
မျက်နှာအလှအပကိုထိခိုက်စေတဲ့အချက်တွေထဲမှာ မျက်ကွင်းညိုခြင်းလည်းပါဝင်ပါတယ်။
မျက်ကွင်းညိုခြင်းကအကြောင်းရင်းများစွာကြောင့်ဖြစ်နိုင်ပါတယ်။ ပင်ပန်းခြင်း၊အိပ်ရေးမဝခြင်း၊ ရေဓာတ်လိုခြင်းစတာတွေကြောင့် မျက်ကွင်းညိုတတ်ပါတယ်။
ဒီလိုမျက်ကွင်းညိုပြီးအလှပျက်နေသူများအတွက် နည်းလမ်းကောင်းလေးကိုမျှဝေပေးလိုက်ပါတယ်။
သခွားသီးလေးတွေကို ပါးပါးလေးကွင်းပြီးမျက်နှာပေါ်ကနေအုပ်ပေးထားမယ်ဆိုရင်အပူလည်းထွက်သလို မျက်ကွင်းညိုတာလည်းသက်သာစေပါတယ်။
ကပ်ထားတုန်းမှာတော့ခဏလောက်အိပ်လိုက်ပါ။
အေးမြတဲ့အရသာကြောင့် စိတ်ရော၊ လူရောအနားရတဲ့အပြင်မျက်ကွင်းညိုတာလည်းသက်သာစေပါတယ်။
လက်ဖက်ကပ်ခြင်းကလည်း မျက်ကွင်းညိုခြင်းကို ပျောက်ကင်းစေပါတယ်။
လက်ဖက်ခြောက်ကိုရေနွေးဆူဆူထဲမှာနှပ်လိုက်ပြီး ပျော့သွားတဲ့လက်ဖက်တွေကို ပြန်ယူလိုက်ပါ။
အေးသွားအောင်ရေခဲသေတ္တာထဲမှာဖြစ်ဖြစ်အေးသွားအောင်ခဏထားပါ။
အေးစက်နေတဲ့လက်ဖက်တွေကို မျက်ကွင်းညိုတဲ့နေရာမှာအုံပေးထားမယ်ဆိုရင် သက်သာမှာဖြစ်ပါတယ်။
Myanmar Wedding Guide