ပင့်ကူကိုက်ခံရတဲ့ ဒဏ်ရာအတွက်အိမ်တွင်းကုထုံးနည်းများ
hellosayarwon.com
|
2019-08-27


ပင့်ကူရဲ့ သဘာဝအကြောင်းကို ပြောရမယ်ဆိုရင် ကြွက်နဲ့ သဘာဝချင်းဆင်တယ်ဗျ။ လူတွေက သူတို့ကိုအမြဲလိုလို ရှောင်ကြသလို သူတို့ကိုယ်တိုင်ကလည်း လူတွေကို ရှောင်ကြတယ်။ ကိုယ့်အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရပြီဆိုတဲ့အသိစိတ်ဝင်လာတဲ့အချိန်မှာ ပင့်ကူတွေဟာ ကြွက်တွေလိုပဲ လူကိုပြန်ကိုက်တတ်ပါတယ်။အထူးသဖြင့်

ပင့်ကူ အနားမှာရှိနေတဲ့အချိန် လူက ရုတ်တရက်ဘေးတစောင်း နေလိုက်တာ၊ တက်နင်းမိမလို ဖြစ်သွားတာ၊ ပင့်ကူကို ဖယ်ထုတ်ဖို့ လက်ရွှေ့လိုက်တာကို မြင်လိုက်ရတဲ့အချိန်မျိုးမှာ လူတွေကို ရန်မူဖို့ ကြိုးစားတတ်ကြပါတယ်။ ပုံမှန်အားဖြင့်တော့ လူနေအိမ်မှာရှိတဲ့ ပင်ကူအများစုဟာအလွန်သေးငယ်ပြီး

အိမ် မှာပဲအလွယ်တကူကုသလို့ ရပါတယ်။ ဒါပေမယ့်လည်း ပေါ့ဆလို့မဖြစ်တာကြောင့် ပင့်ကူကိုက်ခံရတဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြနိုင်လဲ၊ ဘယ်လိုကုသလို့ရမလဲဆိ်ုတာကို ပြောပြပေးချင်ပါတယ်။

ပင့်ကူကိုက်ခံရတဲ့အခါ ဘယ်လိုလက္ခဏာတွေပြလဲ။
ကိုက်လိုက်တဲ့ ပင့်ကူအမျိုးအစားပေါ် မူတည်ပြီး ရောဂါလက္ခဏာတွေက ပြောင်းလဲသွားနိုင်ပါတယ်။ များသောအားဖြင့်အကိုက်ခံရပြီး မိနစ် ၃၀ မှ ၂နာရီအတွင်း လက္ခဏာပြတတ်ပါတယ်။ ပြလာနိုင်တဲ့ လက္ခဏာတွေကတော့
ကိုက်ထားတဲ့နေရာမှာအပေါက်ကလေးဖြစ်နေတာ
အရေပြားက ရောင်နေမယ်
နီရဲနေတာ၊အနီရောင်အင်ပျဉ်ကွက် ထနေတာ

အရည်ကြည်ဖု ဖြစ်နေတာ
နာကျင်တာ
ယားယံတာ
ထုံကျဉ်နေတာအပြင် ပိုပြီး ပြင်းထန်လာတဲ့အခြေအနေမှာတော့
အကိုက်ခံရတဲ့ နေရာတစ်ဝိုက်အနီရောင် သို့မဟုတ် ခရမ်းရောင်အဝိုင်းကွက် ဖြစ်နေတာ

ကြွက်သား နာကျင်ကိုက်ခဲတာ
ခေါင်းကိုက်တာ
ချွေးစေးပြန်တာ
အဖျားတက်တာ၊ ချမ်းတုန်တာ
အသက်ရှူရခက်တာ
မူးဝေအော့အန်တာ
စိုးရိမ်ပူပန်လွန်တဲ့ စိတ်တွေ
သွေးကြောက ရောင်ကိုင်းနေတာ

သွေးတို းတာ
သွားရေကျတာ
ကိုယ်နေဟန်ထား ပုံမှန်မဟုတ်တာ၊ ထိန်းလို့မရတာ
အကြား၊အမြင်အာရုံထိခိုက်တာတွေပါ ဖြစ်နိုင်ပါတယ်။ အောက်မှာပြထားတဲ့ လက္ခဏာတွေပါ ဖြစ်နေပြီဆိုရင်တော့အရေးပေါ်ခန်းကိုအမြန်သွားပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ပုံမှန်အိမ်မှာတွေ့နေကျ ပင့်ကူကိုက်ခံရတာဆိုရင်တော့ လက္ခဏာသိပ်မပြင်းထန်သလိုအိမ်မှာအလွယ်တကူ ကုသလို့လည်း ရပါတယ်။

ပင့်ကူကိုက်ဒဏ်ရာအတွက်အိမ်တွင်းကုထုံးများ
၁။ ပင့်ကူကိုက်ခံရတယ်လို့ သိသိချင်းမှာအမြန်ဆုံး ဆပ်ပြာနဲ့ ရေနဲ့ ပြောင်စင်အောင်ဆေးပေးပါ။ ၂။ ခြောက်အောင်သုတ်ပြီးသွားတဲ့အခါအရေပြားကို ရေခဲဝတ်ကပ်ပေးတာ၊ သန့်တဲ့အဝတ်ကို ရေခဲတုံးထည့်ပြီး ကပ်ပေးလို့ရပါတယ်။ ၃။အကိုက်ခံရတဲ့အရေပြားကို

ရှားစောင်းလက်ပပ် မှ ရတဲ့အနှစ်လိမ်းပေးခြင်းဖြင့်အဆိပ်ပြေစေသလို၊ ယားယံတာ၊ နီရဲတာအတွက်လည်း ပျောက်တာမြန်ပါတယ်။ ၄။ လာဗင်ဒါအပင်၊ နှင်းဆီကရတဲ့အဆီအနှစ်တွေကို လိမ်းပေးခြင်း၊ နှာခေါင်းနားတေ့ပြီး ရှူခြင်းဖြင့် နာကျင်ကိုက်ခဲတာကို သက်သာစေပြီးအနာကျက်လည်း မြန်စေနိုင်ပါတယ်။ ၅။ ပြီးသွားရင် ရေနဲ့ပြောင်အောင် ဆေးပြီး နီးစပ်ရာဆေးခန်းက ပိုးသတ်လိမ်းဆေး သို့မဟုတ် antibiotic ခရင်မ်နဲ့ လိမ်းပေးပါ။ ပြီးသွားမှ ပလာစတာနဲ့ ကပ်ပေးရပါမယ်။ ၆။ ဒဏ်ရာကို သန့်ရှင်းအောင်ထားပါ။

ပလာစတာ က ရေစိုသွားရင်အသစ်တစ်ခုနဲ့ ချက်ချင်းလဲပါ။ တစ်နေ့ တစ်ခါ ပလာစတာကိုအသစ်ပြန်လဲပေးပါ။ ၇။အရည်ကြည်ဖုတွေ ထွက်နေရင် လက်သည်းနဲ့ မကုတ်ဖဲ့လိုက်ပါနဲ့။ ခြောက်ပြီး ပြားချပ်သွားတဲ့အထိ သေချာဂရုစိုက်ပေးပါ။ ဒီနည်းလမ်းတွေနဲ့မှ လုံးဝမသက်သာဘူး၊ ပိုဆိုးလာတယ်၊ ဒါမှမဟုတ် ကိုက်လိုက်တဲ့ပင့်ကူကအဆိပ်ရှိပြီးအကောင်လည်း တော်တော်ကြီးတယ်ဆိုရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးပြကြည့်လိုက်တာအကောင်းဆုံးဖြစ်မှာပါ။ များသောအားဖြင့်တော့အပေါ်မှာပြထားတဲ့အိမ်တွင်းကုထုံးနဲ့ ကုသပျောက်ကင်းနိုင်တာမို့ သိပ်တော့ စိတ်မပူပါနဲ့။  

Hello Health Group  သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


#ပင့်ကူ
#လက္ခဏာ
#ပလာစတာ
#အရေပြား
#ရေခဲ

Some text some message..