူတွေကိုအထောက်အကူဖြစ်စေမှာပါ။
ဆရာဝန်နဲ့ပုံမှန်သွားပြပါ
သင်ရဲ့ယူဆချက်တွေကို ဆရာဝန်နဲ့သေသေချာချာဆွေးနွေးတိုင်ပင်ပါ
စမ်းသပ်စစ်ဆေးမှုတွေကို မလုပ်ဘဲမနေပါနဲ့
လမ်းများများလျှောက်ပေးပါ
စိတ်ဖိစီးမှုကင်းကင်းနေပါ
ဆီးခုံးနားကတင်းလား၊နာလား၊အိပ်ရတာအခက်အခဲရှိနေလား၊ သားအိမ်ကျုံ့လားဆိုတာနဲ့ ကိုယ်ဝန်ဆောင်ကာလအခြားသောလက္ခဏာတွေအပြင် မွေးဖွားခါနီးမှာ ပိုပြီးပြင်းထန်လာတဲ့အခြေအနေတွေကို ကိုယ်တိုင်လေ့လာမှတ်သားထားဖို့လိုပါမယ်။
Hello Health Group
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။