အမွှာလေးတွေ လိုချင်ရင်
ယခုအခါ မင်းသမီးချစ်သုဝေရဲ့ သမီးအမွှာလေးများကိုအားကျလျက် ကိုယ်ဝန်အမွှာရရန်အထူးဆန္ဒရှိကြပါတယ်။အမွှာကိုယ်ဝန်ဆောင်နိုင်ရန် နည်းလမ်းပေးကြပါဟုအမြဲတောင်းတတ်ကြပါတယ်။အမွှာကိုယ်ဝန်ဆောင်လျှင် တစ်ကြိမ်တစ်ခါတည်းနှင့် သားသမီး ၂ ဦးရရှိသောကြောင့် မိသားစုအတွင်း ပိုမိုပြည့်စုံနိုင်မည်ဟု ယုံကြည်ကြပါတယ်။ မျိုးအောင်စေသော ဆေးဝါးများသည်သာအမွှာကိုယ်ဝန်ဆောင်နိုင်သော တစ်ခုတည်းသော နည်းလမ်းမဟုတ်ပါ။
အမွှာကိုယ်ဝန်ရစေသောအခြားနည်းလမ်းများမှာ ………
(1)အသက်အရွယ်
အသက် ၃၀ ကျော်သောအမျိုးသမီးများသည်အမွှာကိုယ်ဝန်ဆောင်နိုင်ချေ များပါတယ်။အဘယ်ကြောင့်ဆိုသော်အသက်ကြီးလေလေ FHS ဟော်မုန်းများလေလေ ဖြစ်ပါတယ်။ FHS သည် မျိုးဥအိမ်တွင် မမျိုးဥကြွေရန် လိုအပ်ပါတယ်။အသက်ကြီးသောအမျိုးသမီးများသည်အသက်ငယ်သူများထက် မျိုးဥကြွေရန် FHS ဟော်မုန်း ပိုမိုလိုအပ်ပါတယ်။ FHS သည် များလာသောအခါ မမျိုးဥတစ်လုံးထက် ပိုကြွေသောကြောင့်အမွှာကိုယ်ဝန်ရလာခြင်း ဖြစ်ပါတယ်။
(2) မျိုးရိုးရှိခြင်း
မိမိ မိသားစုမျိုးရိုးတွင် ထပ်တူညီသောအမွှာရှိပါက မိမိတွင်အမွှာကိုယ်ဝန်ရရန်အခွင့်အလမ်းနည်းသော်လည်း ထပ်တူမညီသောအမွှာရှိပါကအမွှာကိုယ်ဝန်ပိုမိုရလွယ်ပါတယ်။ မိဘ ၂ ဦးစလုံးတွင်အမွှာမျိုးရိုးရှိပါက ပိုမိုအခွင့်အလမ်းများပါတယ်။
(3) ကိုယ်အလေးချိန်
BMI 30 ကျော်သော ကိုယ်အလေးချိန်များသောအမျိုးသမီးများသည် BMI ကောင်းသောအမျိုးသမီးများထက်အမွှာပိုမိုရရှိစေရန်အခွင့်အလမ်းများသည်ဟု ဆိုသော်ငြားလည်းအရမ်းဝလျှင်လည်း ကိုယ်ဝန်မဆောင်နိုင်ပါ။အဆီပိုများသည် estrogen ဟော်မုန်းများစေပြီး estrogen သည် သားဥအိမ်ကို မျိုးဥကြွေစေရန် လှုံဆော်မှု ပိုမိုစေပါတယ်။ ထို့ကြောင့် မမျိုးဥ တစ်လုံးထက်မနည်း ကြွေစေပါတယ်။
(4)အရပ်
အရပ်ရှည်သောသူများသည်အမွှာကိုယ်ဝန်ရရန်အခွင့်အလမ်းပိုများပါတယ်။
(5) လူမျိုး
အရှေ့တိုင်းအမျိုးသမီးများသည်အမေရိကန်နှင့်အာဖရိကန်အမျိုးသမီးနှင့်ယှဉ်လျှင်အမွှာကိုယ်ဝန်ရရန်အခွင့်အလမ်းနည်းပါတယ်။
(6) နို့တိုက်ခြင်း
နို့တိုက်နေစဉ် ကိုယ်ဝန်မတော်တဆရလျှင်အမွှာဖြစ်ရန်အခွင့်အလမ်းများပါတယ်။ နို့တိုက်ခြင်းသည် ကိုယ်ဝန်ရရန် တားဆီးပေးသည်ဟုဆိုသော်လည်း လေ့လာချက်အရ မတော်တဆရခဲ့လျှင် ရာခိုင်နှုန်းပိုများကြောင်း တွေ့ရှိရပါတယ်။
(7)အစာအာဟာရ
နို့နှင့်နို့ထွက်ပစ္စည်းများ ပိုမိုစားသုံးသောအမျိုးသမီးများသည်အမွှာကိုယ်ဝန်ရရန်အခွင့်အလမ်းများပါတယ်။
ဆေးဝါးအကူအညီဖြင့်အမွှာကိုယ်ဝန်ဆောင်ခြင်း
ဆေးဝါးသောက်သုံးခြင်းနှင့် IVF နည်းဖြင့်အမွှာကိုယ်ဝန်ရရန် ပြုလုပ်နိုင်ပါတယ်။အမွှာကိုယ်ဝန်ဆောင်ခြင်းရဲ့အကျိုးဆက် မိခင်နှင့် ကလေးများဖြစ်လာနိုင်သော ကျန်းမာရေးအခြေအနေများကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ကုသမှုတိုင်းကြောင့်တော့ ကိုယ်ဝန်ရရှိစေနိုင်သည်ဟု တထစ်ချယုံကြည်၍ မရနိုင်ပါ။
အမွှာကိုယ်ဝန်လိုချင်သော မိဘများအတွက် ဆေးဝါးကုသမူကြောင့်အမွှာရရှိစေနိုင်သည်ဟု တထစ်ချမယုံကြည်သင့်ဘဲအခြားသောအကြောင်းရင်းများကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။အမွှာကိုယ်ဝန်ရရှိလာသောအခါတွင်လည်း ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုအပြည့်အဝရရှိမှသာအမွှာကိုယ်ဝန်ကြောင့် ရရှိနိုင်သော ဆိုးကျိုးများကို လျော့ကျစေနိုင်ကြောင်း ကြိုတင်သိရှိရန်လိုအပ်ပါတယ်။
Dr. Pyae Shin