မိဘတိုင်း မွေးဖွားလာမယ့် ရင်သွေးလေးတွေ ခြေလက်စုံဖို့၊ ဉာဏ်ရည်မှီဖို့၊ ပုံဆိုးပန်းဆိုး မဖြစ်ဖို့ ဆုတောင်းကြသူချည်းပါပဲ။ ဒါပေမယ့်အကြောင်းမလှစွာနဲ့ မွေးရာပါ
မျိုးရိုးဗီဇ
ဆိုင်ရာ ချို့ယွင်းချက်တွေ ရှိတဲ့ ကလေးတွေကို ပိုင်ဆိုင်ရတဲ့ မိဘတွေလည်းရှိပါတယ်။ နိုင်ငံခြားတွေမှာဆိုရင်တော့
ကိုယ်ဝန်
ရှိစဉ်တည်းက ဗိုက်ထဲက ကလေးကျန်းမာရေးနဲ့ မျိုးရိုးဗီဇတွေကို စစ်ဆေးပေးပြီး တစ်စုံတစ်ရာချို့ယွင်းချက်ရှိခဲ့ရင် ဆေးပညာအရကိုယ်ဝန်ဖျက်ချပေးတယ်ဆိုပေမယ့် ကိုယ်တွေလို မြန်မာနိုင်ငံမှာကျ ကြိုစစ်တဲ့နည်းတွေကလည်း သိပ်ခေတ်မစားသေး၊ သိခဲ့ရင်တောင်
တရားဝင်ကိုယ်ဝန်ဖျက်ချ
ခွင့်ကလည်းမရှိဆိုတော့ ဘယ်လိုရင်သွေးလေးတွေပဲ ကိုယ့်ဆီ ရောက်ရောက် ချစ်မြဲအတိုင်း ချစ်နေရပဲ မဟုတ်လား။ ဒီနေ့တော့ မျိုးရိုးဗီဇဆိုင်ရာချို့ယွင်းချက်တစ်ခုဖြစ်တဲ့
Down syndrome(
ဒေါင်းဆင်ဒရုန်း) ဝေဒနာခံစားနေရတဲ့ ကလေးတွေကို မိဘတစ်ယောက်အနေနဲ့ ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။
Down syndrome ဖြစ်နေတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုပြုစုပေးရမလဲ ။ ။
သာမာန်ကလေးတစ်ယောက် ကျန်းမာပျော်ရွင်စာနဲ့ ကြီးထားလာဖို့ကို မိဘတွေအတော်လေး ဂရုစိုက်ရတာ ခုလို Down syndromeဖြစ်ပြီး သာမာန်ညဏ်ရည်မဟုတ်တဲံ ကလေးတစ်ယောက်ဆို ဂရုစိုက်ပေးဖို့ ပိုပြီး လိုအပ်လာပါပြီ။ ဂရုစိုက်ရမယ့် နည်းတွေအရင်မပြောခင် Down syndromeအကြောင်းအကျဉ်းလေးပြောပြပေးချင်ပါတယ် ။ ဒေါင်းဆင်ဒရုန်း ရောဂါ ဆိုတာမျိုးရိုးဗီဇ ချို့ယွင်းမှုကြောင့် ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာရောအခြားသူတွေနဲ့ ကွဲပြားသွားတဲ့အခြေအနေတစ်မျိုးပါ။ ကလေးစပြီး မွေးဖွားပြီးတည်းက Down’ syndromeကို သိနိုင်ပြီးအရွယ်ရောက်လာတဲ့အခါ ပြန်ကောင်းသွားတာမျိုး လုံးဝမရှိဘဲ တစ်သက်လုံး ဖြစ်နေမယ့်အရာတစ်ခုပါ။
ဒေါင်းဆင်ဒရုန်းရောဂါ ရဲ့အဖြစ်အများဆုံးရောဂါ လက္ခဏာတွေကတော့
•
မျက်နှာပြာ
းခြင်း • ဦးခေါင်းအရွယ်အစား သေးငယ်ခြင်း • လည်ပင်းတိုခြင်း • ပါးစပ်သေးငယ်၍ လျှာအပြင်သို့ ထွက်နေခြင်း၊ ကြွက်သားများပျော့နေခြင်း • ခြေမနဲ့ ခြေညှိုးကြားအကွာအဝေးကျယ်နေခြင်း၊ လက်ဖဝါး၏အလျားကျယ်၍ လက်ချောင်းလေးများ တိုတုတ်ခြင်းနှင့် • လက်ဖဝါးတွင် လက္ခဏာအရေးအကြောင်းတစ်ခုသာရှိခြင်း •အခြားသူများနဲ့ ယှဉ်လျှင်အရပ်ပု၍ ကိုယ်အလေးချိန်လျော့ကျနေခြင်း စတာတွေဖြစ်ပါတယ်။အပေါ်မှာပြောထားတဲ့အထဲမှာမပါဝင်တဲ့အခြားလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ကလေးဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာမှာရော၊ ဉာဏ်ရည်ပိုင်းဆိုင်ရာမှာရောအ ခြားကလေးတွေထက် နိမ့်နေမှာ ဖြစ်ပေမယ့် သေချာ ဂရုစိုက်ပြုစုဖေးမပေးမယ်ဆိုရင် သာမာန်ကလေးတွေလောက် မဟုတ်ပေမယ့် သူ့ဘဝလေးနဲ့သူကျန်းမာစွာနဲ့ ကြီးထွားလာပြီးပျော်ရွင်စွာနေနိုင်မှာပါ။ ပတ်ဝန်းကျင်ကိုလည်း ဒုက္ခပေးမယ့်ကလေးတွေ မဟုတ်တာကြောင့် မိဘတွေဘက်က သေချာပြုစုပေးဖို့သာလိုပါတယ် ။အခြားသာမာန်ကလေးတွေလုပ်တဲ့အရာတွေအားလုံး Down syndrome ကလေးငယ်တွေ လုပ်ခွင့်ရှိပါတယ်။အခြားကလေးတွေကို ပြုစုစောင့်ရှောက်သလိုပါပဲ။ ဒါပေမယ့် တစ်ခုရှိတာ Down syndrome ကလေးတွေက သူတို့ကို ချုပ်ချယ်တာထက် ဖေးဖေးမမပြောပြတာကို ပိုသဘောကျတာကြောင့် မိဘတွေအနေနဲ့ ဆင်ခြင်ဖို့လိုပါတယ်။
အခြားကလေးတွေလုပ်တာတွေအားလုံး Down syndrome ကလေးတွေလုပ်ခွင့်ရှိပါတယ် ။
ကလေးကို တစ်ချိန်လုံး
အိပ်ရာ
ထဲမှာ ထားတာမျိုး မလုပ်ဘဲ ပေးဆော့ပါ။ တစ်ခုချင်း သင်ပေးပါ။ ဖြည်းဖြည်းလေးနဲ့ စိတ်ရှည်ဖို့တော့လိုပါတယ်။
Down syndrome ရှိတဲ့သူနဲ့ရော မရှိတဲ့သူနဲ့ရော ကလေးကို ပေးကစားလို့ရပါတယ်။ တစ်ခုရှိတာက ကလေးအချင်းချင်း နှိမ့်ချအနိုင်မကျင့်တဲံသူတွေ ဖြစ်ရင်တော့ ပိုကောင်းတာပေါ့။
ကလေးကအသစ်အဆန်းတစ်ခုခု သင်ယူနေတယ်၊ သင်ယူဖို့ ကြိုးစားနေတယ်ဆိုတာနဲ့ ကလေးက ဉာဏ်ရည်မမှီတော့ ရမှာ မဟုတ်ပါဘူးဆိုတဲ့စိတ်ကြီး လုံးဝမထားပါနဲ့။ ကလေးကို ဖေးမပြီး သင်ကြားပေးပါ။ စိတ်ရှည်ပါ။ မသင်ပေးဘဲနေလေ ဘာမှ တတ်မှာမဟုတ်လေပါပဲ။
ကလေးအတွက်အချိန်ပေးပါ။အခြားကလေးတွေထက် ပိုချစ် ပိုဂရုစိုက်ပေးပါ။
ကလေးမလုပ်တတ်မှာစိုးလို့ဆိုပြီးအရာအားလုံးကို ကိုယ်တိုင်လိုက်လုပ်မပေးပါနဲ့။ ကလေးလုပ်တတ်အောင် ခွင့်ပြုထားမှ ကိုယ်မရှိတဲ့အခါ ကိုယ့်ကိုကိုယ် ကလေးအားကိုးနိုင်မှာပါ။
နေ့တိုင်းနေ့တိုင်း
ကလေးလုပ်ရမယ့်အရာတွေအချိန်မှန်သတ်မှတ်ပေးပါ။အိပ်တဲ့အချိန်၊ ထရမယ့်အချိန်၊ သွ
ားတိုက်
မျက်နှာသစ် ရေချိုးအကျီၤဝတ်စတာတွေပေါ့။
ဒီအလုပ်တစ်ခု လုပ်ပြီး နောက်အလုပ်တစ်ခု ဆက်လုပ်ဖို့အတွက် သိသာစေမယ့်အချက်ပြစနစ်လေးတွေ ပြပါ။ ဥပမာ မျက်နှာသစ်ပြီးရင် သွားတိုက်ဖို့အတွက် သွားတိုက်တဲ့ ဓာတ်ပုံလေးတွေ ပြပြီး လုပ်ခိုင်းတာမျိုးပေါ့။
Down syndrome ဖြစ်နေပေမယ့်လည်း ဓာတ်ပုံလေးတွေပြပြီး သင်ပေးလို့ရတာကြောင့် ကလေးတစ်နေ့တာ လုပ်ရမယ့် လှုပ်ရှားမှုတွေကို ဓာတ်ပုံလေးတွေအဖြစ် စုထားပါ။
ကျောင်းနေအရွယ်ရောက်လာပြီဆိုရင်
ဆရာဝန်၊ ကျောင်းဆရာ တွေနဲ့တိုင်ပင်ပြီး ကလေးအတွက် လိုအပ်မယ့် စစ်ဆေးမှုတွေ ပြင်ဆင်မှုတွေလုပ်ပေးပါ။
ကလေးနဲ့အတူအိမ်မှာ စာကူလုပ်ပေးပါ။ ကလေးကို သင်ပြပေးပါ။
သင်ပေးတဲ့နေရာမှာလည်းအဲဒါမှားနေတယ်လို့ ပြောမယ့်အစား ထပ်လုပ်ကြည့်ပါဦး ဆိုတဲ့ စကားက ပိုပြီး တာသွားပါလိမ့်မယ်။
စကားပြောညင်သာဖို့ စိတ်ရှည်ဖို့ကအရေးအကြီးဆုံးအရာတွေပါ။
ကလေးကိုယ်တိုင်လုပ်ပါစေ။
ကလေးကိုစိတ်ပူတာကတော့ မိဘတိုင်းပါပဲ။ ဒါပေမယ့် တစ်ချို့အကန့်တွေမှာ ကလေးကိုအလိုလိုက်ပြီး ကိုယ်ကချည်းပဲ ရှေ့ကနေ လုပ်နေလို့ မဖြစ်သေးပါဘူး။ ကလေးရှေ့က ဦးဆောင်တဲ့ အချိန်လေးတွေလည်း ရှိဦးမှပေါ့။ ဒီတော့
ဒီနေ့ ဘာဝတ်မလဲ၊ ဘာစားမလဲ စတာတွေကို ကလေးကိုယ်တိုင် ရွေးချယ်ပါစေ။
လုပ်ခွင့်ပေးလို်က်ပါ။ ကလေးထိခိုက်မှာစိုးပြီးအကုန်လိုက် ကာကွယ်နေမယ့်အစား ဘေးကနေ စောင့်ကြည့်ပေးနေကာ ကလေးကို လွတ်လပ်ခွင့်ပေးပါ။
ပြဿနာ ဖြေရှင်းဖို့အတွက်လည်း ကူညီပေးပါ။ -ကျောင်းက သူငယ်ချင်းနဲ့ ပြဿနာဖြစ်ခဲ့တာမျိုး ၊အခက်အခဲတစ်ခု ဖြေရှင်းတာမျိုးတွေမှာ သူတို့ကိုယ်တိုင် ဦးဆောင်ဖြေရှင်းပါစေ။ ဘေးကနေပြီး လမ်းကြောင်းတည့်ပေးရုံပါပဲ။ ဒါတွေကတော့ Down syndrome ဖြစ်နေတဲ့ ကလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ မိဘတိုင်းသိထားသင့်တဲ့ ပြုစုစောင့်ရှောက်နည်းလေးတွေဖြစ်ပါတယ်။ သာမန်ကလေးကို ပြုစုရတာတောင် မလွယ်ကူတာ Down syndrome ဖြစ်ပြီး ဉာဏ်ရည်မမီတဲ့ကလေးတွေကို စောင့်ရှောက်ရတာ ပိုပင်ပန်းမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒါကလည်း ကိုယ့်ရင်သွေးလေးပဲမလား။ ဒီတော့ ပိုပြီးချစ်ပေးပါ၊ ပိုပြီးစိတ်ရှည်ပါ၊ ပိုပြီးစောင့်ရှောက်ပေးပါ။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။