Tonsillectomy For Children (ကလေးအာသီးဖြတ်ခြင်း)
hellosayarwon.com
|
2019-08-18
အာသီးဖြတ်တယ်ဆိုတာဘာလဲ။
ကျွန်တော်တို့အသက်ရှုသွင်းလိုက်တဲ့အခါ ဒါမှမဟုတ် မြိုချလိုက်တဲ့အခါ ပါလာတတ်တဲ့ ပိုးမွှားတွေကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တဲ့အာသီးကို ဖြတ်ထုတ်ဖယ်ရှားတဲ့ ခွဲစိတ်မှုပဲ ဖြစ်ပါတယ်။အာသီးထဲ ပိုးဝင်ပြီဆိုရင်အာသီးရောင်လာနိုင်ပြီးနာကျင်ခြင်း၊ ဖျားခြင်း၊အစာ/ရေ မြိုရခက်ခြင်းတို့ဖြစ်စေနိုင်ပြီး ကလေးကို aနမထိထိုင်မသာ ဖြစ်စေပါတယ်။

ဘာလို့အာသီးဖြတ်ရတာလဲ။
အသက်ရှုရခက်ခြင်းနဲ့ ပန်းနာရင်ကျပ်ရောဂါကို သက်သာစေဖို့၊ လည်ပင်း၊ နားနဲ့ sinus လို့ခေါ်တဲ့ ဦးခေါင်းခွံနှင့် နာခေါင်းဆက်သွယ်ထားတဲ့အပေါက်လေးတွေမှာ ပိုးဝင်တာကို ပျောက်ကင်းသက်သာစေဖို့အတွက် သင့်ကလေးရဲ့အာသီးကို ဖြတ်ရတာဖြစ်ပါတယ်။ adenoids လို့ခေါ်တဲ့အာခေါင်အပေါ်နားက ပြန်ရည်ကြောတစ်ရှုးဂလင်းလေးတွေပါ ကြီးနေရင် သူတို့ကိုလည်း တစ်ခါတည်း ဖြတ်ထုတ်ဖို့လိုပါလိမ့်မယ်။

ခွဲစိတ်မှုမခံယူခင်မှာ ဘာတွေသိထားသင့်သလဲ။
အာသီးခဏခဏရောင်တာကို ရပ်တန့်ဖို့တစ်ခုတည်းသောအကောင်းဆုံးနည်းလမ်းက ခွဲစိတ်မှုပဲ ဖြစ်ပါတယ်။ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ၊အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့သင့်အနေနဲ့မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်။

ခွဲစိတ်မှုမခံယူခင် ဘာတွေကြိုတင် ပြင်ဆင်ထားရမလဲ။
သင့်ကလေးရဲ့လတ်တလောသောက်နေတဲ့ ဆေးတွေ၊ ဓာတ်မတည့်တာတွေရှိမရှိနဲ့ရောဂါတခုခုရှိတာမျိုးစတဲ့အခြေအနေတွေကို ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေးထားရမှာဖြစ်သလို ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့တွေ့ဆုံပြီးအသုံးပြုမယ့် မေ့ဆေးအမျိုးအစားနဲ့ပုံစံအကြောင်းကို မေးမြန်းဆွေးနွေးရမှာဖြစ်ပါတယ်။ ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်အချိန်မှာအစာစားတာ၊ ရေသောက်တာရပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကိုအတိအကျလိုက်နာရပါမယ်။ ဆရာဝန်ရဲ့လမ်းညွှန်ချက်တွေကို ရှင်းရှင်းလင်းလင်းသဘောပေါက်ရပါမယ်။ ဥပမာ-ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်နှစ်နာရီအလိုထိအစာစားလို့ရတယ် စသဖြင့်ပေါ့။အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင် ခြောက်နာရီအလိုလောက်ကစပြီး ဘာအစာမှမစားရတော့ပါဘူး။ ကော်ဖီတို့၊ ရေတို့လိုအရည်တွေကိုတော့ မခွဲခင်နာရီအနည်းငယ်အလိုထိ သောက်လို့ရပါသေးတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ညွှန်ကြားချက်အပေါ်မူတည်ပါတယ်။

အာသီးဖြတ်တောက် ခွဲစိတ်မှု လုပ်ငန်းစဉ် က ဘယ်လိုမျိုးလဲ။
ဒီခွဲစိတ်မှုကိုမေ့ဆေးသုံးပြီး ပြုလုပ်လေ့ရှိကာပုံမှန်အားဖြင့် နာရီဝက်လောက်ကြာမြင့်တတ်ပါတယ်။ ဆရာဝန်အနေနဲ့သင့်ကလေးရဲ့ပါးစပ်ထဲကနေတဆင့် ဒီခွဲစိတ်မှုကိုပြုလုပ်မှာဖြစ်ပါတယ်။အာသီးကိုအောက်ခြေကြွက်သားအလွှာကနေ ခွာထုတ်ပစ်မှာဖြစ်ပြီးအပူကိုအသုံးပြုကာဖယ်ရှားမှာ ဖြစ်ပါတယ်။ ပြီးရင် ကျန်ခဲ့တဲ့နေရာကိုအပူနဲ့တို့ရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ရေဒီယိုစွမ်းအင်ကို သုံးပြီးအာသီးကိုဖျော်ချပစ်နိုင်ပါတယ်။ ပုံမှန်ထက်ပိုပြီးသွေးထွက်လွန်ရင် သင့်ခွဲစိတ်ဆရာဝန်က ကိုင်တွယ်ဖြေရှင်းပါလိမ့်မယ်။

ခွဲစိတ်မှုခံယူပြီးတဲ့နောက်မှာ ဘယ်တွေဆက်လုပ်ဖို့လိုလဲ။
ခွဲစိတ်မှုခံယူပြီးတဲ့နေ့ဒါမှမဟုတ် နောက်တစ်ရက်မှာပဲ သင့်ကလေးကို ဆေးရုံကပေးဆင်းမှာ ဖြစ်ပါတယ်။ ခွဲအပြီးနှစ်ပတ်လောက်ထိ နာနေမှာဖြစ်ပြီး မနက်ပိုင်းတွေမှာပိုဆိုးမှာဖြစ်ပါတယ်။ ဒါ့အပြင်ကလေးအနေနဲ့လူထူထပ်ရာ၊ လူစည်ကားရာနေရာတွေကနေ နှစ်ပတ်လောက်ဝေးဝေးနေရမှာဖြစ်တဲ့အတွက် ဒီနှစ်ပတ်အတွင်းမှာ ကျောင်းလည်းမသွားသင့်ပါဘူး။ ဒါမှသာ သင့်ကလေးရဲ့လည်ချောင်းက ခွဲစိတ်ထားတဲ့ဒဏ်ရာကျက်နေဆဲကာလမှာ ပိုးဝင်တာကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ မေးမြန်းချင်တာတွေ ဒါမှမဟုတ် စိုးရိမ်မှုတွေရှိနေရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ ဆက်သွယ်မေးမြန်းတိုင်ပင်ဆွေးနွေးပါ။

ခွဲစိတ်မှုပြီးတဲ့နောက် ဘာဆက်ဖြစ်မှာလဲ။
သင့်ကလေးအနေနဲ့ ခွဲစိတ်နေဆဲကာလနဲ့ ခွဲစိတ်ပြီးချိန်တို့မှာ မျှော်မှန်းထားတာထက်ပိုပြီး သွေးထွက်ပါလိမ့်မယ်။ ကလေးရဲ့အသက်ကြီးလေ သွေးအလွန်အကျွံထွက်ဖို့အခွင့်အလမ်းများလေဖြစ်ပြီး ကလေးပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်သူတွေရှိရင်လည်း ပိုဆိုးစေပါတယ်။ သင့်ကလေးအနေနဲ့ခွဲစိတ်ပြီးချိန်မှာအဖျားတက်တာ ဒါမှမဟုတ် ပိုးဝင်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ပါးစပ်၊ လည်ပင်းနဲ့အဆုတ်တွေထဲမှာ ရောင်ရမ်းဖောင်းကားလာနိုင်တဲ့အတွက်အသက်ရှုရတာလည်း ခက်လာပါလိမ့်မယ်။ ခွဲပြီးတဲ့အချိန်မှာပဲဖြစ်ဖြစ်အိမ်ပြန်ရောက်တဲ့အခါပဲဖြစ်ဖြစ် သင့်ကလေးအနေနဲ့ သွေးအလွန်အကျွံထွက်တာမျိုးကို ရင်ဆိုင်ရနိုင်ပြီး ဒါဟာအသက်အန္တရာယ်ရှိတဲ့အနေအထား ဖြစ်ပါတယ်။ မေ့ဆေးတွေကြောင့်လည်း ကလေးအနေနဲ့အသက်ရှုဖို့ပိုခက်ခဲနေတာ ဖြစ်နိုင်ပါသေးတယ်။ တစ်ချို့လူနာတွေမှာ ရှားရှားပါးပါးဆိုသလို နှလုံးနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပြီး ဒါဟာလည်းအသက်အန္တရာယ်ရှိတဲ့အခြေအနေ ဖြစ်ပါတယ်။ ခွဲစိတ်ပြီးတဲ့နောက်မှာ သင့်ကလေးအနေနဲ့ဗိုက်အောင့်/ဗိုက်နာတာ ဒါမှမဟုတ်အန်တာအစရှိတဲ့ ဝေဒနာတွေကိုခံစားရပါလိမ့်မယ်။ သူ့ရဲ့လည်ပင်း၊ နားနဲ့ မေးရိုးတွေတစ်ဝိုက်မှာလည်း ရက်သတ္တပတ်နှစ်ပတ်လောက်အထိ နာကျင်နေနိုင်ပါသေးတယ်။ ကလေးအစာမျိုချရင် နာကျင်တာမျိုးလည်း ဖြစ်နိုင်ပြီး သူ့အနေနဲ့အရည်ပဲသောက်နေရတာကို သဘောတွေ့မှာမဟုတ်ပါဘူး။အသက်အန္တရာယ်ရှိတဲ့ သွေးဆိပ်တက်တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ခွဲစိတ်ပြီးရင်လည်း သင့်ကလေးရဲ့အာသီးကတစ်ခါပြန်ပြီးပေါ်လာနိုင်သေးတယ်ဆိုတာကို သိထားရပါမယ်။ Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


#အာသီး
#ဆရာဝန်
#မေ့ဆေး
#ကလေး
#အစာ

Some text some message..