ဖနောင့်တွေဘာကြောင့်ကွဲရတာလဲ...
hellosayarwon.com
|
2019-08-21

ဖနောင့်ကွဲတာ က ပြဿနာကြီးကြီးမားမားမဟုတ်ပေမယ့် လူတိုင်းနီးပါးခံစားနေရတဲ့

ခြေထောက်အရေပြားပြဿနာ တစ်ခုပါ။အရွယ်ရောက်ပြီးသူတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်အထိ ခံစားနေရတဲ့ ပြဿနာတစ်ခုဆိုလည်းမမှားပါဘူး။ ဖနောင့်ကွဲတာက သိပ်မပြင်းထန်ရင် နာကျင်တာမျိုးတောင်မရှိစေဘူးဆိုပေမယ့်အလှပျက်စေတာကတော့အမှန်ပါ။ ဒီတစ်ခေါက်တော့ ဘာကြောင့် ဖနောင့်ကွဲရတာလဲဆိုတဲ့အကြောင်းလေးကို နည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။

ဖနောင့်ကွဲတာနဲ့ပတ်သက်လို့
ဖနောင့်ကွဲတာကအပေါ်ယံလောက်ပဲဆိုရင် ပြဿနာမရှိပေမယ့်အတွင်းထိအရမ်းနက်မယ်ဆိုရင်တော့ နာကျင်မှုကလည်း ပိုဆိုးနိုင်ပါတယ်။

ဖနောင့်ကွဲတာက ကလေးတွေမှာရောဖြစ်နိုင်လား........
ဖနောင့်ကွဲတက လူကြီးတွေမှာအဖြစ်များပေမယ့် ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဖနောင့်ကွဲတာကအရမ်းမပြင်းထန်ဘူးဆိုပေမယ့်

စိတ်အနှောင့်အယှက်ြ ဖစ်စေတဲ့

အရေပြားပြဿနာ တစ်ခုပါ။

ဘယ်သူတွေမှာအဖြစ်များလဲ........
ဖနောင့်ကွဲတာကအမျိုးသားရောအမျိုးသမီးမှာပါ ဖြစ်နိုင်ပေမယ့်အမျိုးသမီးတွေမှာ ပိုအဖြစ်များကြပါတယ်။

ဘာကြောင့်ဖနောင့်ကွဲရတာလဲ.......
ဖနောင့်ကွဲရတဲ့အချက်က တစ်ချက်မကရှိနေနိုင်ပါတယ်။

အစိုဓာတ် နည်းတာ - ဒီအချက်ကတော့ ဖနောင့်ကွဲခြင်းကို ဖြစ်စေတဲ့အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါ။ များသောအားဖြင့် ခြေထောက်အောက်ဘက်ကအသားတွေကအစိုဓာတ်နည်းကြပြီး ခြောက်သွေ့ကွဲအက်လွယ်ကြပါတယ်။အကြောင်းကတော့ ဖနောင့်တဝိုက်က

အသားအရေ မှာ

ချွေးဂလင်းလေးတွေ သိပ်မရှိလို့ပါပဲ။

အာဟာရချို့တဲ့ မှုကြောင့် - နေ့စဉ်စားသုံးတဲ့

အစားအသောက်တွေ ထဲမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဇင့်ဓာတ်တွေ ပြည့်စုံလုံလောက်အောင် မပါဝင်တာကြောင့်လည်း ဖနောင့်ကွဲနိုင်ပါတယ်။

ဖိအား များတာကြောင့် -အချိန်ကြာမြင့်စွာမတ်တတ်ရပ်နေရမှုက ခြေဖနောင့်အသားတွေပေါ်မှာ ဖိအားသက်ရောက်မှုများတာကြောင့်လည်း ဖနောင့်တွေကွဲနိုင်ပါတယ်။အသက်အရွယ်ကြီးရင့်လာတာကြောင့် -

အသက်အရွယ်ကြီးရင့် လာတဲ့အခါအသားအရေက ထူထဲ၊ခြောက်သွေ့ပြီး ဆွဲဆန့်နိုင်အားနည်းလာတာကြောင့်လည်း ဖနောင့်တွေ ကွဲနိုင်ပါတယ်။

ကျန်းမာရေးပြဿနာ ရှိနေတာ - ခြေထောက်မှာ မှိုပိုးဝင်တာ၊

သဲဝဲစားတာ ၊ နှင်းခူဖြစ်တာ၊

သိုင်းရွိုက်ပြဿနာ ရှိတာလိုမျိုး၊

ဆီးချို ရှိတာ၊အရေပြားပြဿနာတစ်ခုခုရှိနေတာတွေကြောင့်လည်း ဖနောင့်တွေကွဲနိုင်ပါတယ်။

- ခန္ဓာကိုယ်က ရှိသင့်တဲ့

ကိုယ်အလေးချိန် ထက်ပိုများနေတာကြောင့်လည်း ဖနောင့်မှာ ဝန်ပိပြီး ဖနောင့်တွေကွဲအက်နိုင်ပါတယ်။

ဖိနပ် ကအဆင်မပြေတာ - နေ့စဉ်စီးနေတဲ့ ဖိနပ်ကအဆင်မပြေတာကြောင့်လည်း ထိခိုက်မှုတစ်ရပ်အနေနဲ့ ဖနောင့်ကွဲတာကို ခံစားရနိုင်ပါတယ်။ သန့်ရှင်းရေးအားနည်းတာ - ခြေထောက်ကိုသန့်ရှင်းရေးလုပ်ဆောင်ပေးမှုအားနည်းတာ၊ ပုံမှန်ကြေးချွတ်ဆေးကြောသန့်စင်တာမျိုး မလုပ်တာကြောင့်လည်း ခြေဖနောင့်တွေ ကွဲအက်နိုင်ပါတယ်။

ရေစို များတာ - ခြေထောက်ကို တစ်ချိန်လုံးလိုလို ရေစိုနေစေမယ်၊ ခြေထောက်ဆေးပြီးတိုင်း ခြေထောက်မသုတ်ဘဲထားမယ် ဆိုရင်လည်း ဖနောင့်တွေကွဲအက်နိုင်ပါတယ်။ ဆိုဒ်သေးတဲ့ဖိနပ်ကို စီးတာ -ဖိနပ်ကို လှချင်ဇောနဲ့ ကိုယ့်ထက်ဆိုဒ်သေးတဲ့ဖိနပ်ကျပ်ကျပ်တွေကို စီးတာကြောင့်လည်း ဖနောင့်တွေကွဲနိုင်ပါတယ်။

- မျိုးရိုးရှိနေတာကြောင့်လည်း ခြေဖနောင့်တဝိုက်မှာအသားအရေခြောက်သွေ့တာ၊အရေပြားထူတာတွေကြောင့်လည်း ဖနောင့်တွေကွဲအက်နိုင်ပါတယ်။

ဖနောင့်ကွဲတာကို ဘယ်လိုကာကွယ်မလဲ..........
ဖနောင့်ကွဲတာကို မဖြစ်ခင်က ကြိုတင်ကာကွယ်လို့ရပါတယ်။ ခြေထောက်ကို

အစိုဓာတ်ထိန်းခရင်မ် လူးပေးပါ။

ဆဲလ်သေတွေ ဖယ်ရှားပါ။ ကိုယ်အလေးချိန်လျှော့ပါ။
အဆင်ပြေစေမယ့် ဖိနပ်ကိုစီးပါ။ ဖနောင့်ကို

အုန်းဆီ ဒါမှမဟုတ်

သံလွင်ဆီ တစ်ခုခုကိုလူးပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


#ဖနောင့်
#ကွဲ
#ခြေထောက်
#ဖိနပ်
#ခြေဖနောင့်

Some text some message..