ကွန်ပြူတာရှေ့မှာ တစ်နေကုန် ထိုင်ရာကမထဘဲ နေခဲ့လို့ လေဖြတ်သွားတဲ့အမျိုးသား
shwemom.com
|
2019-07-20

ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်ညစ်စရာမကြုံချင်ဘူးဆိုရင်တော့ လှူပ်ရှားတက်ကြွစွာနေထိုင်ပြီး သင့်တင့်မျှတတဲ့အာဟာရကို မှီဝဲပေးသင့်ပါတယ်။ ရောဂါတွေထဲမှာတော့ လေဖြတ်တာက တော်တော်လေး ဒုက္ခကြီးတဲ့ ရောဂါလို့ ဆိုနိုင်ပါတယ်။ သွားချင်တဲ့နေရာလည်း မသွားရ၊ ကိုယ့်ရဲ့ ဝေယျာဝစ္စကိစ္စအ၀၀အတွက် သူများပေါ်မှာ မှီခိုနေရတာဟာ စိတ်ဆင်းရဲစရာကောင်းလွန်းပါတယ်။ လေဖြတ်ရောဂါဆိုတာကလည်းအသက်အရွယ် ကြီးတယ် ငယ်တယ်မဟုတ်ပဲအခန့်မသင့်ရင် လေဖြတ်တတ်တာကြောင့် သတိပြုအပ်စရာပါ။


ထိုင်ဝမ်နိုင်ငံကKaohsiungမြို့ကအမျိုးသားတစ်ဦးကတော့အသက်(၂၂)နှစ်အရွယ်လေးနဲ့ လေဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါသတင်းကိုတော့ တရုတ်နိုင်ငံအခြေစိုက် UDN သတင်းဌာနကနေ ဖော်ပြထားတာပါ။ ၎င်းအမျိုးသားဟာအင်တာနက်ကဖေးတစ်ခုမှာ ရှိနေခဲ့တာဖြစ်ပြီး ခုံပေါ်မှာ လဲကျနေတာကြော့အနီးမှာရှိတဲ့သူတွေက သတိပြုမိခဲ့တာပါ။ သူ့ကို သွားနှိူးခဲ့ပေမယ့်လည်းအဆိုပါအမျိုးသားဟာ နိုးမလာခဲ့ပါဘူး။ ဒါနဲ့ပဲအလျင်အမြန်ဆေးရုံတင်ပြီး ဆေးစစ်ကြည့်တဲ့အခါကျမှအဖြေထွက်လာခဲ့ပါတယ်။


Pixabay/geralt


ဆရာဝန်ရဲ့ ဆေးစစ်ချက်အရ ထိုသူရဲ့ ဦးနှောက်ဘယ်ခြမ်းမှာ ပိတ်ဆို့မှူတစ်ခုရှိနေတာကြောင့် လေဖြတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။ လေဖြတ်တဲ့ဒဏ်ကြောင့် ညာဘက်တစ်ခြမ်းလုံးအကြောသေသွားသလို စကားလည်း ကောင်းကောင်းမပြောနိုင်တော့ပါဘူး။အဆိုပါအမျိုးသားဟာ နာတာရှည်ရောဂါလိုမျိုး ရောဂါဖြစ်ပွားဖူးတာမျိုးမရှိတာကြောင့် ကျန်းမာရေးနဲ့မသင့်တော်တဲ့အပြုအမူတွေကြောင့်သာအခုလိုလေဖြတ်ခဲ့တာလို့ ဆရာဝန်က သုံးသပ်ထားပါတယ်။


သိရတာက ၎င်းအမျိုးသားဟာအလုပ်အကိုင်မရှိသူတစ်ဦးဖြစ်ကာအင်တာနက်ကဖေးကို ပုံမှန်လာကြောင်း သိရပါတယ်။ သူလေဖြတ်သွားတဲ့နေ့ကလည်းအဆိုပါအမျိုးသားဟာအဲဒီအင်တာနက်ဆိုင်မှာပဲ(၂၄) နာရီလုံးလုံး ရှိနေခဲ့တာ ဖြစ်ပါတယ်။ ပိုဆိုးတာက တစ်နေ့လုံးမစားမသောက်တဲ့အပြင် ထိုင်ရာကနေတောင် မထခဲ့ဘူးလို့ သိရပါတယ်။ ဒါကြောင့်လည်း လေဖြတ်သွားတာလို့ ဆရာဝန်တွေက ရှင်းပြခဲ့ပါတယ်။


Pixabay/Pexels


ပြန်ကောင်းဖို့အတွက်ကတော့ ထိုအမျိုးသားဟာ နှစ်ဝက်လောက်အချိန်ယူရဦးမှာဖြစ်ပြီး ထို့နောက်မှ ဝှီးချဲလ်ပေါ်ကနေ ကိုယ့်ဘာသာကိုယ် ပြန်လမ်းလျှောက်နိုင်အောင်လည်း လေ့ကျင့်ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာက ဆေးဝါးတွေကောင်းလို့၊ လေ့ကျင့်ခန်းကောင်းလို့ လမ်းနည်းနည်းပြန်လျှောက်နိုင်ရင်တောင်အရင်လို စကားပီပီသသ ပြောဆိုနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဆရာဝန်တွေက ဆိုပါတယ်။ ဒါကြောင့် တစ်နေ့လုံးအအိပ်မေ့အစားမေ့နဲ့ ကွန်ပြူတာသုံးတာ၊ ဖုန်းသုံးတာမျိုးတွေကို သတိထားဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)


#ကဖေး
#အမျိုးသား
#ဆရာဝန်
#ရောဂါ
#အင်တာနက်ဆိုင်

Some text some message..