
သင့်ပတ်ဝန်းကျင်မှာ သူများထက်ပိုပြီးချမ်းတတ်တဲ့သူတွေကို မြင်ဖူးလား။အပြင်မှာ ပူနေတဲ့အချိန်အဲကွန်းခန်းထဲ ဝင်လိုက်ပြီဆိုရင်တောင် ခဏအတွင်းမှာပဲ ခြေဖျားလက်ဖျားတွေအေးစက်လာပြီး ချမ်းနေတတ်တဲ့သူမျိုးလေ။ သူများတွေပုံမှန်လေးအေးနေတယ်ဆိုရင်တောင် သူတို့မှာ စောင်အထပ်ထပ်ခြုံနေရ၊အနွေးထည်ထူထူတွေဝတ်ရနဲ့ တမျိုးစီ ကွဲပြားနေကြတာ။အဲဒါက ဘာကြောင့်လဲ။ တချို့လူတွေက သူများတွေနဲ့မတူပဲ ဘာလို့ ပိုပြီး ချမ်းတတ်နေရတာလဲဆိုတော့….။
(၁)။ သင်က ပိန်တဲ့သူမို့လို့
သင့်ရဲ့ခန္ဓာကိုယ်က သူများတွေနဲ့ ယှဉ်လိုက်လို့ ပိန်နေတဲ့သူတစ်ယောက် ဖြစ်နေတယ်ဆိုရင် သင်ဟာ သူများတွေထက် ပိုပြီး ချမ်းတတ်သူတစ်ယောက် ဖြစ်မှာပါ။အကြောင်းကတော့ သင့်ရဲ့ခန္ဓာကိုယ်မှာအအေးဒဏ်ကို ကာကွယ်ပေးနိုင်တဲ့အဆီပြင်တွေ ရှိမနေတာကြောင့်ပဲဖြစ်ပြီး တော်ရုံအအေးဓာတ်လေးကတောင် သင့်ကို ခိုက်ခိုက်တုန်နေစေမှာပါ။

Shutterstock/ noPPonPat
(၂)။ ဝိတ်ချနေလို့
သင်က ဝိတ်ချဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပြီးအစားလျော့စားနေရတဲ့အခြေအနေနဲ့ ကြုံနေရင်လည်း သူများထက် ပိုပြီးချမ်းတတ်ပါလိမ့်မယ်။အကြောင်းကတေ့ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့အပူဓာတ်ကို ထုတ်လွှတ်ပေးနိုင်မယ့်အစာအာဟာရတွေ သင့်ကိုယ်ထဲမှာ လုံလုံလောက်လောက်မရှိတာကြောင့်ပါပဲ။
(၃)။ ခန္ဓာကိုယ်လှုပ်ရှားမှုနည်းလို့
ခန္ဓာကိုယ်လှုပ်ရှားမှုနည်းတဲ့သူတွေ၊ တစ်နေရာတည်းမှာ ကြာကြာထိုင်နေရတဲ့အလုပ်မျိုး လုပ်နေရတဲ့သူတွေက သူများတွေထက် ပိုပြီး ချမ်းတတ်ကြပါတယ်။ ခန္ဓာကိုယ်က လုံလောက်တဲ့လှုပ်ရှားမှု မရှိတဲ့အခါအတွင်းမှာအပူတွေ စုနေတတ်ပြီး နည်းနည်းလေးအေးလာပြီဆိုရင်တောင် ချမ်းနေတတ်တာမို့ပါ။

Shutterstock/ noPPonPat
(၄)။ ခန္ဓာကိုယ်တွင်းဟိုမုန်းတွေကြောင့်
လည်ချောင်းအတွင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းတွေကနေ သိုင်းရွိုက်ဟိုမုန်းတွေကို လုံလုံလောက်လောက် မထုတ်ပေးနိုင်တဲ့အခြေအနေမျိုးတွေမှာလည်း ခန္ဓာကိုယ်ကအချမ်းပိုတတ်ပါတယ်။အဲဒီလိုအခြေအနေတွေမှာ ခန္ဓာကိုယ်အပူချိန်က မညီမျှတော့ပဲအအေးဒဏ်ကို ခုခံနိုင်စွမ်းလည်း ကျဆင်းသွားတတ်တာမို့ပါ။
(၅)။ သွေးနီဥတွေနည်းတာ
သင့်ခန္ဓာကိုယ်ထဲက သွေးလည်ပတ်မှုတွေမှာ လုံလောက်တဲ့သွေးနီဥတွေ ရှှိမနေဘူးဆိုရင် သင့်ရဲ့ခန္ဓာကိုယ်ကလည်းအောက်ဆီဂျင်ကို လုံလုံလောက်လောက်မရနိုင်တော့ပါဘူး။အဲဒီလိုအခြေအနေမျိုး မကြာခဏ ဖြစ်တိုင်း သင်ဟာ သူများတွေထက် ပိုလို့ ချမ်းတတ်နေမှာဖြစ်ပြီး ခြေဖျားလက်ဖျားတွေအမြဲအေးစက်နေတာမျိုးနဲ့ ရင်ဆိုင်ရမှာပါ။

bahri altay/Shutterstock
Linn
Source : medicalnewstoday