ဘေဘီလေးရဲ့ ပါးစပ်မှာ
အမြှု
ပ်လေးတွေ စီနေတာကို မြင်လိုက်တဲ့ မိဘတိုင်း စိုးရိမ်သွားတတ်သူချည်းပါ။ ဒါပေမယ့် ဒီလိုအမြှုပ်လေးတွေစီနေတာ ပုံမှန်ဖြစ်တတ်တာလည်း ဖြစ်နိုင်သလိုအခြားစိုးရိမ်ရတဲ့ ပြဿနာတွေ ကလေးမှာရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါေးလးထဲမှာတော့
ကလေးပါးစပ်
မှာအမြှုပ်တွေစီနေတဲ့အခါ ဘယ်လိုပုံစံမျိုးရှိနေရင် စိုးရိမ်ရမလဲ ဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ကလေးကအေးအေးချမ်းချမ်နဲ့အိပ်နေတယ် ၊ဖျားတာ
အသက်ရှူရခက်
နေတာမျိုးလည်း မရှိဘူးဆိုရင် ကလေးပါးစပ်ကအမြှုပ်တွေက စိတ်ပူစရာမရှိဘူးဆိုပေမယ့် ခုပြောပြမယ့်အခြေအနေတွေ ကလေးမှာ ရှိနေပြီဆိုရင် ဆရာဝန်ဆီ ချက်ချင်းသွားဖို့လိုပါပြီ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ပါးစပ်မှာအမြှုပ်တွေ တစ်ချိန်လုံးထွက်နေတာအပြင် ကလေးက
အသက်ရှူလမ်းကြောင်း
ပိတ်နေသလိုအသက်ရှူရခက်နေတာမျိုး၊ နို့သီးသွားတာမျိုး၊ ဖျားနေတာမျိုးတွေ ရှိပြီးမလန်းဘဲ တစ်ချိန်လုံး ဂျီကျမျိုးတွေရှိနေရင် ဆရာဝန်ဆီသွားသင့်ပါတယ်။ ဒါတွေက မတည့်တာတွေ စားမိတာ၊
အသက်ရှူလမ်းကြောင်းပိုးဝင်
တာနဲ့အခြား
အစာခြေစန
စ်နဲ့ ဆိုင်တဲ့ ပြဿနာတွေ ကလေးမှာ ရှိနေနိုင်တာကြောင့်ပါ။ ဒီနေ့မှ
ကာကွယ်ဆေး
ထိုးလာတယ်၊ ကလေးပါးစပ်မှာလည်းအမြှုပ်လေးတွေထွက်နေမယ်ဆိုရင် ဒါ ထိုးလိုက်တဲ့ ကာကွယ်ဆေးကို ကလေးကိုယ်ခန္ဓာက ပြန်တုံပြန်တာမျိုး ဖြစ်နိုင်တာကြောင့် ဒီလိုအခြေအနေမျိုးတွေ ရှိခဲ့ရင် ဆရာဝန်ကိုချက်ချင်းပြောပါ။ ကလေးနဲ့ မရင်းနှီးတဲ့အစားအစာအသစ်တွေ စကျွေးတဲ့အချိန်မှာ ကလေးပါးစပ်ကနေအမြှုပ်လေးတွေ ထွက်နိုင်ပါတယ်။ ဒါက ကလေးကိုယ်ခန္ဓာက သင်ကျွေးလိုက်တဲ့အစားအစာအသစ်ကို မယဉ်သေးဘူးဆိုတဲ့အဓိပါ္ပယ်ရတာကြောင့်အဲဒီအစားအစာ ကလေးကို ဆက်မကျွေးပါနဲ့တော့။အခြားပြင်းထန်တဲ့
အစာအဆိပ်သ့င့်ြ
ပဿနာတွေဖြစ်တဲ့ စားပြီးပြန်အန်တာ၊ ဖျားနာတာ၊ ဝမ်းလျှောတာမျိုးရှိခဲ့ရင်တော့ ဆေးခန်း ချက်ချင်းသွားပြပါ။ ကလေးပါးစပ်မှာလည်းအမြှုပ်လေးတွေ တစ်ချိန်လုံးစီနေတယ်၊
ကလေးက ရွယ်တူတွေနဲ့ယှဉ်ရင် ပိုသေ
းနေပြီး ထွားသင့်သလောက်တောင် မထွားလာတဲ့အခါမျိုးမှာ ဆရာဝန်ဆီ သွားစစ်ဆေးဖို့လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကလေးရဲ့
အစာခြေစနစ်
မှာ တစ်ခုခုဖြစ်နေပြီး
အစာခြေရည်
တွေ ပြန်ဆန်တက်နေတာကြောင့်အာဟာရတွေရသင့်သလောက်မရဘဲ ကလေးညှက်နေရခြင်း ဖြစ်နိုင်လို့ပါ။
ပါးစပ်မှာ စီနေတဲ့အမြှုပ်တွေကအဖြူရောင်အကြည်ရောင်မဟုတ်ဘဲအစိမ်းရောင်၊အဝါရောင် ၊ ခရမ်းရောင်အနီရောင်တွေဖြစ်နေမယ်ဆိုရင် ကလေးကိုယ်ခန္ဓာမှာ ရောဂါပိုးဝင်နေတာ ( ဒါမှ မဟုတ် ) ကြီးကြီးမားမားကျန်းမာရေး ပြဿနာတစ်ခုခုရှိနေပြီလို့ ယူဆရတာကြောင့် ဆရာဝန်ဆီ ချက်ချင်းသွားစေချင်ပါတယ်။
အသက်ရှူရခက်
နေတဲ့ပုံလည်းဖြစ်နေတယ် ကလေးပါးစပ်မှာအမြှုပ်လေးတွေလည်းစီနေမယ် ကလေးက ပန်းရောင်မဟုတ်တော့ဘဲ ပါးစပ်တွေ လက်တွေ ကလည်းအပြာရောင် ပြောင်းသွားမယ်ဆိုအသက်ရှူလမ်ေးကြာင်းပိတ်နေတာဖြစ်နိုင်တာကြောင့် ဆေးရုံဆေးခန်းကို ချက်ချင်းပြေးစေချင်ပါတယ်။
ပါးစပ်မှာအမြှုပ်ထွက်တတ်တဲ့ ကလေးကို ဘယ်လိုပြုစုကြမလဲ ။ ။
အပေါ်မှာ စိုးရိမ်စရာလိုတဲ့အခြေအနေတွေကိုပဲ တန်းစီပြောခဲ့တာကြောင့် ကလေးပါးစပ်ကအမြှုပ်ထွက်တာ စိုးရိမ်စရာလို့ထင်နေကြပါဦးမယ်။ အပေါ်မှာ ပြောထားတဲ့အခြေအနေတွေလိုမျိုးအသက်ရှူရခက်တာ၊ ဖျားတာအန်တာ တွေ ဘာမှ မရှိဘူး ကလေးကလည်း လန်းနေတယ်ဆိုရင် မစိုးရိမ်ပါနဲ့။ ငယ်သေးတဲ့ကလေးတွေမှာဒီလိုမျိုး ပါးစပ်ကနေအမြှုပ်လေးတွေ စီနေတာမျိုးဖြစ်တတ်ပါတယ်။အရပ်ထဲမှာဆို
ဘူးမှုတ်
တယ်လို့တောင် ခေါ်ကြတယ်လေ။ ဒီတော့ ဒီကလေးတွေကို မေမေတို့ဘက်က ကူညီပေးနိုင်တာတွေကတော့
နို့ကို တစ်ခါတည်းအများကြီးမတိုက်ပါနဲ့။တစ်ခါတိုက်ရင် တစ်ဘက် ၁၀ မိနစ်လောက်တိုက်ပြီး နားပါ။ ကလေးက မဝသေးဘူးဆိုရင် နောက် ၁၅ မိနစ်ကြာမှပြန်တိုက်ပါ။
နို့ဘူးတို
က်နေတယ်ဆိုရင် နို့သီးခေါင်းပေါက်မကျယ်တဲ့ နို့ဘူးမျိုးကို ရွေးချယ်ပါ။ နို့ဘူးကိုသေချာသန့်ရှင်းရေးလုပ်ပါ။
ကလေနဲ့ မတည့်ဘူးလို့ထင်တဲ့အစားအစာတွေကို စာရင်းပြုစုထားပြီး မကျွေးမိအောင် ဂရုစိုက်ပါ။
လေအောင့်လေထို
းဖြစ်တတ်တဲ့ကလေးတွေကလည်း ဘူးမှုတ်တတ်တဲ့အတွက် ကလေးကို ကျောလေးကို ပွတ်ပွတ်ပြီး လေထုတ်ပေးပါ။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။