Thyroid Diseases - လည်ပင်းကြီးအကျိတ်
healthcare.com.mm
|
2019-07-14


အားအင်ကုန်ခမ်း၊ လူကဝလာ၊ သတိမေ့ချင်ချင်ဖြစ်၊ ဆံပင်ကျွတ်ပြီး ချမ်းတတ်လာပါသလား။ ဒါမှမဟုတ် ဒါတွေနဲ့ ပြောင်းပြန်အိုက်တတ်မယ်၊ ချွေးပိုထွက်မယ်၊ ပိန်လာမယ်၊ စိုးရိမ်တာများမယ် ဆိုတာတွေ ဖြစ်လာနေပါသလား။ လည်ပင်းကြီးဆိုတာကို စစ်ဆေးဘို့လိုပါမယ်။အမျိုးသမီးဆို ပိုလိုမယ်။အသေအခြာ ဆေးစစ်ကုသပါ။ မဟုတ်ရင် ဆိုးဝါးတာတွေ ဖြစ်လာနိုင်တယ်။(သိုင်းရွိုက်-ဂလင်း) လည်ပင်းကြီးအကျိတ်ဆိုတာ လိပ်ပြာပုံ လည်ပင်းရှေ့တည့်တည့် လူတိုင်းမှာရှိတယ်။ မကြီးရင်၊ ရောဂါမရရင် စမ်းလို့ မတွေ့နိုင်ဘူး။ သူကနေ ဟော်မုန်းတွေကို ထုတ်ပေးနေတယ်။ ဇီဝဖြစ်စဉ်တွေ မြန်စေ-မှန်စေဘို့ရာအင်မတန်လိုအပ်တယ်။ ဒီလိုအလုပ်အတွက် (အင်နာဂျီ) ကိုသုံးပြီးမှ လုပ်ရတာဖြစ်တယ်။ လည်ပင်းစမ်းသပ်ပါ ခေါင်းကို နောက်နဲနဲလှန်ထားပြီး၊ တံတွေးကို မျိုလိုက်ချိန်မှာ (အာဒမ်) ပန်းသီးခေါ်တဲ့ လည်စေ့အထက်နားကို ကြည့်ပါ။ မျိုးချတာနဲ့အတူအလုံးလေးက လိုက်ပြီး တက်တာ၊ ဆင်းတာဖြစ်တာ သတိထားမိရင် ဆရာဝန်ပြပါ။ လည်ပင်းကြီးရောဂါရလာရင် ဇီဝဖြစ်စဉ်တွေကို သက်ရောက်စတယ်။ ဟော်မုန်းက များလာတာရော နည်းလာတာရော ရောဂါဘဲ။ ကိုယ်အလေးချိန် တက်လာတာက ဟော်မုန်းနည်းနေလို့။ Hypothyroidism ရောဂါ ခေါ်တယ်။အဖြစ်များတယ်။ ကိုယ်အလေးချိန် ကျလာတာက ဟော်မုန်း များနေလို့။ Hyperthyroidism ရောဂါခေါ်တယ်။ လည်ပင်းမှာအကျိတ်-အလုံး လည်ပင်းမှာအကျိတ်စမ်းတွေ့တိုင်းတော့ လည်ပင်းကြီး ဟော်မုန်း နည်းတာ-များတာ မဟုတ်ပါ။ ကင်ဆာလဲ ဖြစ်နိုင်တယ်။ ကင်ဆာမဟုတ်တဲ့အလုံးတွေလဲဖြစ်နိုင်တယ်။ လည်ပင်းကြီးနဲ့မဆိုင်တာလဲ ဖြစ်နိုင်သေးတယ်။ နှလုံးခုန်နှုန်းအပြောင်းအလဲ လည်ပင်းကြီး ဟော်မုန်းတွေကနေ ကိုယ်မှာရှိတဲ့အင်္ဂါအစိတ်အပိုင်းအားလုံးနီးနီးကို သက်ရောက်စေတယ်။ နှလုံးခုန်နှုန်းကိုလဲ နှေးစေ-မြန်စေနိုင်တယ်။ လည်ပင်းကြီး ဟော်မုန်း နည်းနေရင် နှလုံးခုန်နှုန်း နှေးလာမယ်။ များရင် မြန်မယ်။ တဆက်ထဲ သွေးဖိအားကိုလဲ များစေမယ်။ ရင်တုန်တာလဲဖြစ်စေမယ်။ (အင်နာဂျီ) စွမ်းအင် နဲ့ စိတ်မူအပြောင်းအလဲ ဟော်မုန်းနည်းနေရင် လူကို မောပန်းစေတယ်။ ဘာလုပ်လုပ် နှေးကွေးစေမယ်။ စိတ်ဓါတ်ကျနေမယ်။ ဟော်မုန်း များနေရင် စိုးရိမ်စိတ်ကဲနေမယ်။အိပ်မပျော်ချင်ဘူး၊ ဂနာမငြိမ်ဖြစ်မယ်၊ စိတ်တိုနေမယ်။ ဆံပင်ကျွတ်ရင် ဟော်မုန်း နည်းတာကနေရော များတာကနေပါ ဆံပင်ကျွတ်စေနိုင်တယ်။ ရောဂါကို ကုသတာနိုင်လာရင် ပြန်ကောင်းလာနိုင်တယ်။အပူး-အအေး ကိုယ်ခန္ဓာအပူချိန်ကိုထိန်းတဲ့ စနစ်ကို ဒီဟော်မုန်းက သက်ရောက်စေတယ်။ ဟော်မုန်း နည်းနေသူကအမြဲတန်းအေးနေပြီး များနေသူက ပူအိုက်နေတယ်။ ချွေးပြန်နေမယ်။ ညအပ်ရင် ပန်ကာ၊အိမ်ပြူတင်းပေါက် ဖွင့်အိပ်ချင်မယ်။ ဟော်မုန်းနည်းရောဂါ တခြားလက္ခဏာတွေအရေပြားခြောက်နေမယ်။ လက်သည်း-ခြေသည့် ကျွတ်ဆတ်နေမယ်။ လက်မှာ ထုံကျင်ကျင်ဖြစ်နေမယ်။ ဝမ်းချုပ်မယ်။ ရာသီ မမှန်ဖြစ်နိုင်တယ်။ဟော်မုန်းများရောဂါ တခြားလက္ခဏာတွေ ကြွက်သားတွေအားနည်းနေမယ်၊ လက်တုန်နေမယ်။ မျက်စိအမြင်အား နည်းလာမယ်။ ဝမ်းပျက်မယ်။ ရာသီမမှန်ဖြစ်မယ်။သွေးဆုံးတာနဲ့ မှားနိုင်တယ် လည်ပင်းကြီး ဟော်မုန်းရောဂါမှာ ဖြစ်လာတဲ့ ရာသီမမှန်တာ၊ စိတ်မူပြောင်းတာတွေက သွေးဆုံးတာနဲ့ မှားနိုင်တယ်။ သွေးစစ်မှ သိနိုင်တယ်။ သွေးလဲဆုံး ဟော်မုန်းရောဂါလဲရှိတာ တွဲဖြစ်တာလဲ ရှိတာဘဲ။Thyroid function tests လည်ပင်းကြီးအလုပ် စစ်တာလုပ်ရမယ်အသက် ၃၅ နှစ်ကျော်လာရင်အမျိုးသမီးတိုင်း စစ်သင့်တယ်လို့အကြံပြုထားတယ်။ ဖြစ်နိုင်ခြေအလားအလာရှိသူတွေက ဒိထက်စောပြီး စစ်သင့်တယ်။အသက် ၆ဝ ကျော်လာရင် ဟော်မုန်းနည်းရောဂါ ပိုအဖြစ်များတယ်။ ဟော်မုန်းများတာကအမျိုးသမီးတွေမျာ ပိုဖြစ်ပြီးအသက် ၆ဝ ကျော်ရင်လဲအဖြစ်များတာဘဲ။ လည်ပင်းကြီးအတွက် သွေးစစ်တယ်ဆိုတာ TSH များနေတယ်ဆိုတာ ဟော်မုန်းထုတ်ပေးနေတဲ့ (ဂလင်း) က သိပ်အလုပ်မလုပ်လို့ လုပ်အောင် နှိုးဆွပေးနေရတဲ့ ဟော်မုန်းတွေက များနေတာဖြစ်တယ်။ ဒါဟာ Hypothyroid ခေါ်တယ်။ TSH နည်းနေတယ် ဆိုတာက Hyperthyroid ဖြစ်တယ်။ တခြားဟော်မုန်းတွေကိုဆက်စစ်ရတယ်။ Total thyroxine (Total T4), Free thyroxine (Free T4), Total triiodothyronine (Total T3), Free triiodothyronine (Free T3) နဲ့ Thyroxine-binding globulin စတာတွေဖြစ်တယ်။ Thyroid imaging tests, biopsies နဲ့ တခြားစမ်းသပ်နည်းတွေလဲ လုပ်ရတယ်။ Hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းရောဂါ ပင်မအကြောင်းတခုက (ဟာရှီမိုတို) ရောဂါ ဖြစ်တယ်။ (အော်တို-အင်မြူး) ရောဂါတမျိုး ဖြစ်တယ်။ ရောဂါပြီးစနစ် ကမောက်မ ဖြစ်တာပါ။ မိသားစုထဲမှာ တယောက်မကဖြစ်နိုင်တယ်။ လည်ပင်းကြီး ဟော်မုန်းနည်းရောဂါရဲ့အကြောင်းခံတွေထဲမှာ (ပစ်ကျူထရီ-ဂလင်း) ခေါ်တဲ့ ဦးနှောက်အောက်ခြေမှာရှိတဲ့ ဟော်မုန်းများစွာကို ထုတ်ပေးနေတဲ့ နေရာမှာ ရောဂါရတာလဲ ပါတယ်။ သူကနေ TSH ဟော်မုန်းကိုထုတ်ပေးနေလို့ လည်ပင်းကြီးအကျိတ်ကိုအလုပ်လုပ်ခိုင်းနေတဲ့သဘော ဖြစ်တယ်။ ဒါအထွက်နည်းရင်အလုပ်လုပ်တာနည်းလာမယ်။ လည်ပင်းကြီးအကျိတ်ရောင်တာ (ယာယီ) နဲ့ ဆေးဝါးတွေကနေလဲ ဟော်မုန်းနည်းရောဂါ ဖြစ်စေနိုင်သေးတယ်။ Hypothyroidism နည်းတာကို ဘယ်လိုကုသမလဲ Thyroid hormones ဆေးသောက်ရမယ်။ ၂-၃ ပါတ်နေရင် သိသိသာသာ ကောင်းလာမယ်။ ရေရှည်အတွက် (ကိုလက်စထော) ချတာ၊အလေးချိန်ချတာတွေပါလုပ်ရမယ်။အများအားဖြင့် ဆေးက တသက်တာလုံး သုံးနေရမယ်။ Graves' Disease (ဂရေ့ဖ်) ရောဂါ Hyperthyroidism လည်ပင်းကြီး ဟော်မုန်းများရောဂါရဲ့ ပင်မအကြောင်းတခုက (ဂရေ့ဖ်) ရောဂါ ဖြစ်တယ်။ ဒါလဲ (အော်တို-အင်မြူး) ရောဂါတမျိုး ဖြစ်တယ်။ ရောဂါပြီးစနစ် ကမောက်မ ဖြစ်တာပါ။ မျက်လုံးပြူးထွက်နေတာက သိသာတယ်။ လည်ပင်းကြီး ဟော်မုန်းများစေတဲ့ တခြားအကြောင်းတွေကတော့အလုံး-အကျိတ်တွေ ဖြစ်တာတွေပါ။ စမ်းလို့ရရင် Goiter ခေါ်ပြီး သေးတာကို (အာလ်ထွာဆောင်း) လုပ်မှ သိရတယ်။Hyperthyroidism များတာကို ဘယ်လိုကုသမလဲ Antithyroid ဆေး ပေးရတယ်။ ပျောက်သွားတာ များပါတယ်။ တချို့မှာ ဆေးကြာကြာသောက်နေရတယ်။ နှလုံးခုန်တာ၊ လက်တုံတာအတွက် တခြားဆေးတွေလဲ ပေးရသေးတယ်။ Radioactive iodineအနုမြူဆေးလဲ ပေးပါတယ်။ ၆-၁၈ ပါတ်ကြာတတ်တယ်။ ခွဲစိတ်ပြီးနောက်အကျိတ်လုံးဝ မရှိတော့ရင် Thyroid hormones ဆေး သောက်နေရမယ်။ လည်ပင်းကြီးရောဂါ နောက်ဆက်ဖြစ်မှာတွေ Hypothyroidism ရောဂါရှိနေပြီး ဆေးမကုရင် (ကိုလက်စထော) များလာမယ်။ (စထုပ်ခ်) ဦးနှောက်သွေးကြောရောဂါ နဲ့ နှလုံး (အတက်ခ်) ရောဂါ ရလာစေနိုင်တယ်။ ကိုယ်အပူချိန် သိပ်ကျနေတာလဲအန္တရာယ်ရှိတယ်။အရိုးတွေက ကျိုးလွယ်လာမယ်။ ခွဲစိတ်နည်းတွေ Hyperthyroidism ဖြစ်နေတာကို Antithyroid drugs ဆေးမတိုးသူတွေကို ခွဲစိတ်ပေးရတယ်။ လည်ပင်း သိပ်ကြီးနေရင်လဲ ခွဲရတယ်။ Thyroid nodules ရောဂါကိုလဲ ခွဲတယ်။ တခုလုံးထုတ်ရရင် Thyroid hormones ဆေးသောက်နေရမယ်။ ဒါမှ Hypothyroidism နည်းတဲ့ရောဂါ မရမှာဖြစ်တယ်။ Thyroid Cancer လည်ပင်းကြီး ကင်ဆာ ဘာလို့ဖြစ်လဲ မသိပါ။ သေတဲ့အထိဆိုးတာအတော်ရှားတယ်။ Thyroid nodules ထဲက ၅% လောက်မှာ ကင်ဆာ ဖြစ်နိုင်တယ်။ Surgery ခွဲစိတ်ထုတ်ပြစ်ပြီးနောက်မှာ Radioactive iodine therapyအနုမြူဆေးပေးတယ်။ တချို့ကို External radiation therapy ဓါတ်ကင်ပေးတယ်။Credit : Dr. တင့်ဆွေ သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။   


#လည်ပင်း
#ရောဂါ
#အကျိတ်
#နည်း
#ဆံပင်ကျွတ်

Some text some message..