ညစ်ညမ်းဇာတ်လမ်းတွေကြည့်ရှုခြင်းက ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်လန်းဆန်း မှုတွေ စတင်ရရှိစေတယ်လို့ သိရပါတယ်။ ဒါပေမယ့်အိန္ဒိယအမျိုးသားတစ်ဦးဟာ ညစ်ညမ်းဇာတ် လမ်း ကြည့်ရှုရာကနေ ပြင်းထန်တဲ့ ဦးခေါင်းကိုက်ခဲ ဝေဒနာကို ခံစားလာရတယ် လို့ သိရပါတယ်။ ဒါဟာ တကယ့်ကိုအံ့အားသင့်စရာကောင်းပြီး သုတေသနပြုဆေးမှတ်တမ်းတွေနဲ့ ကွဲလွဲမှားယွင်းနေတာကို တွေ့ရပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိရဲ့ ဘွဲ့ရလူငယ်တစ်ဦးဟာ လိင်စိတ်နိုးကြွစေတဲ့ ညစ်ညမ်းဇာတ်ကား တွေ ကြည့်ရှုနေရင်းနဲ့ ခေါင်းကိုက်ခဲတဲ့ဝေဒနာပြင်းပြင်းထန်ထန်ကို ခံစားလာရတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ဒီလိုမျိုး ထူးခြားတဲ့ ခန္ဓာကိုယ်တုန့်ပြန်မှုကို ဆေးဝါးစစ်ဆေးစမ်းသပ်မှုတွေပြုလုပ်ချိန်မှာတော့ ခန္ဓာ ကိုယ်မှများစွာသော ကိုယ်တွင်းပေါက်ကွဲမှုဓာတ်ပြုမှု ဖြစ်စဉ်ကနေ ခေါင်းကိုက်ခြင်းကို ဦးတည် လာခဲ့ခြင်း ဖြစ်ကာ ၁၀ မိနစ်ကြာ ညစ်ညမ်းဇာတ်ကားကြည့်ရှုရုံနဲ့တင် ဒီလိုဖြစ်စဉ်မျိုး ဖြစ်ပေါ်လာစေ တယ်လို့ တွေ့ရှိခဲ့ရပါတယ်။
သုတေသနပြုအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်မှာဆိုရင်လည်း ဒီလိုမျိုး ဦးခေါင်းကိုက်ခဲတဲ့ ဝေဒနာ ခံစားမှုဟာ ခေါင်းကိုက်ဝေ ဒနာနဲ့ဆက်စပ်တဲ့ ခံစားမှုရောဂါမျိုးမဟုတ်ပဲ လိင်ဆက်ဆံတဲ့အခါနဲ့ တစ်ကိုယ်ရည်အာ သာဖြေခြင်းတွေအချိန်တွေမှာလည်း ဖြစ်ပေါ်တတ်တဲ့ ခံစားမှုလက္ခဏာမျိုး ဖြစ် ကြောင်းအသိပေးပြောကြားထားပါတယ်။
နယူးယောက်အခြေစိုက် ဦးခေါင်းဆိုင်ရာ ရောဂါဝေဒနာသုတေသနပြု ဆေးမှတ်တမ်း စစ်ဆေးရေးအ ဖွဲ့အစည်းကဆိုရင်လည်းအဆိုပါအိန္ဒိယအမျိုးသားရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ လူငယ်အမျိုး သားမှာ ညစ်ညမ်းဇာတ်ကားတွေကို ကြည့်ရှုရတာကို ကြိုက်နှစ်သက်သဘောကျရုံနဲ့ ကြည့်ရှုခဲ့ပေမယ့် လိင်ဆက်ဆံတာမျိုး မရှိပဲနဲ့ သူ့ဆီမှာ စိတ်ပိုင်းဆိုင်ရာ စိတ်လှုပ်ရှားမှုနဲ့ ခန္ဓာကိုယ်တွင်း ဖြစ်စဉ်တွေမှာအလျင်အမြန်ဖြစ်ပေါ်နေခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
သဒ္ဒါချို(ရွှေအင်းလေး)