အာရုံစူးစိုက်မှုချို့ယွင်းပြီး ဂနာမငြိမ်ဘဲ စိတ်လိုက်မာန်ပါ လုပ်တတ်သည့် Attention Deficit Hyperactive Disorder ကလေးများ
healthcare.com.mm
|
2019-07-16


ADHD ရောဂါရဲ့အခြေခံဒီရောဂါကို ၁၉၇ဝ ပြည့်နှစ် မတိုင်ခင်တုန်းကတော့ သိပ်ပြီးသတိမထားမိပါဘူး။ နောက်ပိုင်းမှာ ဒါနဲ့ပတ်သက်ပြီး လေ့လာမှုတွေအများကြီးလုပ်တဲ့အခါကျတော့ ပိုပိုပြီး သတိထားမိလာပါတယ်။အစောပိုင်းတုန်းက ဘာကြောင့် ဒီလိုမျိုးဖြစ်တယ် ဆိုတာကိုလည်း မသိပါဘူး။ ဒါပေမဲ့အခုနောက်ပိုင်း ဦးနှောက်ကို ကွန်ပျူတာဓာတ်မှန်တွေ၊ ဦးနှောက်ရဲ့ရောင်စဉ်လှိုင်းတွေကို သေချာစစ်ဆေးတဲ့ စစ်ဆေးလွှာတွေနှင့် စစ်ကြည့်တဲ့အခါကျတော့ ဦးနှောက်ရဲ့ ဦးခေါင်းပိုင်းအတွင်းပိုင်းမှာရှိတဲ့ Basal Ganglia နဲ့ Prefrontal Cortexအဲဒီ နေရာတွေမှာရှိတဲ့၊ Dopamine လို့ခေါ်တဲ့ ဇီဝဓာတ်ပစ္စည်းထွက်တဲ့ ဧရိယာလေးတွေမှာ သူတို့တွေက သာမန်တခြား ကလေးတွေနဲ့မတူဘဲ ပြောင်းလဲနေတာကို တွေ့ရပါတယ်။အဲဒီနေရာတွေဟာ ဦးနှောက်အာရုံကြောမှာထွက်တဲ့ ဇီဝပစ္စည်း Dopamine ဆိုတဲ့အများဆုံးထွက်ပါတယ်။ ဒီတော့ ဆရာတို့ယူဆကြတာကတော့ Dopamine ထွက်တာ နည်းတဲ့အတွက် ကလေးတွေဟာ လှုပ်ရှားမှုတွေပိုများပြီး၊အာရုံစူးစိုက်မှုတွေ ပိုနည်းတဲ့အတွက် Attention Deficit Hyperactive Disorder ဆိုတဲ့ ADHD ရောဂါဖြစ်ရတာပါ။ ADHD ရဲ့ရောဂါလက္ခဏာ သူ့ရဲ့လက္ခဏာအနေနှင့်ကတော့ သုံးပိုင်းရှိပါသည်။ (၁) Hyperactive ဆိုတဲ့ကလေးဟာ ဘယ်လိုမှဂနာငြိမ်ငြိမ် မနေနိုင်တဲ့ရောဂါပါ။ နောက် (၂) ကတော့ Attention ဆိုတာအာရုံစူးစိုက်မှုအနေနှင့် ဘာကိုမှ ကြာကြာအာရုံစိုက်လို့မရပါ။ (၃) ကတော့ Impulsivity ဆိုတဲ့ ဂနာမငြိမ်၊အာရုံစူးစိုက်လို့မရတာအပြင် စိတ်လိုက်မာန်ပါနှင့် ဝုန်းခနဲ၊ ဒိုင်းခနဲ ကိုယ့်ကိုယ်ကိုလည်းအန္တရာယ်မသိ၊ သူများအတွက်လည်းအန္တရာယ်မသိ ဇိုးကနဲ၊ ဇတ်ကနဲ ထထပြီး လုပ်တတ်ပါတယ်။ ဒီလက္ခဏာသုံးပိုင်းကို တွေ့ရပါတယ်။ ဒါကြောင့် ဟိုးအရင်တုန်းကတော့ ဒီရောဂါကို ဆိုးတယ်လို့ သတ်မှတ်ကြပါတယ်။ နောက်ပိုင်းတော့ ဒါဟာ ဆိုးတာမဟုတ်ဘူး။ သူ့ရဲ့ရောဂါကြောင့် ဖြစ်တယ်ဆိုတာကို တွေ့ရှိပြီးတော့ ဒါကို ကလေးအထူးကု ဆရာဝန်တွေ၊ စိတ်ကျန်းမာရေး ဆရာဝန်တွေကလိုက်ပြီး ဖော်ထုတ်လေ့လာကြပါသည်။ ADHD ဟာ ဘာကြောင့်ဖြစ်ရတာလဲ ဒီရောဂါဟာ မွေးရာပါပါလာပြီး မျိုးရိုးလိုက်ပြီးလည်း ဖြစ်တတ်ပါတယ်။ နောက် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့ ကျန်းမာရေးနှင့်လည်း ပတ်သက်ပါတယ်။အဆိုးဆုံးအနေနှင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်၊အရက်သောက်သုံးတဲ့ မိခင်တွေမှာ ဒီလို ADHD ကလေးမျိုး မွေးဖွားလာတယ်ဆိုတာကို တွေ့ရှိရပါတယ်။ နောက်တစ်ချက်ကတော့ မိခင်ရဲ့အာဟာရဖွံ့ဖြိုးမှုပါ။အာဟာရဖွံ့ဖြိုးမှုနည်းတဲ့ မိဘတွေမှာဆိုရင်လည်း ဒီလိုမျိုး ပိုဖြစ်တတ်ပါတယ်။ ပြီးတော့အသက်ကြီးမှအိမ်ထောင်ကျပြီးအသက်အရွယ်ကြီးမှ ကလေးမွေးမယ်ဆိုရင်လည်း ဒီလိုကလေးမျိုးမွေးတာ ပိုတွေ့ရပါတယ်။ ဖြစ်ရတဲ့အကြောင်းအရင်းတွေအများကြီးရှိပေမယ့် မွေးပြီးမှသာ ဒါကိုသိရပါတယ်။ ကုသလို့ပျောက်ကင်းနိုင်ပါသလားအဓိကတော့ မိဘရယ်၊ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်ရယ်၊ ကုသပိုင်းမှာကူညီတဲ့ ပညာရှင်တွေရယ်၊ သင်ကြားရေးတာဝန်ခံဆရာ၊ ဆရာမတွေရယ် လေးဦးလေးဖလှယ် ပေါင်းပြီးတော့ ကူညီမှသာ ဒီကလေးတစ်ယောက်ဟာ သူရဲ့ ဖွံ့ဖြိုးမှုတွေအမှန်အတိုင်းဖြစ်ပြီး ကောင်းသွားနိုင်ပါသည်။ ကလေးရဲ့ ဦးနှောက်အာရုံကြောတွေ မညီညွတ်တဲ့အခါမှာ တစ်ခုနဲ့တစ်ခု ဆက်သွယ်ရေးလမ်းကြောင်းတွေဟာ ချို့ယွင်းချက်ရှိပြီး သူဟာလှုပ်ရှားမှုတွေပိုတဲ့အတွက် ကလေးကလည်း ပင်ပန်းပါတယ်။ ဦးနှောက်ရဲ့အာရုံကြောဆက်သွယ်မှုတွေကလည်း ပိုပြီးတော့ မြန်ုမြန်ဆန်ဆန် လုပ်ရတဲ့အတွက် ကလေးဟာ ဂနာမငြိမ်ဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒါကြောင့် ဒါတွေကို လေ့ကျင့်ပေးတာမျိုး၊ ပညာသင်ကြားမှုကို ကောင်းကောင်းကူညီပေးတာမျိုး လုပ်မယ်ဆိုရင် တစ်ချိန်မှာဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုတွေညီသွားတဲ့အခါ ဒီကလေးတွေဟာ မူမှန်ပြန်ဖြစ်သွားတတ်ပါတယ်။ ဘာတွေလုပ်ပေး၊ ကူညီပေးသင့်ပါသလဲ ဒီကလေးတွေဟာ စိတ်ဖောက်ပြန်တာ မဟုတ်ဘူး။ ချို့ယွင်းတာမဟုတ်ဘူး၊ မှတ်ဉာဏ်တွေအားနည်းတာမဟုတ်ဘူးဆိုတာကို သိရှိပြီး သူတို့ကိုလက်တွဲပြီး ကလေးတွေရဲ့အခွင့်အရေးသင်ယူမှုတွေကို မဆုံးရှုံးအောင် ပံ့ပိုးပေးမယ်ဆိုရင် ဒီကလေးတွေရဲ့ ဘဝတစ်ခုဟာ လူလားမြောက်သွားနိုင်တယ်ဆိုတာကိုအဓိကထားပြီး ပြောချင်ပါတယ်. Credit : ဒေါက်တာဇော်စိန်လွင် (ဆေးရုံအုပ်ကြီး -ငြိမ်း)သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


#ဦးနှောက်
#ကလေး
#ဖွံ့ဖြိုးမှု
#ရောဂါ
#အာရုံကြော

Some text some message..