B ပိုးကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ဒါလေးတွေ သိထားဖို့လိုတယ်နော်။
hellosayarwon.com
|
2019-08-26

အသည်းရောင်အသားဝါ ဘီပိုးဆိုတာ လူတွေနဲ့ မစိမ်းတဲ့ ရောဂါပိုးတစ်ခုပါ။ သွေးတွေ၊ ချွေးတွေနဲ့ ကိုယ်ခန္ဓာကထွက်တဲ့အရည်တွေက တစ်ဆင့် ကူးစက်တာဆိုတော့ ကူးစက်နိုင်ဖို့အလားအလာလည်းအင်မတန်များတဲ့ ရောဂါတစ်ခုပါ။ လက္ခဏာတွေကလည်း သိပ်မသိသာဘဲ ရောဂါ့ကျွမ်းမှ၊ မတော်တဆသွေးစစ်ရင်းနဲ့မှ တွေ့သွားတတ်တာဆိုတော့ ကိုယ့်ပတ်ဝန်းကျင်မှာ

ဘီပို းရှိတဲ့သူတွေ များချင်များနေမှာနော်။ နောက်ြ့ပီး ဘီပိုးက

အသည်းရော င်စေတာအပြင် နောက်ဆုံး

အသည်းခြောက် တာ

အသည်းကင်ဆာ စတဲ့ ရောဂါဆိုးတွေကို ဖြစ်စေတဲ့အပြင် သူ့ကိုအပြတ်ကုသနိုင်တဲ့ ဆေးနည်းကလည်း မပေါ်သေးဘဲ ရောဂါဆက်မကြီးအောင် ထိန်းထားနိုင်တဲ့ ဆေးနည်းတွေပဲ ပေါ်သေးတာဆိုတော့ ကိုယ့်ဆီ ဘီပိုးရောက်မလာအောင် ကြိုတင်ကာကွယ်ထားဖို့ကအရေးအကြီးဆုံး ဖြစ်လာပြီလေ။ ကံကောင်းတာတစ်ခုက ဘီပိုးကိုယ့်ဆီ မကူးစက်အောင်လို့ တားထားလို့ရတဲ့

B ပိုးကာကွယ်ဆေ းတွေ ပေါ်နေပြီလေ။ ကာကွယ်ဆေးရှိနေပြီဆိုတော့ ကာကွယ်ဆေးအကြောင်း သေသေချာချာပြည့်ပြည့်စုံစုံ သိထားဖို့လည်း လိုပြန်ရော။ ဒါမှ ကိုယ်ကာကွယ်ဆေးထိုးရင်အထောက်အကူပြုမှာလေ။

ဘီပိုးကာကွယ်ဆေးအကြောင်း သိထားသင့်သမျှ ။ ။
ဘာ့ကြောင့် ကာကွယ်ဆေးထိုးဖို့ လိုသလဲ ။
ဘီပိုး ကူးစက်ခံရဖို့အင်မတန်မှ လွယ်ကူပြီး ကူးစက်ခံထားရရင်လည်း ရောဂါလက္ခဏာသေသေချာချာ မသိနိုင်ဘဲ ရောဂါတော်တော်ကျွမ်းမှ သိသွားနိုင်တဲ့အပြင် ပိုးကိုအသေသတ်နိုင်တဲ့ဆေးနည်းတွေလည်း မပေါ်သေးတာကြောင့်

ဘီပိုးကာကွယ်ဆေး က ထိုးကိုထိုးထားဖို့လိုအပ်တဲ့ ကာကွယ်ဆေးတစ်ခုပါ။

ဘယ်သူတွေက ကြိုထိုးထားသင့်လဲ။
လူတိုင်းထိုးထားသင့်တဲ့ ကာကွယ်ဆေးတစ်ခုဖြစ်ပေမယ့် ခုပြောပြမယ့်သူတွေက ပိုထိုးထားသင့်ပါတယ်။ အိမ်သားထဲက တစ်ယောက်ယောက်မှာ

ဘီပို းရှိတဲ့အခါ
ဘီပိုးရောဂါသည်တွေများတဲ့ ဆေးရုံလိုနေရာမျိုးမှာအလုပ်လုပ်နေရတဲ့သူတွေ
ဘီပိုးရှိတဲ့ မိခင်ကနေ မွေးဖွားလာတဲ့ ရင်သွေးလေးတွေ က ကာကွယ်ဆေးအထိုးသင့်ဆုံး သူတွေပါ။ ခုနောက်ပိုင်း တိုးတက်လာတော့ မွေးကင်းစကလေးတွေထိုးရတဲ့

ငါးမျိုးစပ် ကာကွယ်ဆေး မှာ ဘီပိုးကာကွယ်ဆေးက ပါပြီးသားပါ။

ကာကွယ်ဆေးထိုးချင်တာနဲ့ တန်းထိုးလိုက်ရုံပဲလား။
အထူးသတိပြုရမယ့်အချက်ပါ။ ကာကွယ်ဆေးမထိုးခင် ကိုယ့်မှာ ဘီပိုးရှိနေလားဆိုတာအရင်သွေးစစ်ဖို့လိုပါတယ်။ ဘီပိုးမရှိတော့မှ ကာကွယ်ဆေးထိုးလို့ရမှာပါ။

ဘီပိုးကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးရုံရလား။
ဘီပိုးကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးရုံနဲ့ မပြီးပါဘူး။ သုံးကြိမ်ထိုးရမယ့် ကာကွယ်ဆေးတစ်မျိုးပါ။အသုံးအများဆုံးအကြိမ်ကတော့ 0-1-6 ဖြစ်ပါတယ်။ သဘောက ပထမဆုံးအကြိမ်ထိုးပြီး နောက်တစ်လအကြာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပြီး ဒုတိယအကြိမ်ပြီး ၆ လအကြာမှာ တတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။ ကိုယ့်ထိုးရမယ့်ရက်ကို သေချာမှတ်ထားပြီးအကြိမ်ရေပြည့်အောင်ထိုးပါမှ ကာကွယ်ဆေးအောင်မှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးသုံးကြိမ်ထိုးပြီးရင်ဘာတွေလုပ်ရဦးမှာလဲ။
ကာကွယ်ဆေး သုံးကြိမ်ထိုးပြီပြီဆိုတာနဲ့ ဆေးအောင်မအောင် ပြန်စစ်ဖို့လိုပါတယ်။ ကာကွယ်ဆေးအောင်ပြီဆိုတော့မှ စိတ်ချရမှာဖြစ်ပြီး ဆေးမအောင်ရင်အစကပြန်ထိုးဖို့လိုပါတယ်။

တစ်ခါကာကွယ်ဆေးအောင်သွားပြီးရင် ဘီပိုးကာကွယ်ဆေးက တစ်သက်လုံးခံလား။
ဘီပိုးကာကွယ်ဆေးက တစ်ကြိမ်အောင်ပြီးရင် စိတ်ချရသွားပြီဆိုပေမယ့် ပိုပြီး စိတ်ချရအောင် ၅ နှစ်တစ်ကြိမ် ပြန်ပြန်ထိုးပေးဖို့လည်း လိုအပ်ပါတယ်။

ဘီပိုးကာကွယ်ဆေးကို ဘယ်မှာထိုးလို့ရသလဲ။
ဆေးရုံဆေးခန်းတွေမှာ ကာကွယ်ဆေးထိုးလို့ရသလို၊ ဆေးဆိုင်တွေမှာ ကိုယ့်ဘာသာဝယ်ပြီးအသိဆရာဝန်တွေကို ထိုးခိုင်းလို့လည်းရပါတယ်။ ကာကွယ်ဆေးဝယ်မယ်ဆိုရင်တော့ ကာကွယ်ဆေးခံအောင် ရေခဲတွေနဲ့အတူထားပါ။

ကိုယ်ခန္ဓာဘယ်နေရာမှာ ကာကွယ်ဆေးထိုးတတ်ကြလဲ။
ဘီပိုးကာကွယ်ဆေးအထိုးအများဆုံးနေရာကတော့

လက်မောင် းမှာ ဖြြစ်ပီး ထိုးပြီးတာနဲ့ ဆေးထိုးထားတဲ့နေရာကို မချေဖို့လိုအပ်ပါတယ်။ တစ်ချို့လူတွေမှာ ကာကွယ်ဆေးထိုးထားတဲ့နေရာအောင့်ကျန်တာမျိုး တစ်ပတ်လောက်အထိခံစားရတတ်ပါတယ်။ မွေးကင်းစကလေးတွေဆိုရင်တော့အသားများတဲ ့ပေါင်လိုနေရာမျိုး မှာ ကာကွယ်ဆေးထိုးပေးပါတယ်။ ဒါတွေကတော့ ဘီပိုးကာကွယ်ဆေး မထိုးခင်သိထားသင့်တဲ့အကြောင်းအရာတွေပါ။ ဘီပိုးကာကွယ်ဆေးထိုးတဲ့ နေရာမှာအရေးအကြီးဆုံးကတော့ ရက်ချိန်းမှန်အောင်၊အကြိမ်ရေပြည့်အောင် ဆေးထိုးရမှာ ဖြစ်ပြီး ဆေးအောင်မအောင် ပြန်စစ်ဖို့လည်း မမေ့သင့်ပါ။ ဒါလေးတွေသိထားတော့ ကိုယ်ကာကွယ်ဆေးထိုးတဲ့အခါအူတူတူ ဖြစ်မနေတော့ဘဲ ဆရာဝန်တွေနဲ့ သေချာ ဆွေးနွေးလို့ရသွားပြီပေါ့။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။                  


#ကာကွယ်ဆေး
#ပိုး
#ဘီ
#ကြိမ်
#အသည်း

Some text some message..