ကိုယ်ဝန်လရင့်တဲ့အချိန်
ရင်သာ
းကနေ နို့မထွက်လာဘဲ သွေးလေးတွေ စို့နေတယ်။ ကလေး
နို့တိုက်
နေတဲ့အချိန် ရင်သားက နို့မထွက်ဘဲ သွေးတွေ ထွက်လာမယ်၊ နို့ထဲသွေးတွေရောနေမယ် ဆိုရင် မေမေတိုင်း လန့်သွားကြမှာ ကျိန်းသေပါတယ်။ ဘာများဖြစ်တာလဲ။ တစ်နေရာမှာများ ထိခိုက်မှုရှိလို့လား ကျန်းမာရေး တစ်ခုခုများဖြစ်ေနေပြီးလား။အဲလိုဖြစ်ရင် ကလေးကို နို့ဆက်တိုက်လို့ရသေးရဲ့လား ။
ကလေးမွေးပြီး ကာလနို့တိုက်နေချိန်မှာ နို့မဟုတ်ဘဲ သွေးတွေထွက်ခဲ့ရင်
လုံးဝစိုးရိမ်စရာ မရှိပါဘူး။ ဒါဟာ ပုံမှန်ဖြစ်တတ်တဲ့အရာတစ်ခုပါ။ ဒီတော့ စိတ်အေးလို့ရပါပြီ။ ဒါပေမယ့် ဘာ့ကြောင့်နို့ထဲသွေးပါရလဲဆိုတဲ့ အကြောင်းလေးတွေ သိထားဖို့တော့ လိုသေးတာပေ့ါနော်။
ခုပြောပြမယ့်အချက်တွေက နို့တိုက်ချိန် နို့ထဲ သွေးပါ၊ နို့မထွက်ဘဲ သွေးတွေ ထွက်လာနိုင်တဲ့အကြောင်းလေးတွေပါ။
( ၁ ) နို့သီးခေါင်းကွဲခြင်း။ ။
နို့သီးခေါင်းကွဲတဲ့ ပြဿနာဟာ နို့ထဲ သွေးပါစေနိုင်တဲ့အဓိက ပြဿနာတစ်ခုပါ။ ဒီလို နို့သီးခေါင်းကွဲရခြင်းကိုအဓိကဖြစ်စေနိုင်တဲ့ ပြဿနာက
နို့တိုက်
တဲ့ ပုံစံနဲ့ တိုက်ပုံတိုက်နည်းမမှန်တာကြောင့်နဲ့ ရင်သားပတ်လည်ကို သေချာသန့်ရှင်းရေး မလုပ်တာကြောင့် ဖြစ်ရတာပါ။
( ၂ ) Rusty Pipe Syndrome
ကလေးမွေးပြီးခါစအချိန်
ရင်သား
ဆီကို သွေးစီးဆင်းမှု များနေတဲ့အတွက်ကြောင့်
နို့ဦးရည်
နဲ့ နို့ထဲသွေးတွေပါလာတာ ဖြစ်တတ်ပါတယ်။
နို့ချောင်
းတွေဖွံ့ဖြိုးလာဖို့နဲ့ နို့ထွက်များစေဖို့ သွေးလည်ပတ်မှု ကောင်းကောင်းရှိနေဖို့အရေးကြီးပါတယ်။ ဒါကို ဆေးပညာမှာ rusty pipe syndrome ( ဒါမှမဟုတ်) vascular engorgement လို့ခေါ်ပါတယ်။ ဒီလို ပြဿနာဖြစ်တဲ့အခါ ဆေးကုသမှု ခံယူဖို့မလိုအပ်ပါဘူး။ ကလေးမွေးပြီး တစ်ပတ်လောက်ကြာရင် ဒီ နို့ထဲပါတဲ့သွေးပါတာတွေ ရပ်သွားမှာ ဖြစ်ပါတယ်။
( ၃ ) Intraductal Papilloma
Intraductal Papilloma ဆိုတာ
နို့ချောင်း
ထဲမှာ သေးငယ်တဲ့အလုံးလေးတစ်လုံး ကြီးထွားလာတာတဲ့ပြဿနာဖြစ်ပါတယ်။အလုံးဆိုတာနဲ့ ကင်ဆာလို့တော့ မထင်လိုက်ပါနဲ့။ Intraductal Papilloma က
ကင်ဆာ
မဟုတ်တဲ့အလုံးလေးတစ်လုံးသာဖြစ်ပါတယ်။ သူ့ကြောင့်လည်း နို့ထဲသွေးပါတာတွေ ဖြစ်တတ်ပါတယ်။ နို့တိုက်ချိန် ရင်သားကို စမ်းလိုက်မိတဲ့အကျိတ်လေးတစ်ခု စမ်းမိတယ်၊ နိ့ထဲမှာလည်း သွေးတွေပါနေတယ်ဆိုရင် ဒါ ကင်ဆာမဟုတ်တဲ့ Intraductal Papilloma ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်အခြား ကင်ဆာဖြစ်နိုင်တဲ့အကျိတ်တွေလည်း ရှိသေးတာမို့ ဒီလိုအကျိတ်ရော သွေးရောပါတဲ့ ပြဿနာတွေမှာ ဆရာဝန်တွေဆီ သွားပြတာအကောင်းဆုံးပါ။
ဒီလို နို့တိုက်ရင်းနဲ့ နို့ထဲသွေးပါတဲ့အခါ မေမေတို့သိသင့်တဲ့အချက်တွေဘာတွေရှိလဲ ။
မိခင်မှာ သွေးကနေတစ်ဆ့င့်ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်တဲ့
HIV
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊
အသည်းရောင်အသားဝါ
ဘီပိုး စီပိုး ရှိနေတယ်ဆိုရင်တော့ သွေးပါနေတဲ့ နို့ကို ကလေးကို မတိုက်တာအကောင်းဆုံးပါ။ ဒီလို နို့မတိုက်ရတဲ့
နို့တင်
းလာတဲ့ပြဿနာကို ဖြေရှင်းဖို့ နို့တွေကို ညှစ်ထုတ်ဖို့ လိုအပ်ပါတယ်။
နောက်ပြီး သွေးရောနေတဲ့ နို့တွေကို သောက်မိတဲ့ ကလေးဝမ်းက မဲမဲလေးတွေ သွားတတ်ပါတယ်။
ဒီလို နို့ထဲ သွေးပါတဲ့ ပြဿနာဟာ ဘယ်လောက်ပဲ ဖြစ်တတ်တယ် ပုံမှန်ပဲလို့ပြောပြာ စိတ်ရှင်းအောင်လို့ ဆရာဝန်နဲ့ တစ်ခေါက်လောက်တော့ သွားပြီး တိုင်ပင်ကြည့်စေချင်ပါတယ်။ ။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။