ဖို မ ခွန်အားတိုးစေသောအစားအစာများ
healthcare.com.mm
|
2019-07-24


(၁) တရုပ်နံနံပင်ထဲတွင်ပါရှိသော androsterone ဓာတ်က ကျားဟိုမုန်းထွက်ရှိမှုကို လွန်စွာအားပေးတဲ့အတွက်အမျိုးသားများ ညအိပ်ယာမဝင်ခင် တရုပ်နံနံပင်ကိုအစိမ်းလိုက်ဝါးစားပေးသင့်ပါတယ်။ (၂) ဂုံးကောင်၊ ကမာကောင်ထဲရှိ သဘာဝဇင့်ဓာတ်နှင့် dopamine ဟိုမုန်းတို့က လိင်စိတ်ကို သုံးဆမျှ တိုးပွားလာစေကာ၊အမျိုးသားများ သုက်ရည်ထုတ်ပေးသော ဆဲလ်များကိုအထောက်အပံ့ပေးသဖြင့် သားသမီးယူရန်အစီအစဉ်ရှိသော ဖခင်လောင်းများ ဂုံးကောင်၊ ကမာကောင်ကို မဖြစ်မနေ စားပေးသင့်ပါတယ်။ (အကယ်၍ ကရုကမာကောင် မကြိုက်သူများအနေဖြင့် ၎င်းနှင့်အစွမ်းသတ္တိတူသောသော ရွှေဖရုံစေ့လှော်ကို စားပေးနိုင်ပါတယ်။) (၃) ဌက်ပျောသီးထဲတွင်ပါရှိသော bromelainအင်ဇိုင်းနှင့် ဗီတာမင်များက ကျားခွန်းအားကို ပြည့်ဝစေလို့ နေ့တိုင်း ဌက်ပျောသီးစားပေးပါ။ (၄) ရှေးမက္ကဆီကို တိုင်းရင်းသားများက ထောပတ်သီးကို "testicle tree" (ဝါ) သုက်ရည်ထွက် စေတဲ့အပင် ဟု မှည့်ခေါ်ကာ ဖို-မ ခွန်အားတိုးဆေးအဖြစ် စားသုံးလာခဲ့ကြပါတယ်။ (၅) ဗာဒံစေ့ထဲမှာပါတဲ့ ဖက်ဆီးအက်ဆစ်များဟာ ကျားဟိုမုန်းထုတ်ပေးနိုင်စွမ်းရှိလို့၊ ဗာဒံစေ့အစိမ်းကိုအစိမ်းလိုက် (အချိ၊အငံမရောဘဲ) ဝါးစားပါ။ (၆) သဖန်းသီး၊ သရက်သီး၊ မက်မုံသီးနှင့် စတော်ဘယ်ရီသီးများက ဖို-မစွမ်းအား တိုးမြှင့်ပေးလို့ ၎င်းသစ်သီး ၄-မျိုးကို ရောစား၍သော်လည်းကောင်း၊ တစ်မျိုးချင်းသီးသန့်စား၍သော်လည်းကောင်းအဆင်ပြေသလို စားပေးနိုင်ပါတယ်။ (၇) ကြက်ဥထဲမှာပါတဲ့ ဗီတာမင် B5 နှင့် B6 တို့က စိတ်ဖိစီးမှုပြေပျောက်စေပြီး၊ ဟော်မုန်းပမာဏကို တိုးပွားလာစေပါတယ်။ ကြက်ဥကိုအစိမ်းသောက်ခြင်းက ကျား-မ  သဘာဝစွမ်းရည်ကို ပိုမိုတိုးပွားလာစေပါတယ်။ ငါးဥများကလည်း ကြက်ဥလိုအစွမ်းသတ္တိပါရှိကြပါတယ်။ (၈) ကြက်သွန်ဖြူထဲရှိ allicin ဓာတ်က ကျား-မလိင်အင်္ဂါထဲရှိ သွေးများကို လှျှင်မြန်စွာ စီးဆင်းလည်ပတ်စေလို့ရာဂစိတ်ကြွစေပါတယ်။ (၉)အနက်ရောင် ချောကလက်ထဲမှာပါတဲ့ phenylethylamineဓာတ်ပေါင်းစုက ချစ်စိတ်ကိုတိုးပွားစေလို့၊ ချစ်တင်းနှောအားဖြည့်ဆေးအဖြစ် မှီဝဲစားသုံးသင့်ပါတယ်။ (၁ဝ) မြန်မာ့တိုင်းရင်းဆေးကျမ်းများမှာ မြင်းခွာရွက်ကို ၆ လ တိတိစားပေးပါက၊ ခွန်အားဗလကြီး၍ လူပျိုလိုဖြစ်စေကြောင်း ညွှန်းဆိုထားပါတယ်။အိန္ဒိယနိုင်ငံ Aruna ဘုရင်မင်းမြတ်ဟာ နေ့စဉ်မြင်းခွာရွက်စားလို့ သက်လုံကောင်းပြီး မိဘုရားမောင်းမမိသံအယောက် ၅ဝအတွက် လိင်ကိစ္စကို စွမ်းဆောင်နိုင်ကြောင်းအိန္ဒိယရာဇဝင်သမိုင်းတွင် ဖော်ပြထားပါတယ်။ မြင်းခွာရွက်ဟာ လိင်စိတ်ကြွစေသောအစွမ်းရှိလို့၊ ၁၉၆၆ ခုနှစ် ထိုင်းနိုင်ငံဆေးအဘိဓာန်မှာ လိင်စိတ်ကိုအားပေးတဲ့ သဘာဝဆေး (ဝါ) Youth Vitamin X ဟု မှတ်တမ်းတင်ထားပါတယ်။ (၁၁) ကီဝီသီးကလည်း ချစ်တင်းနှောစေတဲ့အားဖြည့်ဆေးပါဘဲ။ (၁၂) ဖောလစ်အက်ဆစ်ကြွယ်ဝသော ဟင်းနုနယ်ကို စားပေးခြင်းဖြင့် လိင်စိတ်ဆန္ဒကို တိုးမြင့်ပေးကာ၊ မျိုးအောင်စေပါတယ်။ (၁၃) ဟင်နရီ-၇ ဘုရင်နှင့် ရှေးအာရှဘုရင်မင်းမြတ်များ လက်ထက်ကတည်းကပင် မောင်းမမိဿစွမ်းဆောင်းရည်အားကောင်းဆေးအဖြစ် ဂျင်းပြုတ်ရည်ကို မှီဝဲလာခဲ့ကြပါတယ်။ ထို့ပြင် ၂၁ ရာစု ဆေးသုတေသီများကလည်း ဂျင်းဟာ ကာမစိတ်ဆန္ဒကို လှုံ့ဆော်ပေးတဲ့အိမ်တွင်းသမားတော်လို့ဆိုကြပါတယ်။ (၁၄) ဖာလာစေ့ထဲတွင်အမြောက်အများပါရှိသော Cineole ဓာတ်က ရာဂစိတ်ကို လှုံ့ဆော်ပေးနိုင်စွမ်းရှိလို့အိန္ဒိယနိုင်ငံမှာ ကာမရာဂဆေးအဖြစ် ဖာလာစေ့ရေနွေးကြမ်း လ္ဘက်ရည်ကို သောက်သုံးလေ့ရှိကြပါတယ်။ (၁၅)အီတလီနိုင်ငံမှာ ရှေးပဝေသဏီကတည်းကစ၍ ပင်စိမ်းပင်များကို ဟိုမုန်းအားတိုးဆေးအဖြစ်အသုံးပြု လာခဲ့ကြပါတယ်။ (၁၆) ရွှေဖရုံစေ့ထဲမှာ ဇင့်ဓာတ်မြင့်မားစွာ ပါရှိသည့်အပြင် ဗီတာမင်နှင့် သတ္တုဓာတ်တို့အလုံအလောက်ပါရှိလို့ ကပ္ပါယ်အိတ်တွင် ဖြစ်ပေါ်သည့်အဖိုလိင်ဟော်မုန်းထုတ်လုပ်မှုကိုအားပေးခြင်းကြောင့်အမျိုးသားများ ညအိပ်ယာဝင်ခါနီးတိုင်း ရွှေဖရုံစေ့လှော်စားပေးသင့်ပါတယ်။ (၁၇) နောက်ဆုံးပေါ် လေ့လာစမ်းသပ်မှုများအရ၊ စပျစ်ဝိုင်တစ်ခွက် ပုံမှန်မှီဝဲလေ့ရှိသောအမျိုးသမီးများဟာ လိင်စိတ်ဆန္ဒတက်ကြွလေ့ရှိပြီး၊အလုံးစုံပြီးမြောက်အောင်မြင်ပါတယ်တဲ့။ (၁၈) ဖရဲသီးမှာပါတဲ့ citrulline (ခေါ်)အမိုင်နိုအက်ဆစ်ဟာ သွေးလွှတ်ကြောများကို ပြေလျော့ကာ၊ သွေးလည်ပတ်စီးဆင်းမှုကို တိုးပွားစေလို့အမျိုးသားများ ကျားခွန်အားကောင်းစေပါတယ်။ (၁၉) ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ ဗီတာမင်ဓာတ်ပေါင်းစုများဟာ မ-သဘာဝခွန်အား ဖြစ်စေ၍အမျိုးသမီးများ ညစာဟင်းလျာအဖြစ် စားသုံးပေးသင့်ပါတယ်။ (၂ဝ) The University of Hawaii မှ လေ့လာစမ်းသပ်မှုများအရ၊ ဂျင်စင်းမှီဝဲသူအမျိုးသမီးများဟာ တစ်လအတွင်းမှာပင် လိင်စွမ်းဆောင်ရည် ၆၈ ရာခိုင်နှုန်းမျှ တိုးတက်လာကြောင်း၊ သို့သော် ဓာတုပစ္စည်း သကြားတို့ဖြင့် ဖန်တီးထားသော ဂျင်စင်းအတုကတော့ ကျမ္မာရေးကိုအကျိုးယုတ်စေကြောင်းအကြံပြုထားပါတယ်။ (၂၁)အဝါရောင်ကုံကုမံ (ဝတ်ဆံ) ဟာအစာအိမ်ရောဂါများအတွက် ဆေးဘက်ဝင်ရုံသာမက လိင်စွမ်းဆောင်မှုကိုအား ပေးလို့ ရေနွေးပူပူမှာ ၁၅ မိနစ်ခန့်စိမ်သောက် ပေးနိုင်ပါတယ်။ (၂၂) ဆလတ်ရွက်မှာ လိင်စိတ်ဟော်မုန်းကို နှိုးဆော်ပေးနိုင်သောအစွမ်းပါရှိလို့ ညစာစား တဲ့အခါဆလတ်ရွက် ၁-ဇလုံစာ ထဲ့စားပေးပါ။ (၂၃) ကညွတ်ပင်ရဲ့ ပုံသဏ္ဍာန်ကအထီးလိင်အင်္ဂါနှင့် ခပ်ဆင်ဆင်တူ၍၊ ပြင်သစ် ဘာသာစကားအရ ကညွတ်ကို asperge (ဝါ) ကျားလိင်အင်္ဂါ ဟုခေါ်ပါတယ်။ သဘာဝ ကျားခွန်အား ပြည့်စေလို့အမျိုးသားများအားတိုးဆေးအဖြစ် မှီဝဲသင့်ပါတယ်။ ဒါ့ပြင်မီးဖွားပြီးစအမျိုးသမီးများ ကညွတ်ပင်အမြစ်ပြုတ်စားခြင်း (သို့) ကညွတ်နှင့် နွားနို့တို့ရော၍ နို့ထမင်းချက်စားခြင့်ဖြင့် သွေးသန့်ကာမခွန်အားအမြန် ပြည့်စေပါတယ်။Credit: ပေါက်ပေါက် သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  


#ကျား
#ကမာကောင်
#အားတိုးဆေး
#မြင်းခွာ
#အစိမ်း

Some text some message..