အစာခြေစနစ်
နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေထဲမှာ
ဝမ်းလျှော
တာ၊
ဝမ်းချုပ်
တာ ၊
လေအောင့်
တာအပြင် လေနဲ့ဝမ်းနဲ့ မကွဲတာလည်း ရှိတတ်ပါသေးတယ်။ ။
လေလည်
တယ်ဆိုတာ ကျန်းမာတဲ့အစာအိမ်နဲ့အူလမ်းကြောင်းရဲ့ သင်္ကေတပါ။ လေလည်တာဟာ စကားပြောရင်း၊အစားစားရင်း လေကိုမျိုချမိတာ၊
ပီကေဝါ
းတာ၊ ဆေးလိပ်သောက်တာကနေဖြစ်လာရတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ လေမလည်ရင် ကျန်းမာရေးအတွက် မကောင်းဘူးဆိုရလောက်အောင် လေလည်ခြင်းကအူလမ်းကြောင်းအတွက်အရေးကြီးပါတယ်။အမှန်ဆို လေလည်တဲ့အချိန် လေပဲပါရမှာ ဝမ်းပျော့ပျော့လေးပါသွားရင်တော့ ပုံမှန် မဟုတ်တာတစ်ခုခုတော့ဖြစ်တာသေချာနေပါပြီ။ ဒါမျိုး ဘာ့ကြောင့်ဖြစ်ရလဲ ။
လေနဲ့ဝမ်းနဲ့ မကွဲတဲ့အကြောင်းအရင်းတွေက ဘာ့ကြောင့်လဲ ။ ။
အူူလမ်းကြောင်းပိုးဝင်ခြင်း။ ။
မသန့်ရှင်းတဲ့အစားအသောက်တွေ စားမိတဲ့အခါမျိုးမှာ
အစာအိမ်နဲ့အူလမ်းကြောင်
းထဲ ဗိုင်းရပ်စ်နဲ့ ဘက်တီရီးယားပိုးတွေဝင်လာတဲ့အခါ၊အူလမ်းကြောင်းရောင်ရမ်းပြီးအစာတွေကအစာအိမ်နဲ့အူလမ်းကြောင်းကို မြန်မြန်ဖြတ်သွားပြီး ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့်
ဝမ်းလျှေ
ာတတ်တဲ့သူတွေက ပိုပြီး လေနဲ့ဝမ်းနဲ့ မကွဲရတာဖြစ်ပါတယ်။
စားလိုက်တဲ့အစားအသောက်တွေ ။ ။
ကိုယ်စားလိုက်တဲ့အစားအသောက်တွေကလည်း လေနဲ့ဝမ်းနဲ့ကို မကွဲစေတဲအကြောင်းအရင်းတွေမှာပါပါတယ်။ ဖြစ်တတ်တာအများဆုံးကတော့
lactose intolerance
လို့ခေါ်တဲ့ နို့သကြားဓာတ် မစုပ်ယူနိုင်တဲ့ ဝေဒနာခံစားနေရတဲ့သူတွေ lactose ပါတဲ့အစားအသောက်တွေ စားမိတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။အခြား ပဲအမျိုးမျိုးတို့၊အမှည့်လွန်တဲံအသီးတွေကိုအများကြီးစားမိတဲ့အခါမှာလည်း လေနဲ့ဝမ်းနဲ့ မကွဲခြင်းကို ဖြစ်စေတတ်ပါတယ်။
အခြားကျန်းမာရေး ပြဿနာများ ။ ။
အူလမ်းကြောင်းလှုပ်ရှားမှု ပုံမှန်မဟုတ်တဲ့အခါ၊ နာတာရှည် ဝမ်းလျှောတာမျိုးဖြစ်တဲ့အခါ၊အခြား အူလမ်းကြောင်းရောင်ရမ်းတဲ့ရောဂါတွေ ဖြစ်တဲ့
inflammatory bowel disease
,
Crohn’s disease
, နဲ့
ulcerative colitis
ခံစားနေရတဲ့သူတွေမှာလည်း လေနဲ့ဝမ်းနဲ့ မကွဲတာမျိုး ဖြစ်တတ်ပါတယ်။
သောက်နေတဲ့ ဆေးတွေရဲ့ ဆိုးကျိုး ။ ။
ကိုယ်သောက်နေတဲ့ ဆေးတွေထဲမှာအစာအိမ်နဲ့အူလမ်းကြောင်းကို သွားထိစေတဲ့ ဆေးတွေပါလာခဲ့ရင် သူတို့ကြောင့်လည်း လေနဲ့ဝမ်းနဲ့ မကွဲတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်သောက်နေတဲ့ ဆေးကို ကိုယ့်သဘောနဲ့ ရပ်လိုက်တာမျိုး မလုပ်ဘဲဆရာဝန်နဲ့အရင်ဆုံး တိုင်ပင်သင့်ပါတယ်။
စိတ်ဖိစီးမှု ။ ။
စိတ်ဖိစီးမှုဟာလည်း
အစာအိမ်
နဲ့အူလမ်းကြောင်းကိုထိခိုက်စေတဲ့နောက်အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ဗိုက်အောင့်တာအပြင်အူလမ်းကြောင်းလှုပ်ရှားမှုတွေကို ပိုမြန်စေတာကြောင့် လေနဲ့ဝမ်းနဲ့ မကွဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ကလေးတွေမှာရော ဒီလို လေနဲ့ဝမ်းနဲ့ မကွဲတာ ဘာ့ကြောင့် ဖြစ်ရတာလဲ ။ ။
မွေးကင်းစကလေးတွေကို
သေးခံ
လဲပေးတဲ့အချိန်မှာ ဝမ်းအရည်လေးတွေ ပဲ သွားထားတာမျိုး မေမေတို့ တွေ့ဖူးကြမှာပါ။ ကလေးတွေအတွက်တော့ ဒီလို ဝမ်းအရည်လေးတွေပဲ သွားတာဟာ ပုံမှန်ဖြစ်နေကျပါ။ ဘာ့ကြောင့်လဲဆိုတော့ သူတို့က နို့အရည်ပဲ သောက်နေရသေးတာကိုး။အစာမာတွေ မစားရသေးဘူးလေ။ မွေးကင်းစကလေးတွေအတွက် ဝမ်းအရည်သွားတာက ပုံမှန်ဆိုပေမယ့် ကလေးတင်ပါးပတ်လည်မှာေ
သးခံလောင်
တာမျိုး မဖြစ်အောင်လို့တော့ မေမေတို့ ဂရုတစိုက် သေးခံလဲပေးရမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ လေနဲ့ဝမ်းနဲ့ မကွဲရခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလို လေနဲ့ဝမ်းနဲ့ မကွဲတာဟာ နေ့စဉ် လူနေမှု ဘဝကိုအနှောင့်အယှက်ဖြစ်စေတာကြောင့် ပေါ့ဆပြီးနေသင့်လို့တော့ မရတဲ့အရာတစ်ခုပါ ။ ။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။