ပျားတုပ်ခံရတဲ့အခါအမြန်သက်သာအောင် ဒီနည်းတွေ လုပ်ကြည့်ပါ ။
hellosayarwon.com
|
2019-08-09


ပျားဆိုတဲ့ သတ္တဝါလေးတွေဟာ သူ့ဘာသာဆို ဘာမှမလုပ်ပေမယ့် သူနေတဲ့အုံကိုများ သွားထိမိလိုက်လို့ကတော့အပြုံလိုက်ထွက်လာပြီး တုပ်တယ်ဆိုတာအားလုံးသိကြမှာပါ။

ပျားတုပ် ခံရတဲ့အရသာဟာ ဘာနဲ့မှ မတူအောင်အီစိမ့်တယ်ဆိုတာအတုပ်ခံရဖူးသူတိုင်းသိကြမှာပါ။

ပျားတုပ် ခံရတဲ့နေရာက ရောင်ကိုင်းပြီး တင်းနေမယ်
တဆစ်ဆစ်ကိုက်မယ်
ယားသလိုလို နာသလိုလိုဖြစ်ပြီး နီရဲနေမယ်အတုပ်ခံရတဲ့နေရာက လှုပ်ရှားရတဲ့

လက်ဆစ် လိုနေရာမျိုးတွေမှာ ဖြစ်ခဲ့ရင် လှုပ်မရလို့အလုပ်တွေပျက်မယ် စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ လိုက်လာပါလိမ့်မယ်။. ဒီတော့ ပျားအတုပ်ခံရရင် နာလည်းနာမယ်၊အလုပ်လည်းပျက်မယ်ဆိုတေ့ ကိုယ်ပျားအတုပ်ခံရတဲ့အခါအမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်လို့ရလဲ။ ပြောကြတာကြားဖူးတယ်မလား၊ ပျားတုပ်ခံ၊

ပုရွက်ဆိတ် ကိုက်ခံရရင် ပရုတ်ဆီတွေ မလိမ်းရဘူး၊ ဆေးတွေ လျှောက်မလိမ်းရဘူးဆိုတာကို။ ဒီတော့ ပျားတုပ်ခံထားရတဲ့အနာ မြန်မြန်သက်သာစေဖို့ သဘာဝနည်းတွေနဲ့လုပ်ကြည့်ရင် မကောင်းဘူးလား။ ။

ပျားတုပ်ခံရင်အမြန်သက်သာအောင် ဒီသဘာဝနည်းလေးတွေ လုပ်ကြည့်ပါ။
( ၁ )

ရေခဲကပ် ပါ။ ရေခဲဟာ ရောင်ရမ်းခြင်းတွေနဲ့ နာကျင်ခြင်းတွေကို လျော့ကျစေနိုင်တဲ့အစွမ်းတွေရှိပါတယ်။ ဒီတော့ ပျားတုပ်ခံရပြီးပြီးချင်းအတုပ်ခံရတဲ့နေရာက ပျားဆိပ်တွေစင်သွားအောင် ရေဆေးလိုက်ပါ။ ရောင်ပြီးနီလာတဲ့နေရာကို မိနပ်အတော်ကြာအောင်ရေခဲကပ်ပါ။ ကပ်ကပ်ချင်း ကိုက်သလိုခံစားမှု ဖြစ်ပေမယ့် လုံးဝမရပ်လိုက်ဘဲ ဆက်ပြီးရေခဲကပ်ပါ။ တစ်တုံးကုန်သွားရင် နောက်တစ်တုံးနဲ့ ဆက်လုပ်ပါ။ ရေခဲကပ်တဲ့အခါ ရေခဲနဲ့ အသားနဲ့ တိုက်ရိုက်မထိဘဲ ကြားထဲအဝတ်တစ်ခုခုခံပြီး ရေခဲကပ်ပါ။

( ၂ ) ရှားစောင်းလက်ပတ်။
ရှားစောင်းလက်ပတ်ထဲက ဂျယ်လီလေးမှာ ရောင်ရမ်းခြင်းကိုလျော့ကျစေတဲ့အာနိသင်အပြင်

ဘက်တီးရီးယာ းပိုးတွေကို သေစေနိုင်တဲ့အစွမ်းရှိတာကြောင့် ပျားတုပ်ခံထားရတဲ့နေရာကို ရှားစောင်းလက်ပတ်ဂျယ်လေးနဲ့ စိမ့်ဝင်အောင် လိမ်းပေးပါ။အေးမြမြ ခံစားမှုနဲ့အတူ နာကျင်ရောင်ရမ်းတာတွေသက်သာသွားမှာပါ။

( ၃ ) Calamine lotion
ခြင်ကိုက် ယားယံတာဖြစ်ဖြစ်၊

ယားယံ တဲ့အဖုအပိန့်တွေကို သက်သာစေဖို့ဖြစ်ဖြစ် သုံးကြတဲ့ Calamine lotionကို ပျားတုပ်ခံရတာကို သက်သာစေဖို့ သုံးပေးလို့ရပါတယ်။ ပျားတုပ်ခံထားရတဲ့နေရာကို Calamine lotionလေး ပွတ်ပေးလိုက်ရုံပါပဲ။

( ၄ ) ပျားရည်။
ပျားရည် မှာ ရောင်ရမ်းခြင်းကို လျော့စေတဲ့အာနိသင်ရှိတာကြောင့် ပျားတုပ်ခံရလို့ ရောင်ကိုင်းနေခြင်းကို သူက သက်သာစေမှာပါ။ နောက်ပြီး ပျားရည်ရဲ့ ဘက်တီးရီးယားကိုသေစေနိုင်တဲ့အာနိသင်ကြောင့် ပျားတုပ်ခံရတဲ့နေရာကို နောက်ထပ်ပိုးဝင်တာတွေကို ကာကွယ်ပေးမယ့်အပြင်

အနာကျက်ြ မန်အောင်လည်း သူက ကူညီပေးဦးမှာပါ။ ဒါကတော့ ပျားတုပ်ခံရတဲ့အမြန်သက်သာစေမယ့်အသုံးဝင်သဘာဝနည်းလမ်းတွေဖြစ်ပါတယ်။ သဘာဝနည်းလမ်းတွေကိုမသုံးချင်ဘူး ဆေးတွေကို ယုံကြည်တယ်ဆိုတဲ့သူတွေကတော့ ပျားတုပ်ခံရတဲ့နေရာကို ခုပြောပြမယ့်ဆေးတွေ သုံးပေးလို့ရပါတယ်။

hydrocortisone creams - ရောင်ရမ်းနီရဲနေတာတွေနဲ့ နာကျင်တာကို လျှော့ချပေးနိုင်ပါတယ်။
antihistamines သောက်ဆေး - ယားယံတာကိုအဓိကသက်သာစေမှာဖြစ်ပြီး ရောင်ရမ်းခြင်းကိုလည်းလျှော့ချပေးနိုင်မှာပါ။

အကိုက်အခဲပျောက်ဆေး - တစ်ချို့အကိုက်အခဲပျောက်ဆေးတွေက ပျားတုပ်ခံထားရလို့ တဆစ်ဆစ်နာကျင်မှုကို သက်သာစေမယ့်အပြင် ရောင်ရမ်းတာတွေကိုလည်း သက်သာစေမှာပါ။

တစ်ချို့ ဓာတ်မတည့်မှု ပြင်းထန်တဲ့သူတွေကျတော့

ဆရာဝန်ဆီ ချက်ချင်းသွားပြီး epinephrine ဆေးထိုးဖို့လိုအပ်ပါတယ်။ သဘာဝနည်းတွေက လွဲလို့ သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေးတွေအားလုံးကို မသုံးခင် ဆရာဝန်နဲ့အရင်တိုင်ပင်ဖို့ မမေ့နဲ့နော် ။ ။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။    


#ပျား
#ရေခဲ
#ဆစ်
#လက်ပတ်
#အာနိသင်

Some text some message..