အမျိုးသားတွေမှာ ဘယ်လောက်အရပ်နဲ့ ကိုယ်အလေးချိန်ပမာဏ ရှိသင့်လဲ
hellosayarwon.com
|
2019-08-15


ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ တစ်ကမ္ဘာလုံးအတိုင်းအတာအရရော၊ လူမျိုးပေါ်မူတည်ပြီး ကျန်းမာတဲ့ လူတစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်နဲ့အရပ်အမြင့်ဆိုပြီး သတ်မှတ်ထားတာမျိုးရှိပါတယ်။ မိန်းကလေးတွေနဲ့ မတူတဲ့အချက်ကတော့ ယောက်ျားလေးတွေသည်

အားကစား ၊ လေ့ကျင့်ခန်းပိုလုပ်တဲ့အတွက် ထွက်လာတဲ့ ကြွက်သားထုကအဆီထက်ပိုများနေပြီးအလေးချိန်အနည်းငယ် ပိုစီးနေတတ်ပါတယ်။ ယောက်ျားလေးတစ်ယောက်သည် စံနမူနာအားဖြင့်အနည်းဆုံးအရပ် ၅ပေ ၆လက်မရှိဖို့ လိုအပ်ပြီး ကိုယ်အလေးချိန်အနေနဲ့ကတော့ ၁၁၈ပေါင်မှ ၁၅၄ပေါင်ထိ ရှိနိုင်ပါတယ်။ ဒါကို ကျန်းမာတယ်လို့ ယူဆလို့ရပြီး ဒီ့ထက်နည်းနေမယ်ဆိုရင်တော့ Underweight - ကိုယ်အလေးချိန်အရမ်းနည်းနေတဲ့သူ၊အရမ်းများနေမယ်ဆိုရင်တော့ Overweight - ကိုယ်အလေးချိန် များလွန်းနေတာ၊ Obese -

အဝ လွန်နေတယ်လို့ သတ်မှတ်လို့ရပါတယ်။အရပ်အမြင့်ပေါ်မူတည်ပြီး ကိုယ်အလေးချိန်ဘယ်လောက်ရှိသင့်လဲဆိုတာ ပြောပြရမယ်ဆိုရင်တော့

အရပ် ကိုယ်အလေးချိန်
၄ ပေ ၁၀ လက်မ                             ၉၁ ပေါင်မှ ၁၁၈ ပေါင်အထိ ၄ ပေ ၁၁ လက်မ                             ၉၄ ပေါင်မှ ၁၂၃ ပေါင်အထိ ၅ ပေ                                         ၉၇ ပေါင်မှ ၁၂၇ ပေါင်အထိ ၅ ပေ ၁ လက်မ                               ပေါင် ၁၀၀ မှ ၁၃၁ ပေါင်အထိ ၅ ပေ ၂ လက်မ                               ၁၀၄ ပေါင်မှ ၁၃၅ ပေါင်အထိ ၅ ပေ ၃ လက်မ                               ၁၀၇ ပေါင်မှ ပေါင် ၁၄၀အထိ ၅ ပေ ၄ လက်မ                               ပေါင် ၁၁၀ မှ ၁၄၄ ပေါင်အထိ ၅ ပေ ၅ လက်မ                               ၁၁၄ ပေါင်မှ ၁၄၉ ပေါင်အထိ ၅ ပေ ၆ လက်မ                               ၁၁၈ ပေါင်မှ ၁၅၄ ပေါင်အထိ ၅ ပေ ၇ လက်မ                               ၁၂၁ ပေါင်မှ ၁၅၈ ပေါင်အထိ ၅ ပေ ၈ လက်မ                               ၁၂၅ ပေါင်မှ ၁၆၃ ပေါင်အထိ ၅ ပေ ၉ လက်မ                               ၁၂၈ ပေါင်မှ ၁၆၈ ပေါင်အထိ ၅ ပေ ၁၀ လက်မ                             ၁၃၂ ပေါင်မှ ၁၇၃ ပေါင်အထိ ၅ ပေ ၁၁ လက်မ                             ၁၃၆ ပေါင်မှ ၁၇၈ ပေါင်အထိ ၆ ပေ                                         ပေါင် ၁၄၀ မှ ၁၈၃ ပေါင်အထိ ၆ ပေ ၁ လက်မ                               ၁၄၄ ပေါင်မှ ၁၈၈ ပေါင်အထိ ၆ ပေ ၂ လက်မ                               ၁၄၈ ပေါင်မှ ၁၉၃ ပေါင်အထိ သတ်မှတ်လို့ရပါတယ်။ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကြောင့်လည်း ကိုယ်အလေးချိန်က မြင့်တက်လာနိုင်သလို ကလေးဘဝကအစာအာဟာရလုံလောက်စွာ မရရှိခဲ့ခြင်းကြောင့်လည်း တခြားသူတွေထက် ပိုပိန်နေပြီး လူကောင်သေးနေတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ အမျိုးအစား (၂)

ဆီးချိုရောဂါ
နှလုံးရောဂါ
လေဖြတ်နေသူတွေ

နာတာရှည်သွေးတို းရောဂါ
သည်းခြေအိတ်နဲ့ ဆိုင်တဲ့ရောဂါ
အရိုးအတက်ထွက်တာ
ကင်ဆာရောဂါရှိသူတွေ
အိပ်နေစဉ်အသက်ရှူရပ်သွားတဲ့အမျိုးသားတွေမှာအဝလွန်ရောဂါဖြစ်နိုင်ခြေ ပိုများတာကို တွေ့ရပါတယ်။

အမျိုးသားတစ်ယောက် ကိုယ်အလေးချိန်ကို ထိန်းဖို့ ဘာလုပ်သင့်လဲ။
ဝဖို့၊ ပိန်ဖို့ဆိုတာထက် လူတိုင်းသည် သတ်မှတ်ထားတဲ့ ကျန်းမာသောကိုယ်အလေးချိန်တစ်ခု ရှိဖို့ လိုအပ်ပါတယ်။ ဒါမှပဲ ကိုယ်ခန္ဓာက ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ကြည့်ကောင်းနေမှာဖြစ်သလို ရောဂါတွေအလွယ်တကူမဖြစ်စေဖို့ ကာကွယ်ပေးနိုင်မှာပါ။ ဒီလို ကိုယ်အလေးချိန်ကို ထိန်းဖို့အတွက်ဆိုရင် ၁။

အစာအာဟာရ ကို ဂရုစိုက်ပါ။ စားချင်တာ လျှောက်စားတာထက် ကိုယ့်အတွက်အာဟာရဖြစ်စေမယ့်အရာတွေကို မျှမျှတတစားပေးပါ။ ၂။အစာကို တစ်ထိုင်တည်းနဲ့အဝမစားပါနဲ့။ နည်းနည်းစီအကြိမ်ရေများများစားပေးပါ။ ၃။

ကိုယ်လက်လေ့ကျင့်ခန် းကို ပုံမှန်လုပ်ပေးပါ။ မလုပ်နိုုင်ရင်တောင် လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာမျိုးတော့ လုပ်ပေးသင့်ပါတယ်။ ၄။ ကျန်းမာရေးကို မပေါ့ပါနဲ့။ တစ်နှစ်ကို တစ်ကြိမ်လောက်ဖြစ်ဖြစ် ကိုယ်တွင်းအင်္ဂါတွေ၊

ဟော်မုန် းတွေ ကောင်းစွာ လည်ပတ်အလုပ်လုပ်နေလား၊ ကျန်းမာရေးအခြေအနေတွေကို သေချာစစ်ဆေးလေ့လာသင့်ပါတယ်။ ၅။ မိဘမျိုးရိုးုမှာ ရောဂါတွေရှိရင် သူတို့အတွက်လည်း သေချာဂရုစိုက်ပေးဖို့ လိုသလို၊ ကိုယ့်မှာလည်း ရောဂါဖြစ်မလာစေဖို့ လိုအပ်တဲ့ ကာကွယ်မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့အစာအာဟာရ၊ နေထိုင်မှုပုံစံကို သေချာပြင်ဆင်သင့်ပါတယ်။  

Hello Health Group  သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


#ပေါင်
#လက်မ
#အစာအာဟာရ
#ယောက်ျားလေး
#အရပ်

Some text some message..