Cervicitis သားအိမ်ဝရောင်ခြင်း
healthcare.com.mm
|
2019-08-15


Cervicitis ဆိုတာ ရောဂါလား၊ ဘာပါလဲ ဆရာ။ ဘာကြောင့် ဖြစ်ရတယ် ဆိုတာရယ် ဖြစ်နေတာက ရောဂါဆို ဘယ်လို ကုသရတယ်၊ ဘာတွေ ရှောင်လို့ဘယ်လိုနေရတယ်၊ ကျန်းမာရေး-ပညာပေး ပြောပြရှင်းပြပေးပါဆရာ။     Cervicitis ဆိုတာ သားအိမ်အဝရောင်တဲ့ ရောဂါဖြစ်တယ်။ အဖြစ်များတယ်။ အမျိုးသမီး တစ်ဝက်လောက် တစ်သက်မှာတစ်ခါ ဖြစ်တတ်ကြတယ်။ ဖြစ်နေမှန်း မသိကြတာလဲ မနည်းဘူး။ Bacterial vaginosis (ဗဂျိုင်းနား) ရောင်ရာကနေလဲ ဆက်ဖြစ်လာနိုင်တယ်။အသက်ငယ်ငယ်နဲ့ ဖို-မဆက်ဆံတာ၊ လိင်ဆက်ဆံနည်း ဆန်းပြားတာ၊ (ကွန်ဒွမ်) မပါဘဲ ဆက်ဆံတာ၊အရင်က STDs လိင်ကတဆင့် ကူးစက်ရောဂါ ဖြစ်ဘူးတာ၊ လိင်ဆက်ဆံဘက်အဖေါ်များတာတွေက ဒီရောဂါ ပိုဖြစ်စေပါတယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေထဲက Gonorrhea ဂနိုရီးယား၊ Chlamydia (ကလာမိုင်ဒီယား)၊ Trichomoniasis (ထရွိုင်ကိုမိုးနပ်စ်)၊ HIV (အိတ်ချ်အိုင်ဗွီ)၊ Genital herpes လိင်လမ်းရေယုံ တွေကနေ ဖြစ်လာစေနိုင်တယ်။ HPV လိင်လမ်း-ကြွက်နို့ ကနေအဲလို ဖြစ်လာနိုင်တယ်လို့ ဆိုပေမယ့် Mayo Clinic ကတော့ သက်သေ မရှိဘူးလို့ ဆိုပါတယ်။ ရောဂါပိုး မဟုတ်ပေမယ့်လဲ - • Vaginal douches မွေးလမ်းဆေးကြောင်းသုံး ဆေးရည်တွေ၊ • Pessary, Tampon ရာသီလာတုံး သုံးတဲ့ပစ္စည်းတွေ၊ • Cervical cap, Diaphragm, Latex, Contraceptive creams ကိုယ်ဝန်တား ပစ္စည်းဆေးတွေ၊ • သုတ်ပိုးသတ်ဆေး၊ (ကွန်ဒွမ်) တွေနဲ့ မတည့်သူတွေမှာလဲ ပိုးဝင်တာ ပိုလွယ်စေတယ်။ • စစ်ဆေးရာမှာ သုံးတဲ့ Surgical instrument ခွဲစိတ်ကရိယာတွေကနေလဲ ပိုးမသန့်ရင် ဖြစ်နိုင်တယ်။ • တချို့မှာ ဘာလို့ဖြစ်သလဲ ရှာမတွေ့တတ်ပါ။ သားအိမ်ဝရောင်တယ်ဆိုတာနဲ့အရင်ဆုံးသိလာမယ့် လက္ခဏာကတော့ မွေးလမ်းကြောင်းကနေ တစ်ခုခုဆင်းတာ ဖြစ်တယ်။အဖြူရောင်၊အဝါရောင်၊ မီးခိုးရောင် စတဲ့အရောင်တွေလဲ ဆင်းနိုင်တယ်။ ရာသီဆင်းအပြီး ပိုသိသာတယ်။ ယားမယ်၊အနေရခက်မယ်၊ ဆက်ဆံရင်နာမယ်၊ ကြားရက်ဖြစ်ဖြစ်၊ ဆက်ဆံနေတုံး ဖြစ်ဖြစ်သွေးဆင်းမယ်၊ ဆီးပူ-ဆီးအောင့်မယ်၊ ခါးဖြစ်ဖြစ် ဆီးစပ်ဖြစ်ဖြစ် နာမယ်။ ဆိုးတဲ့အဆင့်ဖြစ်လာရင်အနံ့ဆိုး ဝါးတာတွေ ဆင်းမယ်။ ဒိနောက် ကိုယ်ပူလာမယ်၊ ပျို့ခြင်လာမယ်။ ရောဂါလို့ သံသယနဲ့ လာသူကို ရောဂါ ရာဇဝင် မေးတယ်။ ခံစားနေရာတာအပြင် လိင်ဆက်ဆံရေး၊အိမ်ထောင်ရေး မေးမယ်။ Pelvic exam မွေးလမ်း စစ်ဆေးမယ်။ Specimen collection မွေးလမ်းက ဆင်းနေတာကို ရယူစစ်ဆေးမယ်။ သားအိမ်အဝ ကင်ဆာ ဟုတ်-မဟုတ်ကို Pap smear test နည်းနဲ့ သိနိုင်တယ်။ 1. Chlamydia trachomatis ပိုးက Neisseria gonorrhoeae ပိုးထက်ပိုပြီးအဖြစ်များတယ်။ 2. နည်းနည်းပါးပါး ဖြစ်တတ်တဲ့ Herpes simplex virus (HSV) နဲ့ T. vaginalis ပိုးတွေကနေ သားအိမ်အဝရဲ့ Ectocervixအပေါ်ယံလွှာ Squamous epithelium ကို ထိခိုက်စေတယ်။ 3. Mycoplasma genitalium, Streptococci (A and B) (ဘက်တီးရီးယား) တွေကလဲ ဖြစ်စေတယ်။ 4. Cytomegalovirus (ဗိုင်းရပ်စ်) ကြောင့်ဖြစ်ရင် လက္ခဏာမပြတာ များတယ်။ Antibiotic therapy ဆေးတွေကအတော်နိုင်ပါတယ်။ • STDs လိင်ကတဆင့် ကူးစက်ရောဂါတွေဆိုရင် ဆိုင်ရာ-နိုင်ရာ ဆေးတွေ ပေးရမယ်။ • Chlamydial cervicitis ဖြစ်တာကို Doxycycline ဆေးပေးတာ များတယ်။ • Genital herpes မွေးလမ်း-ရေယုံဆိုရင် Acyclovir (Zovirax) ဆေးပေးမယ်။ • ၇ ရက် လိင်မဆက်ဆံပါနဲ့။ • Safe-sex practices စိတ်ချရတဲ့ လိင်ဆံမှုပြုပါ။ ကိုယ့်အဖေါ်ကိုယ်သိပါ။အဖေါ်များတာ မကောင်းပါ။ • ရောဂါပိုးက မွေးလမ်းမှာ ရောဂါစကတည်းက သားအိမ်အထိ မရောက်ခင် ဆေးကုပါ။ • Electrocoagulation လျှပ်စစ်နည်း၊ Cryotherapyအေးခဲစေနည်း နဲ့ Laser (လေဆာ) နည်းတွေနဲ့လဲ လုပ်နိုင်တယ်။ ဆေးနဲ့မရမှ လုပ်ပါတယ်။ ဒါတွေလုပ်ရင် မွေးလမ်းကျဉ်းတာ ထိခိုက်တာတွေ ဖြစ်နိုင်တယ်။ ဘာမှ မခံစားရလို့ မကုဘဲနေရင် ကြာတော့ - 1. Pelvic Inflammatory Disease (PID) တင်ပဆုံးတွင်းအင်္ဂါတွေ ရောင်တာ ဆက်ဖြစ်လာနိုင်တယ်။ 2. Infertility ကလေးမရ ဖြစ်နိုင်တယ်။ 3. Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်နိုင်တယ်။ 4. Chronic pelvic pain ဆီးစပ်နေရာ တာရှည် နာနေတတ်တယ်။ 5. Spontaneous abortion သူ့အလိုလို ကိုယ်ဝန် ပျက်တတ်တယ်။ 6. Cervical cancer သားအိမ်အဝ ကင်ဆာ ဖြစ်နိုင်တယ်။ 7. ကလေး စောမွေးနိုင်တယ်။ 8. မွေးလာတဲ့ကလေး ပိုးဝင်နိုင်တယ်။ နူမိုးနီးယား၊ မျက်စိထိခိုက်တာတွေ ဖြစ်နိုင်တယ်။ Credit : Dr. တင့်ဆွေသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  


#သားအိမ်
#ဆီးစပ်
#ကူးစက်ရောဂါ
#လမ်း
#ပိုး

Some text some message..