အမျိုးသားများနှင့် လိင်တံအရေပြားမှိုစွဲခြင်းရောဂါ
hellosayarwon.com
|
2019-07-10


လိင်အင်္ဂါမှိုစွဲတယ်ဆိုတာ တကယ်တော့အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များတတ်တဲ့ ရောဂါပါ။အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံရာကနေ

အမျိုးသားေ တွကို ကူးစက်ပြီး လိင်တံမှိုပိုး ကူးစက်ခံရတာဖြစ်ပါတယ်။ တခြားအရေပြားပြဿနာတွေထက် ပိုအန္တရာယ်များပြီး မကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင် နာကျင်မှု၊ ယားယံမှုတွေအပြင် ရောဂါပိုးတွေလည်း ကူးစက်ခံရဖို့ ပိုလွယ်ကူပါတယ်။အထူးသဖြင့် မှိုပိုးက သွေးကြောထဲဝင်ရောက်သွားတဲ့အခါ ရောဂါအခြေအနေက တော်တော်ဆိုးတယ်လို့ ပြောလို့ရပါပြီ။

လိင်တံမှိုစွဲခြင်း ရောဂါလက္ခဏာတွေက ဘာလဲ။
အစောပိုင်း ပိုးကူးစက်ခံရတဲ့အခါအရေပြားက နီရဲနေပြီးအင်ပျဉ်တွေထနေမယ်။

လိင်တံေ ပါ်မှာအဖြူကွက်တွေအကွက်လိုက်ဖြစ်ပေါ်နေပြီး ကိုင်လိုက်ရင် စိုစိုလေးဖြစ်နေမယ်။ ထိပ်အရေပြား ဖြတ်မထားတဲ့သူတွေမှာအရေပြားကိုအောက်လှန်ချလိုက်ရင် ပုံမှန်အရိအချွဲတွေလိုမဟုတ်ဘဲ မာပြီး ထူနေတဲ့အဖြူရောင်အခဲဖတ်တွေကို တွေ့ရပါမယ်။ ယားယံတာ၊ ပူစပ်ပူလောင်ဖြစ်သလို ခံစားရမယ်။ မှိုပိုးဟာ တစ်ခါတစ်ရံမှာ

လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေ နဲ့အတူ ဝင်ရောက်လာနိုင်ပါတယ်။

လိင်တံမှိုစွဲခြင်းအကြောင်း သိထားသင့်သမျှ
Candida လို့ခေါ်တဲ့ မှိုပိုးကူးစက်ခံရခြင်းကအဓိကတရားခံပါပဲ။ မှိုရောဂါပိုးရှိနေတဲ့အမျိုးသမီးနဲ့

အကာအကွယ် အသုံးမပြုဘဲ လိင်ဆက်ဆံရာမှ ကူးစက်ခံရတာဖြစ်ပါတယ်။ ဒီမှိုပိုးက လျင်မြန်စွာ ကြီးထွားလာတဲ့အခါ လိင်တံအရေပြာ မှိုစွဲခြင်းကို ဖြစ်စေနိုင်ပါတယ်။ ပူနွေးစိုစွတ်တဲ့ နေရာတွေ (လိင်တံ၊

ပေါင်ခြံ ၊ ချိုင်းကြား) မှာ မှိုစွဲဖို့အရမ်းလွယ်ကူပါတယ်။

ဘယ်သူတွေမှာ ဖြစ်နိုင်ခြေအများဆုံးလဲ။

မှိုစွဲနေတဲ့ မိန်းမကိုယ်တွင်းအကာအကွယ်မပါဘဲ လိင်ဆက်ဆံတာ

တစ်ကိုယ်ရေသန့်ရှင်းမှု နည်းတာ

အတွင်းခံဘောင်းဘီ ကို မလျှော်ဘဲ ထပ်ခါထပ်ခါ ဝတ်တာ
လိင်တံထိပ်အရေပြား ဖြတ်မထားသူတွေ
တစ်နေ့ ရေတစ်ကြိမ်ချိုးဖို့တောင် ပျင်းတဲ့အမျိုးသားတွေ
လိင်တံအရေပြားကို သေချာကြေးတွန်းဆေးကြောခြင်း မရှိတာ
Antibiotic တွေကို စွဲစွဲမြဲမြဲ သောက်တာ
အဝလွန်ခြင်း

ဆီးချိုရောဂါရှိသူေ တွ
ကင်ဆာရောဂါ၊ HIV ပိုးကြောင့် ကိုယ်ခံအားနည်းနေသူတွေမှာ ပိုပြီးအဖြစ်များနိုင်ပါတယ်။

ကိုယ့်လိင်အင်္ဂါမှာ မှိုစွဲနေတယ်လို့ သံသယရှိရင် ဘာလုပ်သင့်လဲ။
အကောင်းဆုံးကတော့အရေပြားဆရာဝန်ဆီမှာ သေချာပြသကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ လိင်အင်္ဂါအရေပြားအခြေအနေ၊ ဖြစ်နေတဲ့ ရောဂါလက္ခဏာတွေ၊ ကွာကျလာတဲ့အဖြူဖတ်တွေကိုအနုကြည့်မှန်ပြောင်းအောက်မှာ စစ်ဆေးပြီး သေချာပြီဆိုတော့မှ ကုသမှုစတင်ပြုလုပ်မှာဖြစ်ပါတယ်။ ဆရာဝန်အနေနဲ့ မှိုရောဂါအတွက် လိမ်းဆေးတွေ၊ လိုအပ်တဲ့အခါ သောက်ဆေးတွေ ညွှန်းပေးမှာ ဖြစ်ပါတယ်။အမြစ်ပြတ်ပျောက်ကင်းဖို့အချိန်တစ်ပတ်လောက်တော့ ကြာနိုင်ပါတယ်။ ဒီအတောအတွင်းမှာ လိင်မှုကိစ္စကို လုံးဝရှောင်ကြဉ်ဖို့ လိုပါတယ်။

ထိပ်အရေပြား မဖြတ်ထားတဲ့အမျိုးသားတွေအနေနဲ့အရေပြားဖြတ်ဖို့ လို၊ မလိုကို ဆရာဝန်က ကြည့်ပေးမှာပါ။

မှိုစွဲတာပျောက်သွားရင်ရော ပြန်ဖြစ်နိုင်လား။
ပထမအကြိမ်မှာ ရောဂါကိုအမြစ်ပြတ်အောင် မကုသတာဖြစ်စေ၊ ထပ်ပြီး

အကာအကွယ် မပါဘဲ လိင်ဆက်ဆံတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတဲ့အခါမှာလည်း ပြန်ပြီးဖြစ်နိုင်ပါသေးတယ်။အရေပြားမှိုစွဲခြင်းဟာ စောစောသိပြီး ကုသမှုခံယူရင် ပျောက်ဖို့အရမ်းလွယ်ကူတာကြောင့် ကိုယ့်မှာ သံသယဖြစ်စရာလက္ခဏာတွေ တွေ့တာနဲ့ ဆရာဝန်နဲ့ ပြဖို့လိုတယ်နော်။ တစ်ကိုယ်ရေသန့်ရှင်းမှုကို သေချာဂရုစိုက်မယ်၊ ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံမယ်ဆိုရင်တော့ ဒီလိုမှိုစွဲတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး။  

Hello Health Group  သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


#မှို
#အရေပြား
#ပိုး
#အကာအကွယ်
#ဆရာဝန်

Some text some message..