ပရိုတင်း shake ဘယ်နှစ်မျိုးရှိလဲ။ ဘယ်လိုအာနိသင်တွေရှိလဲ။
hellosayarwon.com
|
2019-07-14


  ြ

ကွက်သား တက်ချင်ရင် ပရိုတင်း Shake တွေသောက်၊ ဝိတ်မြန်မြန်ကျဖို့အဆီတွေ များများလောင်ကျွမ်းဖို့ ပရိုတင်း မှုန့်တွေ၊

ပရိုတင်း shake တွေက ကူညီနိုင်တယ်ဆိုတာအားလုံးကြားဖူးကြမှာပါ။ တကယ်လည်းမှန်ပါတယ်။ ကိုယ်ခန္ဓာအချိုးအစားကျအောင် တည်ဆောင်နေတဲ့ သူတိုင်းအတွက် ပရိုတင်း shake ကအရေးပါတဲ့အပြင် သူ့မှာ အခြား ကျန်းမာရေးအာနိသင်တွေ လည်းအများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။

( ၁ ) ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။.
ပရိုတင်းမှုန် ့မပြောနဲ့ ပရိုတင်းကြွယ်ဝတဲ့အသားတွေ ပ ဲတွေ စားပြီးရငိ တစ်ချိန်လုံးအဆာခံတာကြောင့် ပရိုတင်းမှုန့်တွေက ဝိတ်ချတဲ့သူတွေ ကြား နာမည်ကြီးနေရခြင်းပါ။ နောက်ပြီး ပရိုတင်းဆိုတာ

ကြွက်သား တစ်ခု တည်ဆောက်ဖို့အတွက်အခြေခံအုတ်မြစ်ဖြစ်တာကြောင့် ဝိတ်တက်ပြီး ဗလတောင့်ချင်တဲ့သူတွေအတွက်လည်း သူကအားကိုးလို့ရတဲ့အရာတစ်ခုပါ။ ဒီတော့ လှပပြီးအချိုးကျတဲ့ကိုယ်ခန္ဓာတစ်ခုကို ပရိုတင်းက ယူဆောင်ပေးနိုင်တယ်ဆိုတာအံ့သြစရာတော့ မရှိပါဘူး။

( ၂ ) ကြွက်သားတည်ဆောက်မှုကိုအားပေးပါတယ်။
ဗလတောင့်ြ ပီး ကိတ်နေတဲ့ ကိုကို၊ မမတိုင်း ပရိုတင်းဖျော်ရည်နဲ့ ကင်းတာ ရှားပါတယ်။ ပရိုတင်းရဲ့အဓိက တာဝန်က ကြွက်သားတည်ဆောက်မှုအပိုင်း ဖြစ်နေတာကြောင့်

gym သွား ဝိတ်မပြီး လေ့ကျင့်ခန်းလုပ်နေသူတိုင်း ပရိုတင်း shake တွေကို သောက်လေ့ရှိကြပါတယ်။ တကယ်လည်း ပရိုတင်းမှုန့်တွေက ကြွက်သားတည်ဆောက်မှုကိုအားပေးတယ်ဆိုတာကို တစ်ညီတစ်ညွတ်တည်း လက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလို ကြွက်သားတွေ တည်ဆောက်ပေးတဲ့အာနိသင်ဟာ သောက်တဲ့သူရဲ့ အသက်အရွယ်၊ ကိုယ်ခန္ဓာအချိုးအစား နဲ့ လုပ်တဲ့လေ့ကျင့်ခန်းတွေ မူတည်ပြီး ကွဲပြားသွားတတ်ပါတယ်။

( ၃ ) လေ့ကျင့်ခန်းလုပ်ပြီးချိန် ပျက်စီးသွားတဲ့ ကြွက်သားတွေ နေရာမှာ ပြန်ပြီးအစားထိုးပေးပါတယ်။
ပရိုတင်းက

ကြွက်သား အသစ်တွေ တည်ဆောက် ဖို့အားပေးသလို လေ့ကျင့်ခန်းလုပ်နေချိန် ပျက်စီးသွားတဲ့ ကြွက်သားတွေကို ပြန်ပြီး ပြုပြင်ပေးပြန်ပါတယ်။ ဒါ့ကြောင့်အားကစားလုပ်ပြီးတိုင်း နာကျန်နေတဲ့ ကြွက်သားနာကျင်မှုတွေ သက်သာစေဖို့ ပရိုတင်းဖျော်ရည်တွေကို သောက်ကြတာဖြစ်ပါတယ်။

( ၄ )အာဟာရလည်းဖြစ်စေပါတယ်။
အရွယ်ရောက်ပြီးသား လူတစ်ယောက်တစ်နေ့ စားရမယ့်

ပရိုတင် းပမာဏက ယောက်ျားလေးဆို ၅၆ ဂ၇မ် မိန်းကလေးဆို ၄၆ ဂရမ်ပါ။ ဒါပေမယ့်လည်း ဒီလို နေ့စဉ်လိုအပ်တဲ့ ပမာဏရအောင်

အသာ းတွေ ပဲတွေ လိုက်စားဖို့ဆိုတာ ပြောရင်သာလွယ်မယ် လုပ်ရင်တော့ တကယ်ကို ခက်ခဲတဲ့အရာပါ။ ပရိုတင်းကိုဘယ်နေရာကနေရမလဲ သေချာမသိတာတစ်ကြောင်း၊ ကိုယ် ပရိုတင်း ဘယ်လောက်စားလိုက်မှန်း မသိတာကတစ်ကြောင်းနဲ့ မရေမရာ ဖြစ်နေတတ်ပါတယ်။ ဒီလိုနဲ့ နေ့စဉ်လိုအပ်တဲ့ ပရိုတင်းတွေ မစားမိလိုက်တဲ့အခါ

ပရိုတင်းဓာတ်ချို ့တဲ့တဲ့ပြဿနာတွေဖြစ်သွားနိုင်ပါတယ်။ ဒါတွေအတွက်

ပရိုတင်း Shake တွေ က ဖြေရှင်းပေးနိုင်မှာပါ။အားကစားသမားတွေ၊ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်နေတဲ့သူတွေ၊အစားအသောက်ပျက်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည် ဝေဒနာခံစားနေရတဲ့သူတွေက ပရိုတင်းဖျော်ရည်တွေ သောက်ပေးဖို့ ပိုလိုအပ်ပါတယ်။ ဒါတွေကတော့

ပရိုတင်းဖျေ်ာရ ည်တွေက ကိုယ်ခန္ဓာတည်ဆောက်ဖို့အတွက် ဘယ်လိုအကျိုးပြုနေလဲဆိုတာတွေပါ ။ဒါတွေအပြင် ပရိုတင်း ဖျော်ရည်အမျိုးအစားဘယ်နှစ်မျိုးရှိလဲဆိုလေးတွေပါသိထားရင် ပိုကောင်းပါတယ်။ ကိုယ်နဲ့ ကိုက်ညီတာ ရွေးသောက်လို့ရတာပေါ့။ Whey – ပရိုတင်းဖျော်ရည်တွေအာလုံးထဲမှာ ဒီ Whey ပရိုတင်းက နာမည်အကြီးဆုံးနဲ့ လူသောက်အများဆုံးပါ။ ရေမှာပျော်ဝင်တဲ့ ပရိုတင်းအမှုန့်အမျိုးအစားတစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာကအလွယ်တကူသုံးစွဲနိုင်တာကြောင့်အာနိသင် မြန်မြန်ထိရောက်တဲ့ ပရိုတင်းတစ်ခုပါ။ Casein -ဒီအမျိုးအစားကတော့ လေ့ကျင့်ခန်းလုပ်ပြီးနောက် ထိခိုက်သွားတဲ့ ကြွက်သားတွေကို ပြန်လည်အားပေးတဲ့အမိုင်နိုအက်ဆစ်glutamine ပါဝင်တဲ့ပရိုတင်းအမျိုးအစားပါ။ သူက နို့ထွက်ပစ္စည်းကနေဆင်းသက်လာတဲ့ ပရိုတင်းမှုန့်ဖြစ်တဲ့အတက် နို့နဲ့ ဓာတ်မတည့်တဲ့သူတွေ၊ သတ်သတ်လွတ်သမားတွေအတွက် မသင့်တော်ပါဘူး။  ဒီ ပရိုတင်းကို ကိုယ်ခန္ဓာက ခြေဖျက်ရတာလည်း ကြာတဲ့အတွက် သူ့ကို ညဘက်အချိန်မှာ သောက်တာအကောင်းဆုံးပါ။ Soy - ပဲပိစပ်လို့လူသိများတဲ့ ဒီ ပရိုတင်းဖျော်ရည်မှာ ကိုယ်ခန္ဓာအတွက်တကယ်ကိုအရေးကြီးတဲ့အမိုင်နိုအက်ဆစ်တွေအများကြီးပါပါတယ်။ ဒါ့ကြောင့် Whey တို့ Casein တို့ မကြိုက်တဲ့သူတွေ ဒီ ပဲပိစပ်ကနေရတဲ့ ပရိုတင်းကို မှီဝဲသင့်ပါတယ်။ Pea -အသားမဟုတ်ဘဲအပင်ကနေ ထုတ်ထားတဲ့ ပရိုတင်းတွေအားလုံးမှာpea protein ပါပါတယ်။ ဒီ pea protein မှာအဓိကပါဝင်တဲ့အ ရာကတော့ ကြွက်သားတည်ဆောက်ဖို့အတွက် တကယ်ကိုအရေးပါတဲ့အမိုင်နိုအက်ဆစ် arginine ပါ။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။    


#ပရိုတင်း
#ကြွက်သား
#ကိုယ်ခန္ဓာ
#ဖျော်ရည်
#လေ့ကျင့်ခန်း

Some text some message..