အစာမကြေ နောက်ဆက်တွဲရောဂါ
healthcare.com.mm
|
2019-07-07


အစားအစာကို ချင့်ချိန်၍ စားသူများ၊အချိန်မှန်စား သူများမှာအစာမကြေရောဂါ ဖြစ်ခဲသည်။အစားအစာကို ကြိုက်လျှင် ကြိုက်သလို စားသူများ၊အချိန်မှန် မစားသူများနှင့်အထူးသဖြင့် ညဉ့်အချိန်အပုပ်ချိန် စားသောက်သူ များမှာအစာအိမ်အကျင့်ပျက်၊ ဝမ်းမီးပျက်ပြီးအစာမကြေရောဂါ ရလာတတ်သည်။အစာမကြေ ရောဂါကြောင့် ဖြစ်သော နောက်ဆက်တွဲရောဂါ များစွာရှိသည်။ ထိုရောဂါများထဲမှ ထင်ရှားသော ရောဂါများမှာ-၁။ ခေါင်းကိုက်ရောဂါ ၂။ ဝမ်းချုပ်ရောဂါ ၃။ နောက်ကြောတက်ရောဂါ ၄။ လေပွ၊ လေအထက်ဆန်ရောဂါ ၅။အိပ်မပျော်ရောဂါအစရှိသော နောက်ဆက်တွဲ ရောဂါများစွာ ဖြစ်လာနိုင်သည်။ ခေါင်းကိုက်ရောဂါ ဝေဒနာသည်အလုပ်တစ်ခုကိုအာရုံစိုက် မလုပ်နိုင်သော ရောဂါဖြစ်သဖြင့်အလွန်ဒုက္ခရောက်သည်။ နံနက်အိပ်ရာထ မျက်နှာသစ်ပြီးသည်နှင့် ခေါင်းကိုက်နေသူကို တွေ့ဖူးသည်။ ထိုသူသည် လွန်ခဲ့သော ညက ညစာစားပွဲ သွားပြီး ညဉ့်နက်သန်းခေါင်ထိအောင် စားခဲ့သောက်ခဲ့သူ ဖြစ်သည်ကို တွေ့ရှိရသည်။ညဉ့်အချိန်သည်အစာအိမ်အနားယူရမည့်အချိန်ဖြစ်သည်။အစာသစ်အိမ်မှအစာများသည်အကြမ်းအားဖြင့် ကြေချက်ပြီး၍အူသိမ်၊အူသေး၊အူမ တို့ရှိအစာများမှ ရသာရည်ကို စုပ်ယူပြီး ခန္ဓာကိုယ်အတွက်အာဟာရကို စုဆောင်းချိန် ဖြစ်သည်။ ထိုအချိန်တွင်အစာအိမ်မှအစာများကို ထပ်မံလက်ခံယူပြီးအူသိမ်အူမသို့ပို့လျှင် လက်မခံနိုင်တော့ဘဲအစာမကြေ ဖြစ်ရသည်။မကြေကျက်သောအစာများ၊အစေးအချွဲဓာတ်နှင့် ရသာရည် မစုပ်ယူရသေးသောအစာများသည် ဝမ်းအဖြစ်ဖြင့်အူမကြီးအဆုံးရှိအစာဟောင်းအိမ်သို့ ရောက်ရှိလာသောအခါ ပိတ်ဆို့ပြီး စမြင်းခေါ် ဝမ်းအမာအခဲများ ဖြစ်လေသည်။ ထိုဝမ်းအမာအစိုင်အခဲများ ရှေ့မှပိတ်ဆို့ထားသဖြင့် နောက်မှ ရောက်ရှိလာသော ဝမ်းအရည်များမှာလည်းအောက်သို့၊ ပြင်ပသို့ မသက်ဆင်း နိုင်သောအခါ ဝမ်းအချဉ်ပေါက်ခြင်း၊အူမကြီးရောင်ခြင်းတို့ ဖြစ်စေနိုင်သည်။အူမကြီးတွင် ဝမ်းပိတ်ဆို့မှု ဖြစ်ခြင်းကြောင့်အောက်သို့ စုန်သောလေသည်အထက်သို့ ပြန်လှန်ပြီး လေပွခြင်း၊ လေအောင့်ခြင်းများ ဖြစ်နိုင်သည်။ ဝမ်းချုပ်ပြီး လေများအောင်းခိုခြင်းကြောင့်အူမကြီးကျယ်ပြီး ဝမ်းဗိုက်ဖောင်းကားလာရသည်။အချို့သူများတွင် လူဝသည်ထက် ဝမ်းဗိုက်ကပို၍ ဖောင်းကားပြီး ပုံပျက်နေသည်ကို တွေ့ရသည်။ ညစာစားခြင်းနှင့်အတူအရက်နှင့်ဘီယာ သောက်သူများတွင် ဝမ်းဗိုက်သည် ပုံပျက်အောင် ဝလာသည်ကို တွေ့ရသည်။အစာမကြေခြင်းနှင့် လေပွခြင်းကြောင့်အူမကြီး ဖောင်းကားလာခြင်းမှအခြေခံသော ရောဂါဖြစ်သည်။အစာမကြေခြင်းကြောင့် ဝမ်းဗိုက်ဖောင်းပွခြင်းနှင့်အတူအသည်းအဆီဖုံးခြင်းလည်း ဖြစ်နိုင်သည်။အစားအစာကိုအချင့်အချိန် မရှိစားသူ၊အဆီနှင့် ကြေခဲသောအကြော်အလှော် စားသူများတွင်အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်သည်။အနောက်တိုင်း ဆေးပညာ၌အဝလွန်သူများတွင် သွေးတိုး၊ နှလုံးရောဂါနှင့်အတူအသည်းအဆီဖုံးရောဂါအများဆုံး ဖြစ်နိုင်သည်ဟု သတိပေးထားသည်ကို တွေ့ရသည်။မြန်မာ့ရိုးရာ တိုင်းရင်းဆေး ပညာတွင် ''ရောဂါမူလံ၊အဇိဏ္ဏကံ'' ဟုဆိုသည်။ ရောဂါမှန်သမျှ၏ မူလအရင်းအမြစ်သည် (အဇိဏ္ဏ)အစာမကြေခြင်းမှစသည်ဟု ဆိုခြင်းဖြစ်သည်။အစာကို ကောင်းစွာ ကြေကျက်အောင် ဝါးစားခြင်း၊ သင့်တင့်ရုံသာ စား၍အလွန်အကျွံမစားခြင်း၊ ညနေစာကိုလျှော့စားခြင်း၊ ညစာနှင့် ညဉ့်နက်မှစားသောအစာများကို ရှောင်ကြဉ်ခြင်းဖြင့် သက်ရှည်ကျန်းမာ ရောဂါကင်းဝေးနိုင်ကြောင်း တင်ပြလိုက်ရပါသည်။ Credit : ကြည်မြင့်လွင် (မုဒြာ)သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


#ရောဂါ
#အူမကြီး
#ဝမ်း
#အစာ
#ဝမ်းဗိုက်

Some text some message..