သွားနဲ့ခံတွင်းရောဂါဖြစ်တဲ့ သွားဖုံး နာခြင်း၊ ရောင်ရမ်းခြင်းနဲ့ သွေးထွက်ခြင်းတွေအတွက်အလွယ်တကူ ဆောင်ရွက်နိုင်တဲ့ ဆေးနည်းကောင်းအချို့ကို ဖော်ပြလိုက်ပါတယ်။ မုန့်ဖုတ် ဆိုဒါမှုန့် မုန့်ဖုတ်ရာမှာသုံးတဲ့ ဆိုဒါမှုန့်ကို သွားဖုံးတစ်လျှောက်အသာအယာ ပွတ်လိမ်းပေးခြင်းဖြင့် သွားဖုံးရောဂါ သက်သာနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါမှုန့်နဲ့ သွားတိုက်ပေးရင် သွားချေးတွေ ပြောင်စင်ပြီး ဖြူဖွေးတဲ့သွားတွေ ဖြစ်စေပါတယ်။ ရှားဇောင်းလက်ပက် သွားဖုံးနာတာ၊ သွားဖုံးကနေ သွေးထွက်တာတွေအတွက် ရှားဇောင်းလက်ပက်က သက်သာစေပါတယ်။ ရှားဇောင်းလက်ပက်ကို သွားဖုံးမှာ တစ်ပတ်တစ်ကြိမ် ကပ်ထားပေးခြင်း၊ ဖိသိပ်ပေးခြင်းက သွားဖုံးကျန်းမာရေး ကောင်းမွန်စေပါတယ်။ လေးညှင်းဆီ သွားဖုံးကို လေးညှင်းဆီ သုတ်လိမ်းပေးနိုင်ပါတယ်။ သွားကိုက်ရင်လည်း လေးညှင်းဆီ သုံးလို့ရပါတယ်။ လေးညှင်းဆီက နာကျင်မှုကို သက်သာစေပါတယ်။ ဒါပေမဲ့ ခံတွင်းပိုင်းအရေပြားနဲ့အမြှေးပါးတွေ ပျက်စီးစေတတ်တာကြောင့်အများကြီး မသုံးသင့်ပါဘူး။ နနွင်း နနွင်းက ရောင်ရမ်းမှုနဲ့အခြားပိုးဝင်ခြင်းတို့ကို တိုက်ဖျက်နိုင်ပါတယ်။ သွားဖုံးရောဂါ ခံစားရသူတွေအတွက် နနွင်းက ဆေးစွမ်းကောင်း တစ်လက်ပါ။ နနွင်းကို သွားနဲ့ သွားဖုံးမှာ ပွတ်လိမ်းပေးနိုင်ပါတယ်။ တစ်နေ့နှစ်ကြိမ် ပြုလုပ်ပေးရင် သွားနဲ့သွားဖုံး ရောဂါတွေ ဖြစ်ပွားမှု လျော့နည်းစေပါတယ်။အုန်းဆီအုန်းဆီက သွားဖုံးအတွက် ကောင်းမွန်တဲ့ သဘာဝဆေးစွမ်းကောင်းပါ။အုန်းဆီမှာ ပါဝင်တဲ့ Lauricအက်ဆစ်က ရောင်ရမ်းမှုကို သက်သာစေပါတယ်။အိပ်ယာမဝင်မီ မိနစ် ၃၀ ခန့်အလိုမှာ သွားဖုံးကိုအုန်းဆီ သုတ်လိမ်းပေးခြင်းက ခံတွင်းနဲ့ သွားဖုံးရောဂါတွေ ပျောက်ကင်းစေပါတယ်။ Credit : duwun သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။