B ပိုးကာကွယ်ဆေး ပြည့်အောင်မထိုးရသေးပဲနဲ့ ရောဂါပိုးရှိသူနဲ့ French kiss လုပ်မိရင် ရောဂါကူးနိုင်ပါသလား သိချင်ပါတယ်။ ဆေးစာမဖြေခင်အနမ်းဋီကာချဲ့ပါရစေ။ စာတစ်ပုဒ် ရေးထားတာရှိပေမယ့်အများဖတ်စရာအနေနဲ့တော့ မတင်လိုပါ။ လျှာမပါဘဲ နှုတ်ခမ်းချင်းနမ်းတာကို Light Kissing ခေါ်တယ်။ နှုတ်ခမ်းချင်းနမ်းတာကို Lip kiss လို့ ပြောတာများတယ်။ တရားဝင်ခေါ်ကြတာက French kiss ဖြစ်ပါတယ်။ Deep Kissing လို့သတ်မှတ်တယ်။အထဲထိနက်တယ်။ ဒီနမ်းနည်းမှာ တစ်ယောက်ရဲ့ နှုတ်ခမ်းနဲ့ နောက်တစ်ယောက်ရဲ့ နှုတ်ခမ်း + လျှာနဲ့ ထိတွေ့မှုလုပ်ကြတယ်။အပြန်အလှန်သဘောရှိနိုင်တယ်။ တဖြေးဖြေးချင်းနဲ့ စိတ်လိုလက်ရ ရှိလာနိုင်တယ်။ ပေါ့ပေါ့ပါးပါးနမ်းတာကနေ • ရေယုံနဲ့ ဝဲ ကူးစက်နိုင်တယ်။ ထိစပ်တဲ့နေရာမယ် ရောဂါမရှိသူမှာအပေါက်အပြဲအနာအဆာရှိမှသာ ကူးမှာပါ။ • တီဘီ (သလိပ်ထဲ ပိုးတွေ့)၊ တုပ်ကွေး၊အအေးမိဖြစ်နေသူက နမ်းတာမခံပါနဲ့။ • မြင်သာတဲ့ မန်းရည်လို၊ ပြည်လိုအနာရှိနေသူကို သွားမနမ်းပါနဲ့။ • ရေယုံဗိုင်းရပ်စ်အမျိုးအစား (၂)၊အသဲရောင် (ဘီ) နဲ့ ဆစ်ဖလစ်ရောဂါတွေ ကူးနိုင်တယ်။ သွားရည်ထဲကနေ • Mononucleosis (မိုနိုနူကလီယိုးဆစ်) ကို Kissing diseaseအနမ်းရောဂါလို့ခေါ်တယ်။ (EBV) နဲ့ (CMV) ဗိုင်းရပ်စ်တွေကနေ ကူးစက်တယ်။ • Streptococcus (စထွက်ပတိုကေားကပ်စ်) ဘက်တီးရီးယားကြောင့် လည်ချောင်းနာရောဂါ ကူးလာနိုင်တယ်။ • Cold sores ခေါ်တဲ့ နှုတ်ခမ်းရေယုံဟာ Herpes Simplex Virus-1 (HSV-1) ဗိုင်းရပ်စ်ကနေကူးစက်တယ်။ • Hand-foot-mouth disease လက်-ခြေ-ပါးစပ်ရောဂါဆိုတာ Coxsackie virus ဗိုင်းရပ်စ်ကနေကူးတယ်။ • HIV ပိုးဟာ သွားရည်ထဲမှာပါနေနိုင်ပေမဲ့အရေအတွက်နည်းလို့ မကူးဘူးလို့ (ကနေ့အထိ) ပြောနိုင်တယ်။ •အသဲရောင် (အေ)၊ (ဘီ) နဲ့ (စီ) တွေကတော့ နမ်းလို့ကူးတယ်လို့ပြောနိုင်တဲ့ လူနာတွေတွေ့ထားတယ်။ • Candida yeast infections မှိုပိုးဝင်နေလို့လဲဖြစ်နိုင်တယ်။အထူးသဖြင့် ပဋိဇီဝဆေးသောက်နေချိန်မှာ ဖြစ်တတ်တယ်။ French kiss ပြင်သစ်အနမ်းကနေ •အသည်းရောင် (ဘီ) ကူးစက်ဘို့အခွင့်အလမ်းအလွန်နည်းပါတယ်။ (ဘီ) သာမက (စီ) နဲ့ (ဒီ) တွေလဲအတူတူဘဲ။ HIV လဲ ပါတယ်။ ရာနှုန်းပြည့် မကူးစက်ပါလို့ ဘယ်ဆရာဝန်ကမှအာမမခံနိုင်ပါ။ • သီအိုရီအရတော့ ကူးစက်လာနိုင်တယ်လို့ပြောနိုင်တယ်။ ဗိုင်းရပ်စ်ပိုးတွေဟာ လူကိုယ်ကအရည်တွေ မှန်သမျှထဲမှာ နေကြတယ်။ သွားရည်လဲပါတယ်။ • နှုတ်ခမ်းနဲ့အနီးအနားမှာအနာအဆာရှိနေရင်တော့ ကူးစက်ဘို့အခွင့်အလမ်းပိုများတယ်။ ဒါကိုလဲသိပါ - • ကိုယ်နမ်းတဲ့သူကိုအရင်လူပေါင်းဘယ်လောက်က နမ်းထားသလဲ သိပါသလား။ တယောက်ယောက်ကိုနမ်းတယ်ဆိုတာ ကိုယ်နမ်းလိုက်သူကို နမ်းဘူးသူတွေအားလုံးကို နမ်းသလိုဘဲလို့ ပြောနိုင်တယ်။ •အဖေါ်အကြောင်း ကောင်းကောင်းမသိရင်အန္တရာယ်နဲ့ မကစားတာကောင်းတယ်။ • ငယ်တုံးရွယ်တုံးမှာ French kiss ကိုအဖေါ်တွေအများကြီးနဲ့ လုပ်ခဲ့သူဟာ ဦးနှောက်မြှေးရောင်ရောဂါရစေဖို့ ပိုပြီး နီးစပ်တယ်လို့ သုတေသနတခုက ဆိုပါတယ်။ • နမ်းရာကနေ ကူးစက်ရောဂါမရချင်ရင် နမ်းတာကိုသာဆင်ခြင်ပါလေ။ Credit : ဒေါက်တာတင့်ဆွေ သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။