ကိုယ်ဝန်ဆောင်မေမေအဆိပ်ရှိတဲ့အကောင် ကိုက်ခံရရင်
hellosayarwon.com
|
2019-07-18

အမျိုးသမီ းတစ်ယောက်အဖို့ ကိုယ်ဝန်ဆောင်နေရချိန်ကအရာရာသတိထားရတဲ့အချိန်ပါ။အနေအထိုင်အစားအသောက်နဲ့

အိပ်စက်မှုပုံစံ ကအစပေါ့။ နေထိုင်မကောင်းဖြစ်ခဲ့ရင်လည်း သာမန်အချိန်တွေလို ဆေးထိုးဆေးသောက်အလွယ်တကူလုပ်ဖို့ မဖြစ်နိုင်တော့  မဖျားမနာစေဖို့နဲ့ ထိခိုက်မှုမရှိစေဖို့တော်တေ်ာလေးဂရုစိုက်ရတာပါ။ ဒီတစ်ခေါက်တော့အထိအခိုက်မခံနိုင်တဲ့

ကိုယ်ဝန်ဆောင်ချိန် မှာအဆိပ်ရှိတဲ့အကောင်ကိုက်ခံရခဲ့ရင် ဘယ်လိုမျိုးပြုစုပေးရမလဲဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေအဆိပ်ရှိတဲ့အကောင်ကိုက်ခံရရင်အဆိပ်မတက်ဘူး.....
ဒီအယူအဆကမမှန်ပါဘူးနော်။ ကိုယ်ဝန်ဆောင်ချိန်မို့အဆိပ်မတက်ဘူးဆိုတာမရှိပါဘူး။အဆိပ်ရှိတဲ့အကောင်ကိုက်ခဲ့ရင် ကိုယ်ဝန်ဆောင်ချိန်မှာပဲဖြစ်ဖြစ် သာမန်အချိန်မှာပဲဖြစ်ဖြစ်အဆိပ်တက်နိုင်ပါတယ်။အခန့်မသင့်လို့များအဆိပ်အရမ်းပြင်းတဲ့အကောင်ကိုက်ခံရရင် ဗိုက်ထဲက ကလေးလေးအတွက်တောင် စိတ်ပူရပါသေးတယ်။

အဆိပ်ရှိတဲ့အကောင်ကိုက်ခံရရင် ဘယ်လိုလက္ခဏာတွေ တွေ့ရနိုင်လဲ........
အဆိပ်ရှိတဲ့အကောင်ကိုက်ခံရတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်မှာ လက္ခဏာတွေမတူနိုင်ပါဘူး။အချို့မှာ သိပ်မပြင်းထန်ပေမယ့်အရမ်းပြင်းထန်စါာခံစားရတာမျိုးလည်းရှိနိုင်ပါတယ်။

အရေပြား မှာအဖုအပိမ့်တွေဖြစ်မယ်
အရေပြားတွေနီရဲလာမယ်အကိုက်ခံရတဲ့နေရာမှာ ရောင်လာမယ်။

ခန္ဓာကိုယ် ရဲ့အခြားနေရာတွေမှာပါရောင်လာမယ်
ယားယံမယ်
အကိုက်ခံရတဲ့နေရာက ထုံနေမယ်
အကိုက်ခံရတဲ့နေရာမှာအသားပူနေမယ်

အဖျာ းတက်မယ်
ကြွက်သားတွေ ဆတ်ခနဲဖြစ်မယ် (အကြောဆွဲသလိုဖြစ်မယ်)
အသက်ရှုရခက်မယ်
မအီမသာဖြစ်မယ်

အော့အန်မယ်
နှလုံးခုန်နှုန်းမြန်လာမယ်

သတိလစ်မယ် စတဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်။

အဆိပ်ရှိတဲ့အကောင်ကိုက်ခံရရင်
အရင်ဆုံး ဆူးတွေကိုဖယ်ရပါမယ် - တကယ်လို့

ပျား လိုမျိုးအဆိပ်ရှိတဲ့အကောင်ကိုက်ခံရမယ်ဆိုရင်အရင်ဆုံးလုပ်ရမှာကအရေပြားထဲမှာ စိုက်ကျန်ခဲ့တဲ့အဆူးကိုဖယ်ရမှာပါ။ လက်နဲ့ညှစ်ထုတ်ပြီးအဆူးဖယ်တာမျိုး၊ ဇာဂနာတွေကိုသုံးပြီးအဆူးဖယ်တာမျိုးမလုပ်ပါနဲ့အဆိပ်တွေပိုပြန့်သွားနိုင်လို့ပါ။ လက်သည်းကို သုံးပြီးဖြစ်ဖြစ်အပ်ကိုသုံးပြီးဖြစ်ဖြစ်အဆူးကိုဖယ်ပေးပါ။

အနာ တဝိုက်ကိုသေချာသန့်စင်ပါ -အကောင်ကိုက်ခံရတဲ့နေရာတဝိုက်ကို  ဆပ်ပြာနဲ့ရေသုံးပြီး သန့်စင်ပေးပါ။

-အကောင်ကိုက်ခံရတာကြောင့် နာကျင်ရောင်ရမ်းမှုသက်သာစေဖို့အတွက် ရေခဲကပ်ပေးပါ။ တစ်ခါကပ်ရင် ၁၀ မိနစ်လောက်ကပ်ပေးပါ။အယားသက်သာစေမယ့်ဆေး တစ်ခုခုလိမ်းပေးပါ - ယားယံတာကြောင့် ခဏခဏကုတ်မိနေတာမျိုးမဖြစ်စေဖို့အတွက် ရှားစောင်းလက်ပပ်ဂျယ်လီသား၊ မုန့်ဖုတ်ဆော်ဒါနဲ့ရေကိုဖျော်ထားတဲ့အရော ဒါမှမဟုတ်အင်းဆက်ကိုက်ခံရရင် လူးလို့ရတဲ့အယားသက်သာစေတဲ့ ဆေးတစ်ခုခုလူးပေးပါ။ ပရုတ်ပါတဲ့ ဆေးတွေကိုတော့ မလူးပါနဲ့။ ဆရာဝန်နဲ့သွားပြပါ -အခုပြောခဲ့တဲ့အဆင့်တွေကိုအကုန်လုပ်ပြီးပြီဆိုရင်တော့ ဆရာဝန်နဲ့သွားပြဖို့ပြောပါရစေနော်။ ကိုယ်ဝန်ဆောင်နေချိန်ကအတိမ်းအစောင်းမခံတဲ့အချိန်ဖြစ်တာကြောင့် ဆရာဝန်နဲ့သေချာလေပြသပြီး လိုအပ်တဲ့ကုသမှုကို ခံယူပေးပါ။

Hello Health Group  သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။


#အကောင်
#အဆိပ်
#အဆူး
#ကိုယ်ဝန်ဆောင်
#ဆိပ်မ

Some text some message..