နွေရာသီမှာသောက်လေ့ရှိကြတဲ့ ဥသျှစ်ရည်ချိုချိုလေးကပေးတဲ့ ကျန်းမာရေးအာနိသင်
hellosayarwon.com
|
2019-07-06


နွေပူနေချိန်မှာ ဥသျှစ်သီးဖျော်ရည်  အေးအေးချိုချိုလေးသောက်လိုက်ရတာကလည်း စိတ်ကျေနပ်မှုအပြည့်အဝရရှိစေတဲ့ ခံစားချက်တွေထဲကတစ်ခုပဲနော်။ ငယ်ငယ်က မြန်မာနိုင်ငံအလယ်ပိုင်းကအပူပိုင်းဒေသတွေကိုသွားရင်ဥသျှစ်သီးဖျော်ရည်မွှေးမွှေးချိုချိုလေးကိုသောက်ခဲ့ဖူးမှာပါ။ ထန်းလျက်နဲ့ဖျော်ထားတဲ့ ဥသျှစ်သီးဖျော်ရည်လေးက သောက်ကောင်းရုံလောက်တင်မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း တကယ်ကောင်းတယ်ဆိုတာကို ဒီဆောင်းပါးေးလကနေတဆင့် ပြောပြပေးချင်ပါတယ်။

ဥသျှစ်သီး ဆိုတာက
ဥသျှစ်သီးဆိုတာကအပူပိုင်းဒေသမှာအများဆုံးပေါက်ရောက်တဲ့အသီးတစ်မျိုးပါ။ ဆေးဖက်ဝင်အာနိသင်တွေလည်း ကြွယ်ပါတယ်။ ပြောင်ချောနေတဲ့အခွံမာမာအသီးတစ်မျိုးပေါ့။အမြင့်ပေ ၃၀ လောက်ထိရှိတဲ့အပူပိုင်းဒေသအပင်တစ်မျိုးပေါ့။ ချိုတဲ့အညိုရောင်အသားတွေနဲ့အတူအစေ့ဖြူဖြူလေးတွေပါတတ်တဲ့အသီးတစ်မျိုးပါ။အိန္ဒိယနဲ့သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာပေါက်ရောက်သလို မြန်မာနိုင်ငံနဲ့အခြားတောင်အာရှနိုင်ငံတွေမှာလည်း ပေါက်ရောက်ကြပါတယ်။

ဥသျှစ်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ..........
အရသာရှိတဲ့ ဥသျှစ်သီးဖျော်ရည်လေးကိုပုံမှန်သောက်သုံးပေးတာက

နှလုံး ကျန်းမာစေနိုင်တယ် ဥသျှစ်သီးကို ပုံမှန်စားသုံးပေးတာက နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ မခံစားရအောင်ကာကွယ်ပေးနိုင်သလို

လေဖြတ်တာ နဲ့

ရုတ်တရက်နှလုံးရပ်တာ မျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း ၅၄ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။

အစာအိမ် နဲ့အူလမ်းကြောင်းကို ကျန်းမာစေနိုင်တယ် ဥသျှစ်သီးကိအစာအိမ်နဲ့အူလမ်းကြောင်းတလျှောက်မှာအနာရှိသူတွေအတွက်အထူးသင့်တော်ပါတယ်။

ဓာတ်တိုးဆန့်ကျင်အာနိသင် ရှိနေတာကြောင့်အစာခြေလမ်းကြောင်းတစ်ခုလုံးကိုကျန်းမာစေပြီးအနာတွေရှိခဲ့ရင်လည်း သက်သာစေနိုင်ပါတယ်။ 

ရောင်ရမ်းမှု ကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ကိုလက်စထရောထိန်းညှိပေးတယ်



ကိုလက်စထရောပမာဏကို ထိန်းညှိပေးပြီး

သွေးတွင်းကိုလက်စထရောပမာဏ ကို ကျဆင်းစေနိုင်ပါတယ်။

ဘက်တီးရီးယားတွေ ကို တိုက်ဖျက်ပေးနိုင်တယ်

အရေပြား အပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ မှိုပိုးကူးစက်ခံရတာ၊ ရောဂါပိုးကူးစက်ခံရတာတွေကိုအထူးသက်သာစေနိုင်ပါတယ်။

ခန္ဓာကိုယ် မှာ ဘက်တီးရီးယားနဲ့ မှိုကြောင့်ဖြစ်လာနိုင်တဲ့ ရောဂါတွေကိုအထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။

ဥသျှစ်သီးက ဝမ်းချုပ်တာကို သက်သာစေပြီး ဗိုက်အောင့်ဗိုက်နာကိုလည်း သက်သာစေနိုင်ပါတယ်။ သဘာဝဝမ်းနုတ်ဆေးတစ်မျိုးပေါ့။အူတွေနဲ့အစာခြေလမ်းကြောင်းကို သန့်စင်ပေးနိုင်ပါတယ်။ ဥသျှစ်သီးကို ငရုတ်ကောင်း၊ဆားတို့နဲ့ရောစပ်ပြီးသောက်သုံးမယ်ဆိုရင်အူတွင်းက

အဆိပ်အတောက်တွေ ကိုအထိရောက်ဆုံးဖယ်ရှားနိုင်မှာပါ။ အပူငြိမ်းစေနိုင်တယ် ဥသျှစ်သီးကို

ပျားရည် နဲ့ဖျော်ပြီးသောက်ပေးမယ်ဆိုရင်အပူများလို့ လျှာနဲ့

ပါးစပ် မှာဖြစ်တဲ့အနာတွေကို သက်သာစေနိုင်သလို ကိုယ်တွင်းအပူကိုငြိမ်းစေနိုင်ပါတယ်။ မနက်စာမစားခင်နဲ့ ညစာမစားခင်တွေမှာ ဥသျှစ်သီးဖျော်ရည်တွေကို ပုံမှန်သောက်ပေးတာက ကိုယ်တွင်းအပူငြိမ်းစေဖို့အထိရောက်ဆုံးနည်းလမ်းပါ။

အရေပြားအဖုအပိမ့်တွေ ကိုသက်သာစေနိုင်ပါတယ် ဥသျှစ်သီးဖျော်ရည်ကို ကရဝေးရွက်၊ နနွင်းတို့နဲ့ဖျော်ပြီးတစ်နေ့နှစ်ကြိမ်သောက်ပေးမယ်ဆိုရင်

အရေပြား မှာအဖုအပိမ့်တွေဖြစ်တာကို သက်သာစေနိုင်မှာပါ။ နို့ထွက်စေနိုင်တယ်

နို့တိုက်မေမေေ တွအနေနဲ့ ဥသျှစ်သီးကို ချင်း(

ဂျင်း ) နဲ့ဖျော်ပြီးသောက်ပေးမယ်ဆိုရင်

ဘေဘီလေး အတွက် လုံလောက်တဲ့ နို့ချိုကို ရရှိစေမှာပါ။

ကင်ဆာ ကာကွယ်ပေးနိုင်တယ် နေ့တိုင်း ဥသျှစ်သီးဖျော်ရည် တစ်ခွက်သောက်သုံးပေးတာက

ရင်သားကင်ဆာ အပါအဝင် ကင်ဆာတော်တေ်ာများများကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သွေးသန့်စေနိုင်တယ် ဥသျှစ်သီးကိုရေနွေးနွေးလေးနဲ့ ပျားရည်တို့နဲ့ရောစပ်လို့ သောက်သုံးပေးတာက သွေးတွင်းကအဆိပ်အတောက်တွေကိုအထိရောက်ဆုံးဖယ်ရှားပေးနိုင်ပြီး သွေးသန့်စေနိုင်ပါတယ်။

လိပ်ခေါင်း သက်သာစေနိုင်တယ် ဥသျှစ်သီးဖျော်ရည်က ဝမ်းမှန်စေရုံတင်မဟုတ်ဘဲ ဝမ်းပျက်ဝမ်းလျှော၊ဝမ်းကိုက်တာတွေကိုပါသက်သာစေနိုင်သလို လိပ်ခေါင်းဝေဒနာကိုပါ သက်သာစေနိုင်ပါတယ်။

ဗီတာမင် C ချို့တဲ့မှုကို ကာကွယ်ပေးနိုင်တယ် ဗီတာမင် C ချို့တဲ့မှုကြောင့်ဖြစ်တဲ့ သွေးကြောတွေထိခိုက်တာမျိုးမဖြစ်စေဖို့အတွက်လည်း ဥသျှစ်ဖျော်ရည်ကို သောက်သုံးပေးလို့ရပါတယ်။ ဥသျှစ်သီးက ဗီတာမင် နဲ့ သတ္တုဓာတ်များစွာကြွယ်ဝတာကြောင့် ရောဂါတော်တေ်ာများများကို သက်သာစေနိုင်စွမ်းရှိပါတယ်။

အသက်ရှုလမ်းကြောင် းကတဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်

ပန်းနာရင်ကျပ်ရောဂါ အပါအဝင်အအေးမိဖျားနာတာလိုမျိုးအသက်ရှုလမ်းကြောင်းကနေတဆင့် ကူးစက်တဲ့ရောဂါတွေကိုအထိရောက်ဆုံး ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ် ဥသျှစ်သီးက

ပန်ကရိယ ကိုလှုံ့ဆော်ပေးပြီးအင်ဆူလင်ကို လုံလောက်စွာထုတ်စေနိုင်တာကြောင့် သွေးတွင်းသကြားဓာတ်ကိုအထိရောက်ဆုံးထိန်းချုပ်နိုင်ပါတယ်။

နားကိုက်တာ ကို သက်သာစေနိုင်တယ်


နားကိုက်တာကိုသက်သာစေဖို့ဆိုရင်တော့ ဥသျှစ်ပင်အမြစ်ကိုအသုံးပြုပေးလို့ရပါတယ်။အခြားသော

နားပြဿနာ အမျိုးမျိုးအတွက်လည်း ဥသျှစ်ပင်အမြစ်ကိုအသုံးပြုပေးလို့ရပါတယ်။

Hello Health Group  သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


#ဖျော်ရည်
#ချို
#အပူပိုင်းဒေသ
#သွေး
#လမ်းကြောင်း

Some text some message..