လိပ်ခေါင်းရောဂါအတွက် ဆောင်ရန်ရှောင်ရန်
healthcare.com.mm
|
2019-07-20


လိပ်ခေါင်းရောဂါအတွက် ဆောင်ရန်ရှောင်ရန်များကို တင်ပေးဖို့ မကြာခဏ တောင်းဆိုလာကြတဲ့အတွက် လေ့လာစုဆောင်းထားသမျှလေးကို တင်ပေးလိုက်ပါတယ်။ လိပ်ခေါင်းရောဂါဖြစ်ရတဲ့အကြောင်းများစွာထဲမှာအထင်ရှားဆုံးကတော့ ဝမ်းချုပ်ခြင်းကြောင့်ပါပဲ။ ဝမ်းမကြာခဏချုပ်၍ ညစ်ပေးနေရလျှင် ကြာလာတော့ စအိုနေရာမှ သွေးကြောများ နေရာကျွံ၍ လိပ်ခေါင်းကဲ့သို့ ပေါ်လိုက်ပျောက်လိုက် ဖြစ်လာတဲ့အတွက် လိပ်ခေါင်းရောဂါလို့ ခေါ်ကြတာပါ။အင်္ဂလိပ်လိုကတော့ Hemorrhoid/Pile လို့ခေါ်ကြပါတယ်။အတွင်းလိပ်၊အပြင်လိပ်ဆိုပြီး ၂ မျိုးရှိပါတယ်။အူမကြီးကင်ဆာ၊အသည်းရောဂါ၊အရက်အလွန်အကျွံသောက်ခြင်းတို့သည်လည်း လိပ်ခေါင်းဖြစ်ရသည့်အကြောင်းများဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်သူများလည်းအဖြစ်များတဲ့ ရောဂါတစ်ခုပါ။ ဆောင်ရန်များ (၁) မနက်အိပ်ယာထချိန် ရေများသောက်ပါ။ (၂) ကိုယ်လက်လှုပ်ရှားပါ။ လမ်းများများလျှောက်ပါ။ (၃) လတ်ဆတ်တဲ့ သစ်သီးများကို စားပေးပါ။ ဝမ်းပျော့စေမည့် သင်္ဘောသီးတို့လိုဟာကို များများစားပေးပါ။ (၄) လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များကို စားပေးပါ။ (၅) ကိုယ်တိုင်ဆေးဖော်၍ သောက်လိုသော် ပင်စိမ်းအယဉ်၏အစေ့၊ နှမ်းမဲအစေ့တို့ကို လက်တစ်ဆုပ်ခန့်စီ ထန်းလျက်နှင့်ကျို၍အလုံးလေးလုံးထားကာအခြောက်လှမ်းထား၍ မနက်၊ ည တစ်လုံးစီ ရေအေးဖြင့် သောက်ပါ။ (၆) မြန်မာဆေးသောက်လိုပါက မှန်ချို - လိပ်ခေါင်းပျောက်ဆေမှုန့်ကို ညဘက်သောက်ပြီးအိပ်ပါ။ ရှောင်ရန်များ (၁) ဝမ်းမာဝမ်းကျစ်စေမည့်အစားအစာများကို ရှောင်ပါ။ (၂) ငရုတ်သီး၊အပူအစပ်တို့ကို ရှောင်ပါ။ (၃)အထိုင်မများစေပါနဲ့။ ကြာရှည်စွာ မတ်သပ်ရပ်ခြင်းကို ရှောင်ပါ။ (၄)အလေးအပင်မခြင်းကို ရှောင်ပါ။ မလွဲမသာ၍ မရသော်အသက်ကို မှန်မှန်ရှူပြီး မပါ။ မအောင့်ထားပါနဲ့။ (၅)အသည်းခြောက်လျှင် လိပ်ခေါင်းဖြစ်ရန် သေချာသလောက်ရှိသည်။ ထို့ကြောင့်အရက်သေစာသောက်စားခြင်းကို ရှောင်ပါ။ လူတော်တော်များများတွင်အဖြစ်များနေသော လိပ်ခေါင်းရောဂါများကို ကြိုတင်ကာကွယ်ထားနိုင်ကြပါစေရန် မျှဝေပေးလိုက်ပါတယ်။ Credit : စောနွဲ့နေဆိုင် (ပူတာအို) သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  


#လိပ်ခေါင်းရောဂါ
#လိပ်ခေါင်း
#မှန်ချို
#လိပ်
#အသည်း

Some text some message..