Contraceptives and breastfeeding နို့တိုက်မိခင်များအတွက် ကိုယ်ဝန်တားဆေးများ
healthcare.com.mm
|
2019-08-03


ကိုယ်ဝန်တားဆေးတွေက နာမည်အမျိုးမျိုးနဲ့ လာတယ်။အမျိုးသမီးအမျိုးမျိုးကို သက်ရောက်စေတာကလဲအမျိုးမျိုး ရှိနိုင်တယ်။ ကိုယ်ဝန်တား စားဆေးတွေထဲမှာအများဆုံး သုံးနေကြတာက ဟော်မုန်း ၂ မျိုးတွဲ၊ တစ်နေ့တစ်လုံး စားရတဲ့ ဆေးမျိုးဖြစ်တယ်။ ဟော်မုန်းတွေဆိုတာ Estrogen (အီစထိုဂျင်) နဲ့ Progestin (ပရိုဂျက်စတင်) တွေ ဖြစ်တယ်။ ကလေးနို့တိုက်သူတွေနဲ့ သိပ်မကိုက်ဘူး။ ဒီဆေးမျိုးထဲမှာပါတဲ့ Estrogen က နို့ထွက်နည်းစေမယ်။ ကလေးတစ်လခွဲရှိတဲ့အထိ တားဆေးမသုံးဘဲလဲ နေနိုင်တယ်။ ကလေးနို့ဖြတ်ပြီးရင် ကြိုက်တဲ့ နည်းကို ပြောင်းသုံးနိုင်တယ်။ ဟော်မုန်း ၂ မျိုးတွဲကို ကလေး ၆ လရပြီးမှာသုံးရင် နို့ထွက်နည်းတာကို ရှောင်နိုင်မယ်။ ကလေးကို နို့တိုက်ပေးနေရင် နောက်ကလေးရဘို့ ဝေးတတ်တယ်။ ဒါမျိုးကို ဆေးစာမှာ Lactational amenorrhea ခေါ်တယ်။ ရာသီမဆင်း၊ ကလေးမရတာမျိုး ဖြစ်တယ်။ ကလေးမွေပြီးတဲ့နောက်အမျိုးသမီးများဟာ ခင်ပွန်းနဲ့အတူပြန်နေတာမှာ မြန်ကြတာများတယ်။ ၄ ပတ်ဆိုရင် ၃ ပုံ ၁ ပုံနဲ့ ၈ ပတ်ဆိုရင် ၈၈% လို့ ပြောနိုင်တယ်။ ကလေး နို့တိုက်တုံးသုံးနိုင်တဲ့ ကိုယ်ဝန်တားဆေးများ - Depo-Provera ၃ လခံထိုးဆေးလဲ သုံးနိုင်တယ်။ - Progestin-only pill (POP) တစ်မျိုးထဲပါတဲ့ တားဆေးမျိုးက ပိုအဆင်ပြေတယ်။ ဒီဆေးမျိုးကို Mini pill လို့လဲ ခေါ်တယ်။ တားဆေးထဲက ဟော်မုန်းဟာ မိခင်နို့ရည်ထဲ မရောက်နိုင်လို့ ကလေးကို ဒုက္ခမပေးပါ။ Progestin-only pillအမျိုးအစားဟာ ဟော်မုန်း ၂ မျိုးတွဲထက် ကိုယ်ဝန်တားရာမှာ ထိရောက်မှု ရာနှုန်းနည်းတယ်။ ဆေးကို နေ့တိုင်းမှန်မှန် နဲ့အချိန်လဲ မှန်မှန်သောက်ဘို့အထူးသတိကြီးရမယ်။ - Progestin-only implantsအရေပြားအောက်မှာ ထည့်ထားရတဲ့အချောင်းမျိုးသုံးနိုင်တယ်။ ဥပမာ Norplant ဖြစ်တယ်။ - Contraceptive implantအရေပြားအောက်မှာ ထည့်ထားရတဲ့ ဟော်မုန်းပါ ဆေးချောင်းထည့်နည်း Norplant and Jadelle (Norplant II), Implanon, Sino-implant (II) marketed as (Zarin, Femplant and Trust), Nexplanon တွေကို သုံးနိုင်တယ်။ - Barrier methodsအဖုံး-အကာ-အစွပ်နည်းတွေထဲက Condom (ကွန်ဒွမ်) က ပိုအဆင်ပြေနိုင်တယ်။ - Intrauterine devices (IUD) သားအိမ်ထဲ (ကောပါး-တီ) ထည့်နည်းမှာ ဘာဟော်မုန်းမှ မပါလို့ နို့ထွက်တာကို သက်ရောက်မှု မရှိပါ။ - Intrauterine system (IUS), IUD with progestogen, IntraUterine Contraceptive (IUC) လို့ ခေါ်တာက သားအိမ်အဝမှာ (ပရိုဂျက်စတင်) တမျိုးထဲသာ ပါလို့ နို့ထွက်တာကို မသက်ရောက်စေဘူး။ - Diaphragm (ဒိုင်ယာဖရမ်) နည်းကတော့ ကလေးမွေးပြီးစမှာအရွယ်အစား ရင်စားပြန်မရသေးလို့အနေမတော် ဖြစ်နိုင်တယ်။ - NuvaRing ထဲမှာလဲ ဟော်မုန်း ၂ မျိုးတွဲပါလို့ နို့ထွက်နည်းမယ်။ - Contraceptive patch = Transdermal patch (Evra, Ortho Evra) ထဲမှာ Estrogen နဲ့ Progestin hormones တွေပါလို့ နို့ထွက်နည်းစေမယ်။ Credit : Dr.Tint Swe သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


#ကိုယ်ဝန်
#နည်း
#ဆေး
#ပရိုဂျက်
#ကလေး

Some text some message..