ဆေးတစ်ခုခုသောက်မယ်ကြံတိုင်း နို့တိုက်နေရလို့ဆိုပြီး စိုးရိမ်နေတဲ့ မေမေတို့အတွက်
hellosayarwon.com
|
2019-07-06


မေမေတစ်ယောက်ဖြစ်လာရင် စွန့်လွှတ်ရအနစ်နာခံရတာတွေကတော်တေ်ာများပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ကစလို့ ဘေဘီလေးကိုနို့ချိုတိုက်ကျွေးပျိုးထောင်နေရတဲ့ကာလအတွင်းမှာရောပေါ့။ နို့တိုက်မေမေအများစုဆီက ကြားရတဲ့ စကားလေးတစ်ခွန်းရှိတယ်။ ခေါင်းထဲကကိုက်လိုက်တာ၊ ဖျားပြီထင်တယ်။ ဆေးလည်း မသောက်ပါရဲဘူး။ နို့တိုက်နေရတယ်လေဆိုတာပါ။ ဖျားမှ

ခေါင်းကိုက် မှမဟုတ်ဘူးနော် နို့တိုက်နေရလို့ဆိုပြီး ချောင်းဆိုးနေတာနဲ့အခြား ခံစားရတဲ့ ဝေဒနာတွေရှိရင်တောင် ကြိတ်ခံကြတာများပါတယ်။ ဒီတစ်ခေါက်တော့ နို့တိုက်မေမေတွေအနေနဲ့ ဆေးသောက်လို့ရလားဆိုတဲ့ ကိစ္စလေးကို ပြောပြပေးပါရစေနော်။

နို့တိုက်မေမေဘာဆေးမှ သောက်လို့မရဘူးလား...........
နို့တိုက်မေမေတစ်ယောက်ဖြစ်နေတာကြောင့် ဆေးတွေလုံးဝမသောက်ရဘူးဆိုတာက မဟုတ်ပါဘူး။ ဆေးအများစုက နို့တိုက်နေချိန်မှာသောက်ဖို့အတွက် ဘေးကင်းစိတ်ချရပါတယ်။အကြောင်းကတော့ သောက်လိုက်တဲ့ဆေးတွေက

မိခင်နို့ရည် ကနေတဆင့် ကလေးဆီကိုရောက်ရှိသွားနိုင်ခြေနည်းတာကြောင့်ပါ။ သောက်လိုက်တဲ့ဆေးက မိခင်နို့ကနေတဆင့်

ဘေဘီလေး ဆီရောက်မယ်ဆိုရင်တောင်နည်းနည်းလောက်ပဲရောက်နိုင်မှာဖြစ်တာကြောင့် ဘေဘီလေးကို ထိခိုက်စေတာမျိုးမရှိနိုင်ပါဘူး။ ဒါကြောင့်ပြောချင်တာက

နို့တိုက်မေမေ က ဆေးလုံးဝမသောက်ရတာမဟုတ်ပါဘူး။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဆေးသောက်ပေးလို့ရပါတယ်။ နို့တိုက်မေမေဖြစ်နေလို့ဆိုပြီး ဆေးမသောက်ဘဲအတင်းကြိတ်ခံနေတာမျိုးမဖြစ်သင့်ပါဘူး။

နာကျင်ကိုက်ခဲ တဲ့အခါ ..... နို့တိုက်မေမေတစ်ယောက်အနေနဲ့ နာကျင်ကိုက်ခဲတဲ့အခါ Ibuprofen၊ diclofenac၊ indomethacin နဲ့ naproxen တို့ကို သောက်သုံးပေးလို့ရပါတယ်။ ပါရာစတမောကိုသောက်မယ်ဆိုရင်တော့ ဆရာဝန်နဲ့သေချာလေးတိုင်ပင်သင့်ပါတယ်။အက်စပရင်ကတော့ လုံးဝရှောင်ဖို့လိုပါမယ်။

သန်ထနေတယ် ဆိုရင်........ နို့တိုက်မေမေတစ်ယောက် သန်ထနေတယ်ဆိုရင် သန်ချဆေးသောက်လို့ရပါတယ်။ ဒါပေမယ့် သင့်တော်တဲ့ သန်ချဆေးဖြစ်ဖို့အတွက်ကတော့ ဆရာဝန်နဲ့သေချာလေးတိုင်ပင်ဖို့လိုပါမယ်။

ဖျားနာ တဲ့အခါ........ နို့တိုက်မေမေတွေလည်းအအေးမိဖျားနာဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ဖျားတာကို ဆေးမသောက်ဘဲမနေသင့်ပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြိးအဖျားသက်သာစေဖို့ ဆေးသောက်ပေးလို့ရပါတယ်။

နှာစေး၊နှာပိတ်ြ ဖစ်တဲ့အခါ...... ရေနွေးငွေ့ရှုရှိုက်ပေးလို့ရပါတယ်။

နှာခေါင် းထဲကို

ဆားရည် အစက်ချပေးလို့ရပါတယ်။

Nasal spray သုံးပေးလို့ရပါတယ်။ pseudoephedrine ပါဝင်နေတဲ့ ဆေးတွေက မိခင်နို့ထွက်တာကို ထိခိုက်စေနိုင်တာကြောင့် မသောက်သင့်ပါဘူး။

ချောင်းဆိုး တဲ့အခါ......... ချောင်းဆိုးတာက ကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းသွားတာမျိုးရှိနိုင်ပါတယ်။ တကယ်လို့ ကုသမှုခံယူမှဖြစ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ချောင်းဆိုးသက်သာစေအောင်ဆေးသောက်လို့ရပါတယ်။ pseudoephedrine ပါဝင်နေတဲ့ ဆေးတွေကိုတော့

မိခင်နို့ ထွက်တာကို ထိခိုက်စေနိုင်သလို ဘေဘီလေးကို ထိခိုက်စေနိုင်တာကြောင့် ရှောင်ရပါမယ်။

လည်ချောင်းနာ တဲ့အခါ........ လည်ချောင်းနာတဲ့အခါ amylmetacresol၊ dichlorobenzyl alcohol နဲ့ cetylpyridinium တို့ကိုအသုံးပြုပေးလို့ရပါတယ်။

အိုင်အိုဒင် းပါတဲ့ ဆေးတွေကိုတော့ မသုံးသင့်ပါဘူး။

နို့တိုက်မေမေ မသောက်သင့်တဲ့ ဆေးဝါးတွေကဘာတွေများလဲ........
နို့တိုက်မေမေတစ်ယောက်ကအခြားသူတွေလိုမျိုး ဆေးတိုင်းနဲ့တော့ မတည့်နိုင်ပါဘူး။ နို့တိုက်မေမေအနေနဲ့ ရှောင်သင့်တဲ့ဆေးတွေက

ကင်ဆာရောဂါ အတွက် သောက်သုံးရတဲ့ဆေးတွေ

နှလုံးရောဂါ အတွက် သောက်သုံးရတဲ့ဆေးတွေ

စိတ်ကျရောဂါ အတွက်သောက်ရတဲ့ဆေးတွေ
MRI Scanအတွက် ထိုးရတဲ့ဆေးတွေ

ဝက်ခြံ နဲ့အရေပြားပြဿနာအတွက်သောက်သုံးရတဲ့ဆေးတွေ

ဆေးဖက်ဝင် တယ်ဆိုတဲ့ ဆေးမြစ်တွေ၊အရွက်တွေက နို့တိုက်မေမေတွေနဲ့လုံးဝမသင့်တော်ပါဘူး။ ဒါကြောင့်ပြောချင်တာက နို့တိုက်မေမေတွေအနေနဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့လိုတယ်ဆိုပေမယ့် မတော်တဆဆိုတဲ့အခြေအနေတစ်ရပ်ရပ်ကြောင့် ဖျားနာတာမျိုး၊ နာမကျန်းမာတာမျိုးဖြစ်ခဲ့မယ်ဆိုရင် သင့်တော်တဲ့ ဆေးဝါးတွေသောက်သုံးပြီး ဆေးကုသမှုခံယူဖို့ပြောပါရစေ။ မေမေကျန်းမာမှ ဘေဘီလေးလည်း ကျန်းမာမယ်ဆိုတာ မမေ့ပါနဲ့နော်.................

Hello Health Group  သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


#မေမေ
#ဆေး
#တိုင်ပင်
#ဆရာဝန်
#ကုသမှု

Some text some message..