ရာသီသွေးကပြောတဲ့ ကျန်းမာရေး
ondoctor.com.mm
|
2019-08-03



ရာသီသွေးကပြောတဲ့ ကျန်းမာရေး

မိန်းကလေးတွေအရွယ်ရောက်လာပြီဆို ရှောင်လွှဲလို့မရတာက ဓမ္မတာလာခြင်းပါပဲ။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သွေးမဆုံးခင်အချိန်ထိ လစဉ်ကြုံတွေ့ရနိုင်တဲ့ ကိစ္စပေါ့။အရပ်စကားအရတော့ ရာသီလာတယ် သွေးဆင်းတယ် စသဖြင့်ပြောကြပြီး English လိုတော့ Menstruation ခေါ်ပါတယ်။


ပုံမှန်အားဖြင့် ဒီလိုရာသီလာနေတဲ့အချိန်မှာအမျိုးသမီးတွေဟာ ဗိုက်အောင့်တာ ကိုယ်လက်နာကျင်ကိုက်ခဲတာ စိတ်အထိအရှလွယ်တာတွေ ဖြစ်လေ့ရှိပါတယ်။ ဒါတွေက ပုံမှန်ဖြစ်လေ့ရှိတာတွေဖြစ်ပြီး
ရာသီသွေးဆင်းလို့ပြီးတဲ့အခါ သက်သာသွားကြပါတယ်။ ဒါပေမဲ့ တခါတလေ ရာသီသွေးဟာ ပုံမှန်ဆင်းရမဲ့ရက် မဆင်းတာမျိုး ပုံမှန်ပမာဏထက် နည်းတာများတာမျိုးတွေ ရှိတတ်သလို ပုံမှန်ရှိရမဲ့အရောင်မျိုး မရှိတာတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ရာသီသွေးရဲ့ ပုံမှန်အရောင်နဲ့ ပုံမှန်မဟုတ်တဲ့အရောင်တွေအကြောင်း ပြောပြသွားပါမယ်။

(၁)အနီရဲရဲ

တကယ်တော့ ရာသီလာတယ်ဆိုတာ သားအိမ်နံရံကအလွှာတွေ ကွာကျတာကို ပြောတာပါပဲ။ သန္ဓေသားလောင်းလေး ငြိတွယ်ဖို့ လိုအပ်တဲ့အာဟာရတွေ ရရှိဖို့ သားအိမ်နံရံဟာ နီနီရဲရဲ ထူထူထဲထဲနဲ့ ခပ်စိုစိုလေး ရှိနေပါလိမ့်မယ်။

လာတွယ်ကပ်မဲ့ သန္ဓေသားမရှိတဲ့အခါမှာ သားအိမ်နံရံသားလေးတွေဟာ နီနီရဲရဲသွေးတွေအဖြစ်နဲ့ တဖြေးဖြေးကွာကျပါတယ်။ ဒါကို ရာသီလာတယ် ခေါ်တာပေါ့။ ဒါကြောင့် ပုံမှန် ရာသီသွေးဟာ နီနီရဲရဲလေး ဖြစ်နေပါလိမ့်မယ်။

(၂)အနီဖျော့ဖျော့ (သို့မဟုတ်) ပန်းရောင်

ကျန်းမာတဲ့သွေးဖြစ်ဖို့အနီရောင်သွေးဆဲလ်တွေ လုံလုံလောက်လောက် ပါဝင်ဖို့လိုပါတယ်။ တကယ်လို့ သင့်ရာသီသွေးကအနီဖျော့ဖျော့ (သို့) ပန်းရောင် ဖြစ်နေခဲ့ရင် သင့်မှာ သွေးအားနည်းရောဂါအာဟာရမပြည့်တာ ဒါမှမဟုတ်အစာအိမ်လမ်းကြောင်းပြဿနာတွေ ရှိနေနိုင်ပါတယ်။

(၃)အညိုရောင် (သို့မဟုတ်) သံချေးရောင်

တကယ်လို့ ရာသီသွေးအရောင်က ညိုညိုညစ်ညစ်အရောင် ဖြစ်နေခဲ့ရင်တော့ သင့်ခန္ဓာကိုယ်အပူချိန်မြင့်တက်နေတဲ့ သဘောပါပဲ။ တကယ်လို့ ရာသီလာခါစအချိန်မှာ ဖျားနာပြီး ကိုယ်တွေပါပူနေခဲ့ရင် ဒီလိုအရောင်မျိုးတွေ့ရနိုင်ပါတယ်။

(၄) ပြာနှမ်းနှမ်းအရောင်

သူကတော့ ပြောင်းပြန်ပါ။ ခန္ဓာကိုယ်အပူချိန်အလွန်အမင်းကျဆင်းတဲ့အခါမျိုးမှာ ရာသီသွေးဟာ ခုလိုအရောင်မျိုး ရှိနေနိုင်ပါတယ်။အာ့လိုအခါမျိုးမှာ နာကျင်မှုကို ပိုမိုခံစားရတတ်ပြီး သွေးခဲတွေပါ တွေ့မြင်ရတတ်ပါတယ်။ ပုံမှန်ကိုယ်အပူချိန်ရောက်တဲ့အခါ သွေးအရောင်ဟာ ပုံမှန်ပြန်ဖြစ်သွားမှာဖြစ်ပြီး ကိုက်ခဲမှုတွေလည်း သက်သာသွားပါလိမ့်မယ်။

(၅) မည်းညစ်ညစ်အရောင်

ဖြစ်ခဲပေမဲ့ ဒီလို ရာသီသွေးအရောင်ဆိုရင်တော့ ဒါဟာ ဂရုစိုက်ရမဲ့ကိစ္စတစ်ခုပါပဲ။ သွေးဟာအရမ်းပျစ်ခဲစေးကပ်တဲ့အခါအမည်းရောင်လို ဖြစ်သွားတတ်ပါတယ်။ နာကျင်ကိုက်ခဲမှုတွေ ခံစားရမှာဖြစ်သလိုအခဲတွေပုံစံနဲ့လည်း ရှိနေပါလိမ့်မယ်။ ဒါမျိုးအရောင်ကိုတော့ သားအိမ်အသားလုံးဖြစ်ဖူးတဲ့အမျိုးသမီးတွေ Endometriosis ဖြစ်ဖူးတဲ့အမျိုးသမီးတွေမှာ တွေ့နိုင်ပါတယ်။

အထက်ပါ ရာသီသွေးအရောင်အမျိုးမျိုးအနက် ပုံမှန်အရောင်မှလွဲပြီးတော့အခြားအရောင်တွေဆင်းခဲ့ရင် ကလေးရနိုင်ခြေကို နည်းပါးစေတတ်ကြောင်းလေ့လာတွေ့ရှိထားပါတယ်။

Dr.KG


#အရောင်
#သွေး
#ရာသီ
#သားအိမ်
#နံရံ

Some text some message..