အမျိုးသားများ စောစီးစွာ သတိထားသင့်သော ကင်ဆာလက္ခဏာများ
ondoctor.com.mm
|
2019-08-10



အမျိုးသားများ စောစီးစွာ သတိထားသင့်သော ကင်ဆာလက္ခဏာများ

ကင်ဆာရောဂါကို ယောက်ျားရော မိန်းမပါ မကျန်အကုန်ကြောက်တတ်ကြပါတယ်။ ကင်ဆာဖြစ်နိုင်သော ရှေ့ပြေးလက္ခဏာများကိုလည်း ကြိုတင်သိထားချင်ကြပါတယ်။ ကင်ဆာလက္ခဏာ စောစာစီးစီးသတိထားလျှင် မလိုလားအပ်သောအသက်ဆုံးရှုံးမှုများ လျော့နည်းလာပါလိမ့်မယ်။အမျိုးသားများ သတိထားသင့်သော ကင်ဆာဖြစ်စေသော ရှေးဦးလက္ခဏာများမှာ .

(1) ဝမ်းသွားခြင်းအမူအကျင့်ပြောင်းခြင်း

ဝမ်းသွားမှု မူမမှန်ဖြစ်ခြင်းသည် ပုံမှန်အားဖြင့်ဖြစ်နိုင်သောအကြောင်းရင်းအများကြီးဖြစ်ပါတယ်။ ရေရှည် ပြောင်းလဲမှုသည်အူရောင်သောရောဂါနှင့်အူအကဲဆတ်တတ်သောရောဂါမျာကြောင့် ဖြစ်နိုင်ပါတယ်။ ထို့အပြင် ဝမ်းသွားမှုမူမမှန်ဖြစ်ခြင်းသည်အူမကြီးကင်ဆာ။ ဆီးအိမ်ကင်ဆာနှင့် ဆီးကြိတ်ကင်ဆာတို့နှင့်လည်း ဆက်စပ်နိုင်ပါတယ်။ ရေရှည် ဝမ်းချုပ် ဝမ်းသွားခြင်းသည် ဆေးခန်းပြရန် လိုအပ်ပါတယ်။ နာကျင်ခြင်း။ သွေးပါခြင်းသည် လိပ်ခေါင်း သို့မဟုတ် ကင်ဆာကြောင့် ဖြစ်နိုင်ပါတယ်။

(2) ဆီးပြဿနာများ

အမျိုသားများသည် ဆီးထဲသွေးပါခြင်း သုတ်ရည်ပါခြင်းစသည်တို့ နာတာရှည်ခံစားရပါက ဆီးအိမ်ကင်ဆာဖြစ်နိုင်သောကြောင့်အထူးသတိပြုပါ။

ဆီးသွားရာတွင် နာကျင်ခက်ခဲခြင်းသည် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေရှိပါတယ်။အခြားဆီးကျ်တ်ကင်ဆာလက္ခဏာများမှာ


– ဆီးပုူခြင်း
– ဆီးနည်းခြင်း
– ပန်းညိူးခြင်း
– ဆီးမထိန်းနိုင်ခြင်းစသည့် လက္ခဏာများဖြစ်ပါတယ်။

(3) ကိုယ်အလေးချိန်ကျခြင်း

ကိုယ်အလေးချိန်သည်အစာအစားမှု ပြောင်းလဲမှု မကြိုးစားပဲ ဆက်တိုက်ကျဆင်းလာပါကအခြားသော ရာဂါလက္ခဏာမးကိုအထူးဂရုစိုက် စမ်းသပ်မှုခံယူပါ။ ကိုယ်အလေးချိန်ကျဆင်းခြင်းကို သတိမမူဘဲ ပေါ့ပေါ့ဆဆမနေသင့်ပါ။ ကိုယ်အလေးချိန်ကျဆင်းခြင်းသည် များစွာသော ကင်ဆာလက္ခဏာများနှင့် ဆက်စပ်မှုရှိပါတယ်။

(4) ဝှေ့စေ့ပြဿနာများ

အသက်ငယ်စဉ်တွင် ဝှေးစေ့ကင်ဆာဖြစ်ရန် ခဲယဉ်းပါတယ်။ ဝှေးစေ့ကင်ဆာသည်အစောပိုင်းတွင် မည်သည့်လက္ခဏာမှ မပြတတ်ပါ။ ပထမဦးဆုံးသတိထားမိနိုင်သောလက္ခဏာများမှာ


–အလုံးစမ်းမိခြင်း
– နာကျင်ခြင်း
– ကယ်ပယ်အိတ်ထုံကျင်ခြင်း
– ကယ်ပယ်အိတ်ရောင်ခြင်းနှင့်အရွယ်အစားမတူခြင်းတို့ ဖြစ်ပါတယ်။အဆိုပါ လက္ခဏာများသည် ကင်ဆာဖြစ်နိုင်ချေရှိသော လက္ခဏာများသာ ဖြစ်ပါတယ်။အခြားပိုးဝင်သော ရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။

(5) ရင်သားအကျိတ်များ

ယောက်ျားများ ရင်သားကင်ဆာဖြစ်နိုင်ချေနည်းသော်လည်းအလုံးအကျိတ်ရှိခြင်း။အရည်ထွက်ခြင်းနှင့် နီရဲခြင်းစသည်တို့ကို သတိပြုသင့်ပါတယ်။

(6)အရေပြားနှင့် ပါးစပ်အနာများ

ကွမ်းနဲ့ ဆေးလိပ်သုံးစွဲသောသူများတွင်အထူးသတိထားသင့်သောအရာမှာ ပါးစပ်အတွင်းအနာများ ပေါက်ခြင်းဖြစ်ပါတယ်။ ပါးစောင်ကင်ဆာနှင့် သွေးကင်ဆာတို့ ဖြစ်နိုင်ပါတယ်။

(7) ချောင်းရက်ရှည်ဆိုးခြင်း


နာတာရှည်ချောင်းဆိုးခြင်းသည် ပြင်းထန်သောရောဂါများရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။အဆုတ်ကင်ဆာဖြစ်နိုင်သော လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။အခြားလက္ခဏာများမှာ
– ချောင်းဆိုးသွေးပါခြင်း
– သလိပ်အထွက်များခြင်း
– ရင်ဘတ်အောင့်ခြင်း
–အသံဝင်ခြင်းစသည့် လက္ခဏာများသတိထာသင့်ပါတယ်။

(8) ဗိုက်အောင့်ခြင်းနှင့် ပျိုအန်ခြင်း

ဗိုက်အောင့်ခြင်းသည်အစာအိမ်ရောင်ခြင်းအပြင်အခြားသောအသည်းကင်ဆာ။အစာအိမ်ကင်ဆာ။အူကင်ဆာနှင့် ပန်ကရိယကင်ဆာများရဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။

(9)အရိုးနာခြင်း

ဆီးကျ်တ်ကင်ဆာနှင့်အဆုတ်ကင်ဆာသည်အရိုးထိပြန့်နှံ့ကာအရိုးနာတတ်ပါတယ်။အရိုးကင်ဆာသည်အရိုးအားနည်းကာ ကျိုးကြေလွယ်ပါတယ်။

ဘယ်အခါဆရာဝန်ပြသင့်သလဲ?

ကင်ဆာတိုင်းသည် စောစီးစွာသိနိုင်သောလက္ခဏာများ မပြတတ်ပါ။ သိသာထင်ရှား လေက္ခဏာများကို ကင်ဆာနှောင်းပိုင်းမှသိရှိလေ့ရှိပါတယ်။ ထို့ကြောင့်အမျိုးသားများအနေဖြင့်အထက်ပါ လက္ခဏာများဖြစ်လာပါက သတိပြုသင့်ပါတယ်။

Dr. Pyae Shin


#ကင်ဆာ
#လက္ခဏာ
#ခြင်း
#အရိုး
#ဝှေးစေ့

Some text some message..