Upper Gastrointestinal Endoscopy (အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း)
hellosayarwon.com
|
2019-07-21
Upper Gastrointestinal (UGI) Endoscopy ဆိုတာဘာလဲ။
ဒီစစ်ဆေးနည်းဟာအူရဲ့အပေါ်ပိုင်းအစိတ်အပိုင်းတွေဖြစ်တဲ့အစာမျိုပြွန်၊အစာအိမ်နဲ့အူရဲ့အစပိုင်း တွေကို စစ်ဆေးတဲ့ စစ်ဆေးမှု တစ်ခုဖြစ်ပါတယ်။ ဒီစစ်ဆေးမှုပြုလုပ်စဉ်မှာ သေးငယ်ပျော့ပျောင်းတဲ့ မှန်ပြောင်း ကိရိယာကို ပါးစပ်မှတစ်ဆင့် လည်ချောင်းကို ဖြည်းညင်းစွာထည့်ပြီးအစာအိမ်လမ်းကြောင်းအတွင်း ကြည့်ခြင်း ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကိုအစာရေမျိုပြွန်၊အစာအိမ်နှင့်အူသိမ်အပေါ်ပိုင်းစစ်ဆေးနည်း(EGD) လို့လည်းခေါ်ပါတယ်။ သူဟာအစာခြေလမ်းကြောင်းရဲ့အပေါ်ပိုင်းတစ်ခုလုံးကို စစ်ဆေးနိုင်ပါတယ်။ X-raysအဖြေတွေနဲ့ နှိုင်းယှဉ်ရင် မှန်ပြောင်းကြည့်ထားတဲ့အဖြေ ဟာ X-rays မှာ ဖေါ်ပြနိုင်ခြင်းမရှိတဲ့ ရောဂါတွေကို ဖေါ်ပြနိုင်ပါတယ်။ ဥပမာ မှန်ပြောင်းကိုကိုအသုံးပြုရင် ခွဲစိတ်ပြီး ရောဂါရှာဖွေဖို့ မလိုပါဘူး။ ဒါ့ပြင် ဒီစစ်ဆေးမှုဟာ ဆရာဝန်တွေကိုအနာ၊ ရောင်ရမ်းခြင်း၊အကျိတ်၊ ရောဂါပိုးဝင်ခြင်းနဲ့ သွေးထွက်ခြင်းတွေကို ရှာဖွေဖို့၊ တစ်ရှူးအသားစယူဖို့၊အသားပိုတွေ ဖယ်ရှားဖို့နဲ့ သွေးထွက်ခြင်းကိုကုသဖို့တွေအတွက် ကူညီပေးနိုင်ပါတယ်။

Upper Gastrointestinal (UGI) Endoscopy တွေကို ဘာကြောင့် လုပ်ကြတာလဲ။
ဒီစစ်ဆေးနည်းကိုအောက်ပါအချက်တွေအတွက် ပြုလုပ်ကြတာဖြစ်ပါတယ်။
ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊အစာမြိုရခက်ခဲခြင်း၊အူလမ်းကြောင်း သွေးထွက်ခြင်းအစရှိတဲ့အစာခြေလမ်းကြောင်း ရောဂါလက္ခဏာတွေကို စစ်ဆေးဖို့
သွေးအားနည်းခြင်း၊ သွေးထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ ဝမ်းလျှောခြင်း၊အစာခြေလမ်းကြောင်းကင်ဆာများအစရှိတာတွေကို တစ်ရှူးအသားစယူခြင်းဖြင့် ရောဂါရှာဖွေဖို့ သွေးထွက်ခြင်းကို ရပ်တန့်ဖို့ သွေးထွက်နေတဲ့ သွေးကြောကိုအပူပေးခြင်း၊ ကျဉ်းနေတဲ့အစာမျိုပြွန်ကို ကျယ်စေခြင်း၊အသားပိုကို ဖြတ်ထုတ်ခြင်းနဲ့ ပြင်ပအရာဝတ္ထုတွေကို ဖယ်ထုတ်ခြင်းအတွက်လည်းအသုံးပြုနိုင်ပါတယ်။

Upper Gastrointestinal (UGI) Endoscopy ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။
မှန်ပြောင်းကြည့်စစ်ဆေးနည်းကိုအာထရာဆောင်း နဲ့အစာမျိုပြွန် (သို့)အစာအိမ် နံရံရဲ့ တိကျသေချာတဲ့ ပုံရိပ်တွေကို ဖေါ်ပြဖို့နဲ့ လက်လှမ်းမီဖို့ ခက်ခဲတဲ့အင်္ဂါတွေရဲ့ ပုံရိပ်ကို ဖန်တီးဖို့ (ဥပမာ မုန့်ချိုအိတ်)အသုံးပြုပါတယ်။ လူအတော်များများက သူတို့ဆရာဝန်ကို ပုံရိပ်ဖော်နည်းကိုအသုံးပြုပြီး ကင်ဆာမဖြစ်ခင်အခြေအနေတစ်ခု ဖြစ်တဲ့အစာမျိုပြွန်ဆဲလ် ပုံမမှန်ပြောင်းလဲမှုအခြေအနေ (Barret’s esophagus) ကို သိရှိဖို့ တောင်းဆိုတတ်ကြပါတယ်။အချို့အခြေအနေတွေမှာအစာခြေလမ်းကြောင်းဆိုင်ရာ စစ်ဆေးမှုတွေပြုလုပ်အပြီးမှာ လူနာတွေကို ပြဿနာကို တိကျစွာသိရှိဖို့ မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း ပြုလုပ်ဖို့ စေခိုင်းနိုင်ပါတယ်။ တကယ်လို့ ဆရာဝန်က သည်းခြေပြွန်န် သို့ မုန့်ချိုအိတ်ပြွန် ပိတ်ခြင်း၊အခြားစစ်ဆေးမှုတွေ (အာထရာဆောင်း၊အသည်းဓါတ်မှန်၊ X ray ဓါတ်မှန်) တွေဟာ တိကျတဲ့အဖြေကို မပေးနိုင်ခြင်းတွေ ဖြစ်ရင် Endoscopic retrograde cholangiopancreatogram (ERCP) test လို့ခေါ်တဲ့ မုန့်ချိုအိတ်နှင့်သည်းခြေပြွန်မှတစ်ဆင့် ပြောင်းပြန်သွားပြီးအစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်သော စစ်ဆေးနည်းကိုအသားဝါခြင်းရဲ့အကြောင်းရင်းကို ဖေါ်ထုတ်ဖို့ ပြုလုပ်နိုင်ပါတယ်။ ဒီစစ်ဆေးမှုဟာအသည်း၊ သည်းခြေအိတ် နဲ့ မုန့်ချိုအိတ်ကနေ စီးဆင်းတဲ့ပြွန်တွေကိုပါ စစ်ဆေးမှာ ဖြစ်ပါတယ်။

Upper Gastrointestinal (UGI) Endoscopy တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။
သင့်ဆရာဝန်ကို သင့်မှာ ရှိတဲ့ ရောဂါအခြေအနေတွေ၊ သောက်နေတဲ့ဆေးတွေ၊ ဗီတာမင်တွေ၊ ဖြည့်စွက်စာတွေအကုန်ပြောပြသင့်ပါတယ်။အောက်ပါ ဆေးတွေ  ပါဝင်ပါတယ်။
aspirin (သို့) aspirin ပါဝင်သောဆေးများ
အဆစ်အမြစ်ရောင်သက်သာဆေး
အကိုက်အခဲပျောက်ဆေး (ibuprofen ၊naproxen)
သွေးကျဲဆေး
သွေးပေါင်ကျဆေး
ဆီးချိုဆေး စစ်ဆေးမှုမပြုလုပ်ခင် တိကျတဲ့အဖြေထွက်စေဖို့ လေးနာရီကနေ ရှစ်နာရီအတွင်း စားသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဝါးခြင်းတွေ မပြုလုပ်သင့်ပါဘူး။

Upper Gastrointestinal (UGI) Endoscopy နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။
ဆရာဝန်တွေက သင့်ကို စစ်ဆေးမှု ပြုစဉ်မှာအပန်းပြေ၊ သက်တောင့်သက်သာရှိဖို့ (သို့)အိပ်ပျော်စေဖို့ ဆေးပေးနိုင်ပါတယ်။ ရှားပါးတဲ့အခြေအနေတွေမှာ စိတ်ငြိမ်ဆေးတွေကို စစ်ဆေးမှုပြုစဉ်အသုံးမပြုကြပါဘူး။ ထုံဆေးပါတဲ့ ပါးလုပ်ကျင်းရည် (သို့) ထုံဆေးပါတဲ့ ဖျန်းဆေးကိုအသုံးပြုနိုင်ပါတယ်။ ထုံဆေးဟာ လည်ချောင်းကို ထုံသွားစေပြီးအာခေါင်ကိုထိသောအခါ ပျို့အန်ချင်သော တုံ့ပြန်မှုကို တည်ငြိမ်စေပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူကအရေးကြီးသော လက္ခဏာတွေကို စောင့်ကြည့်မှာဖြစ်ပြီး သင့်ကို တတ်နိုင်သမျှ သက်တောင့်သက်သာရှိအောင် ကူညီပေးမှာဖြစ်ပါတယ်။ သင်စားပွဲပေါ်မှာ လဲလျောင်းနေစဉ်မှာ ကင်မရာပါတဲ့ မှန်ပြောင်းကိုအစာပြွန်ထဲမှတစ်ဆင့်အစာအိမ်နဲ့အူသိမ်အပေါ်ပိုင်းအတွင်းကို ထည့်မှာ ဖြစ်ပါတယ်။ ဒီကင်မရာကနေ မော်နီတာကို ဓါတ်ပုံတွေပို့ပေးမှာဖြစ်ပြီးအစာခြေလမ်းကြောင်းအပေါ်ပိုင်းကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ မှန်ပြောင်းဟာအစာအိမ်နဲ့အူသိမ်အတွင်းကို လေမှုတ်ထုတ်မှာဖြစ်ပြီး သေချာမြင်ရအောင်ကူညီပေးမှာဖြစ်ပါတယ်။ ဒီစစ်ဆေးမှုပြုလုပ်နေစဉ်မှာ ဆရာဝန်ဟာအောက်ပါအချက်တွေကို ပြုလုပ်နိုင်ပါတယ်။
အစာအိမ်အူလမ်းကြောင်းမှအသားစယူခြင်း(အသားစ ယူခြင်းကို ခံစားရမှာ မဟုတ်ပါဘူး)
သွေးထွက် ရပ်တန့်စေခြင်း
အခြားအထူးပြုလုပ်ချက်တွေ (ဥပမာ ကျဉ်းနေတဲ့နေရာတွေ ကျယ်စေခြင်း) ဒီစစ်ဆေးမှုဟာ ၁၅-၃၀ မိနစ် ကြာမြင့်နိုင်ပါတယ်။ ဒီစစ်ဆေးမှု ပြုလုပ်စဉ်မှာ မှန်ပြောင်းဟာအသက်ရှူခြင်းကိုအနှောင့်အယှက်မပေးနိုင်တာကြောင့်အိပ်နေနိုင်ပါတယ်။

အဖြေတွေက ဘာကို ဆိုလိုတာလဲ။
အချို့ရောဂါပိုုးဝင်ခြင်းကို စစ်ဆေးခြင်းဟာ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်ပေမယ့်အခြားအဖြေတွေကိုတော့ ၂-၄ က်အတွင်း ရရှိနိုင်ပါတယ်။အချို့အဖြေတွေကို စစ်ဆေးမှုပြီးပြီးချင်း ရရှိမှာဖြစ်ပါတယ်။အသားစယူခြင်းကို
ကင်ဆာဆဲလ်တွေ ပါဝင်တဲ့အကျိတ် (သို့)အနာတွေကို ရှာဖွေဖို့
ဘက်တီးရီးယားတစ်မျိုးဖြစ်တဲ့အစာအိမ်ပိုးကို သိရှိဖို့အသုံးပြုနိုင်ပါတယ်။ အခြေအနေအတော်များများဟာ ဒီစစ်ဆေးမှုရဲ့အခြေအနေကို လွှမ်းမိုးနိုင်ပါတယ်။ သင့်ဆရာဝန်က ပုံမှန်မဟုတ်တဲ့အခြေအနေတွေအတွက် သင့်ရောဂါလက္ခဏာတွေနဲ့အရင်က ကျန်းမာရေးအခြေအနေတွေကို ဆွေးနွေးနိုင်ပါတယ်။ ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး မှန်ပြောင်းကြည့်ခြင်းအဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒီစစ်ဆေးနည်းနဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


#မှန်ပြောင်း
#စစ်ဆေးမှု
#အစာအိမ်
#ဆရာဝန်
#လမ်းကြောင်း

Some text some message..