စီးကရက်မှာ ပါဝင်နေတဲ့ လျှို့ဝှက်လူသတ်အဆိပ်အတောက်များ…..
shwemom.com
|
2019-07-04

လူတော်တော်များများစိတ်မှာ စီးကရက်ကို ဆေးရွက်ကြီးနဲ့ပဲ ပြုလုပ်ထားတယ်လို့ ထင်နေကြပေမယ့် တကယ့်တကယ်တမ်းမှာ တခြား ဓာတု ဓာတ်ပစ္စည်းတွေအများကြီးပါဝင်နေတာကို သိပ် သတိမပြုမိတတ်ကြပါဘူး။ လူအားလုံး သတိပြုရှောင်ရှားရမယ့်အဆိပ်အတောက်တွေဖြစ်ပြီး ယင်းတို့ကို လှပစွာ ထပ်ပိုးထားတယ်။

စီးကရက်ဘူးမှာ သောက်ရင် ဘာဖြစ်တယ်ဆိုတဲ့ ပုံတွေ ပါလည်း သောက်နေကြတာပါပဲ။ စီးကရက်ဟာ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ သေခြင်းတရားကို ပို့ဆောင်ပေးတဲ့အရာဖြစ်တာကိုလည်း သိကြတယ်။ ဆေးလိပ်သောက်သုံးတဲ့ သူတွေဟာအဆုတ်ကင်ဆာ၊ နှလုံးရောဂါနဲ့ တခြားသာ ဘေးရောဂါဘယတွေကိုပါ ကြုံတွေရနှုန်း ပိုမြင့်မားတယ်။

ဒီလောက်တောင်အန္တာရယ်များတဲ့ စီးကရက်တွေကို ဘာတွေနဲ့ ပြုလုပ်ထားသလဲ…။ တစ်ချို့တွေအတွက် စီးကရက်လေးတွေဟာ သိပ်ချစ်ဖို့ကောင်းနေတတ်ကြတယ်၊ ဖိစီမှုတွေကို မှုတ်ထုတ်လိုက်နိုင်တယ်ဆိုတဲ့ မသိစိတ်ကလေးဝင်နေတတ်တယ်၊အဲ့ဒါကလည်း စွဲလမ်းတာပဲ။ မကောင်းဘူး ပြောလည်း သောက်နေကြတာပဲ ဖြစ်တဲ့အတွက် မကောင်းတဲ့အကြောင်းကိုအကျယ်တဝင့် မပြောတော့ပါဘူး။

ဒါပေမယ့် စီးကရက်တွေထဲမှာ ပါဝင်တဲ့အဆိပ်အတောက်တွေအကြောင်းတော့ ဗဟုသုတအနေနဲ့ ဖော်ပြပါရစေ။

၁။ Methanol
စီးကရက်ထဲမှာ မီသနော ပါမယ်လို့ တွေးမိဖူးပါသလာ…။ မီသနောဟာ ဒုံးပျံ လောင်စာမှာပါဝင်တဲ့အဓိက ဓာတ်ဖြစ်တယ်။အဲ့ဒီ့ ဓာတ်က သန္ဓေသားပျက်ကျတာနဲ့ ပင်မအာရုံကြောအဖွဲ့အစည်းကို ထိခိုက် ပျက်စီးစေပါတယ်။


wikimedia commons

၂။ Benzene (ဗင်းဆင်း)
စီးကရက်တွေထဲမှာ ဆေးရွက်ကြီးတွေ လောင်ကျွမ်းပြီး ထွက်လာတဲ့ ဘေးထွက်ကို ဗင်းဆင်းလို့ခေါ်ပါတယ်။ နောက်တစ်ခုအနေနဲ့အဲ့ဒီ့ ဓာတ်ဆေးရည်ကို ဆပ်ပြာမှုန့်၊ ချွတ်ဆေး၊ ဖောက်ခွဲမှုနဲ့ နိုင်လွန်တွေ ပြုလုပ်ရာမှာအသုံးပြုတယ်လို့ သိရတယ်။ ဒါက ကင်ဆာ သိပ်ဖြစ်စေနိုင်တဲ့အရာလည်း ဖြစ်ပါတယ်။

၃။ နီကိုတင်း
စီးကရက် ပြုလုပ်ရာမှာ နီကိုတင်းကတော့အဓိကပစ္စည်းပေါ့။ နောက်ထပ် နောက်ထပ် သောက်ချင်အောင်ဖြစ်စေတဲ့အရာလည်းဖြစ်တယ်။ စီးကရက်တစ်လိပ်မှာ နီကိုတင် ၁၀ မီလီဂရမ်နီးပါလောက်ပါဝင်တယ်။ ဒါက လူကို မဖြတ်နိုင်အောင် စွဲလမ်းစေတဲ့အရာဖြစ်တယ်။

၄။ ကာဗွန်မိုနောက်ဆိုက်
ရှိုက်လိုက်တယ်ဆိုတဲ့အခါ လူတစ်ယောက်အနေနဲ့ ၎င်း ရှုရှိုက်ရမယ့်အောက်စီဂျင်နေရာမှာ ကာဗွန်မိုနောက်ဆိုက်တွေကို နေရာပေးလိုက်တာပါပဲ။ ဒါက ကျန်းမာရေးကိုအကြီးအကျယ် ထိခိုက်စေတာ…။ သောက်တဲ့သူဟာ ကြာတော့အားနည်းလားမယ်၊ များစွာသော ကျန်မားရေးအခက်အခဲတွေနဲ့ ကြုံတွေရမယ်။


WHO Official Site

၅။ ခဲ
ခဲကို ဆောက်လုပ်ရေး၊ ဘက်ထရီနဲ့ တခြားသော နေရာများစွာမှာအသုံးပြုကြပါတယ်။အဲ့ဒီလို သတ္တုပါဝင်နေတဲ့အတွက် ခဲဆိပ်သင့်တာ၊ ကြီးထွားမှု နှောင့်နှေးတာ၊ စူးစိုက်မှုအားနည်းတာ၊ ဉာဏ်ရည်နိမ့်တာ၊ လှုပ်ရှားလုပ်ကိုင်နိုင်စွမ်းတွေလျော့ကျတာ စတဲ့ ဆိုးကျိုးတွေကို တွေ့ကြုံရတတ်ပါတယ်။

၆။ စိန်(အဆိပ်)
စိန်(အဆိပ်) ကို စီးကရက်တွေတိုင်းမှာအခြေခံအားဖြင့် ပါဝင်နေတာကို တွေ့ရပြီး ယင်းက များစွာသော ကင်ဆာဖြစ်မှုတွေနဲ့ ဆက်နွှယ်နေပါတယ်။ ဘယ်လိုကင်ဆာတွေလဲဆိုတော့အရေပြားကင်ဆာ၊ ဆီးအိတ် ကင်ဆာ၊အသည်းကင်ဆာ၊ ကျောက်ကပ်ကင်ဆာနဲ့အဆုတ်ကင်ဆာတို့ပဲဖြစ်တယ်။

၇။ ကတ္တရာစေး
ဒါကတော့ ဆေးရွက်ကြီးကို လောင်ကျွမ်းစေဖို့အတွက်ဖြစ်တယ်။ ယင်းကအဆုတ်ထဲမှာ ကျန်ခဲ့ပြီး ဆေးချေးတက်ကျန်ခဲ့စေတယ်။ သောက်လေ တက်လေနဲ့ ပြည့်လာမှာဖြစ်ပြီး တစ်ဆက်တည်းမှာပဲ ဆိုးရွားတဲ့ ကျန်းမာရေးအန္တရာယ်တွေကို ဖြစ်စေနိုင်တယ်။


verywellmind/Pinterest

၈။ ဖော်မယ်ဒီဟိုက်
ဖော်မယ်ဒီဟိုက်ဆိုတာအနံ့ပြင်းပြီးအရောင်မဲ့ ဓာတ်ငွေ့ဖြစ်တယ်။ ယင်းကို စီးကရက်ငွေ့ရော၊အီး စီးကရက်ငွေ့ထဲမှာ ရောတွေ့နိုင်တယ်။ ယင်းဓာတ်ငွေ့ကြောင်းအသားအရေ ကျိန်းစပ်ခြင်း၊အာရုံခံအင်္ဂါထိခိုက်ခြင်းနဲ့ ချောင်းဆိုခြင်းတို့ကို ဖြစ်စေပါတယ်။

၉။အမိုးနီးယားဓာတ်ငွေ့
အမိုးနီးယားဓာတ်ငွေ့ဟာ စားတတ်တဲ့အတွက် သိပ်အန္တရာယ်များတယ်။ ဒီလိုအန္တရာယ်များတဲ့ ဓာတ်ငွေ့ကိုအသက်ရှုလမ်းကြောင်းကိုအင်မတန်မှ ထိခိုက်စေတယ်။ သောက်တာများသွားတဲ့အခါ ရင်ဘက်တွေနာတယ်အောင့်တယ်ဆိုတာအမိုနီးယားရဲ့ လက်ချက်ပါပဲ။

Matthew (ShweMOM)

#စီးကရက်
#ကင်ဆာ
#ဓာတ်ငွေ့
#အဆုတ်
#ဆေးချေး

Some text some message..