ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး ဆိုတဲ့ ဆိုရိုးစကားလေးကြားဖူးမှာပါ။ မိန်းကလေးတွေမှာ
မီးယပ်ြ
ပဿနာအဖြစ်များသလို
ဆီးလမ်းကြောင်း
ဆိုင်ရာ ပြဿနာတွေက ယော်ကျားလေးတွေမှာအများဆုံးဖြစ်တဲ့ ဝေဒနာတစ်ခုပါ။ ဆီးလမ်းကြောင်းပြဿနာတွေထဲမှာမှ ဒီနေ့ပြောပြပေးချင်တာက
ကင်ဆာ
မဟုတ်တဲ့ ဝှေးစေ့ပြဿနာတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။ ။
( ၁ ) Epididymitis - သုတ်ပို့ပြွန်ရောင်ခြင်း။
Testicles လို့ခေါ်တဲ့
ဝှေးစေ့
က သုက်ပိုးတွေကို လိင်တံ penis ဆီရောက်အောင်ပို့ပေးတဲ့ ပြွန် epididymis ရောင်တဲ့ ပြဿနာဖြစ်ပါတယ်။ ရောင်လာတဲ့ ဒဏ်က ဝှေးစေ့ကိုပါရောက်သွားပြီး ဝှေးစေ့ပတ်လည်ပါလိုက်ရောင်လာတာကို epididymo-orchitis လို့ခေါ်ပါတယ်။ • လက္ခဏာတွေကတော့ ကပ္ပယ်အိတ်ပတ်လည်မှာ နာကျင်မယ်၊ ရောင်ရမ်းမှုတွေလည်းဖြစ်နေတတ်ပြီး ကိုင်ကြည့်လိုက်တဲ့အခါ ပူနေတာမျိုးတွေ ရှိတတ်ပါတယ်။ • ကလေးအရွယ်နဲ့ မြီးကောင်ပေါက်အရွယ်တွေမှာ ပိုဖြစ်နိုင်တယ်ဆိုပေမယ့်အရွယ်ရောက်ပြီးသား သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ • chlamydia ၊ gonorrhoea.တို့လို ဘက်တီးရီးယားအကောင်တွေနဲ့
ဆီးလမ်းကြောင်းပိုးဝင်ြ
ခင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကြောင့်အဖြစ်များပါတယ်။ • ဘက်တီးရီးယားကြောင့် ဖြစ်တာဆိုတော့ ကုသနည်းက
ပဋိဇီဝ
ပိုးသတ်ဆေးတွေ၊
အကိုက်အခဲပျောက်ဆေ
းတွေနဲ့ ကပ္ပယ်အိတ်ပေါ် ရေခဲကပ်တာတွေပဲ ဖြစ်ပါတယ်။
( ၂ ) Hydrocele – ကပ္ပယ်အိတ်အရည်စုပြီး ကြီးခြင်း
•
ဝှေးစေ့
ပတ်လည်နံရံကအရည်တွေစိမ့်ထွက်ပြီး ကပ္ပယ်အိတ်ကြီးတဲ့ ပြဿနာတစ်ခုပါ။ • ကိုင်ကြည့်လိုက်ရင် ပျော့ပျောင်းနေတတ်ပြီး နာတာ ထုံတာတွေလည်း မရှိပါဘူး။ • မွေးကင်းစကလေးတွေမှာ ဖြစ်တတ်သလိုအရွယ်မရွေးဖြစ်နိုင်ပါတယ်။ •
ကပ္ပယ်အိတ်
ကြီးတာအခြားအကြောင်းတွေကြောင့်လည်းဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ရောဂါဇာစ်မြစ်ကို သေချာရှာကုသဖို့လိုပါတယ်။ • များနေတဲ့အရည်တွေကိုအပ်နဲ့စုပ်ထုတ်တာလည်းရှိသလို ခွဲစိတ်မှုလုပ်ပြီး ကုသတာမျိုးလည်းရှိပါတယ်။
( ၃ ) Torsion - သုတ်ပို့ပြွန်လိမ်ခြင်း
•
Testicles
နှစ်လုံးကို ကပ္ပယ်အိတ်ထဲမှာ သုတ်လွှတ်ပြွန်ဖြစ်တဲ့တဲ့ spermatic cordက ချိတ်ဆွဲထားလေ့ရှိပါတယ်။ တစ်ရ့တစ်ခါ ဒီ သုတ်လွှတ်ပြွန်လိမ်သွားပြီး ဝှေးစေ့ဆီသွေးရောက်တာ နည်းသွားတာ ဝှေးစေ့ကြွက်သားတွေ ပုတ်သွားတတ်ပါတယ်။ • လက္ခဏာတွေကတော့ ဝှေးစေ့မှာ ရုတ်တရက်နာလာတာ၊ ကပ္ပယ်အိတ်ရောင်လာတာ၊အဖျားတက်တာနဲ့ ပျို့အန်ချင်တာတွေပဲ ဖြစ်ပါတယ်။ • ဝှေးစေ့ဆီသွေးမရောက်ဘဲ ပုတ်သွားနိုင်တာကြောင့် ဒီပြဿနာဟာ ကုသမှုအမြန်ခံယူဖို့လိုအပ်တဲ့ပြဿနာတစ်ခုပါ။
( ၄ ) Varicoceles - သွေးပြန်ကြောထုံးခြင်း
•ေြ
ခသလုံ
း တွေမှာအဖြစ်များတဲ့ ပြဿနာတစ်ခုဆိုပေမယ့် ရံဖန်ရံခါ သွေးကြောထုံးတွေက ကပ္ပယ်အိတ်အတွင်းမှာလည်း ဖြစ်တတ်ပါတယ်။ •အဓိက လက္ခဏာတွေကတော့ ဘယ်ဘက်ဝှေးစေ့မှာအမြဲရှိတတ်ပြီး နာကျင်မှု မရှိပါဘူး။ တီကောင်လို တွန့်လိမ်လိမ်သွေးကြောထုံးတွေကို ကပ္ပအိတ်မှာမြင်ရတတ်ပြီး မတ်တပ်ရပ်လိုက်ရင် ပိုသိသာပါတယ်။ ကြီးနေတဲ့
သွေးကြောထုံးကြီ
းတွေက သုတ်လွှတ်ပြွန်ကို သွားပိတ်မိတတ်တာကြောင့် ကလေးရနိုင်ချေကို ထိခိုက်နိုင်ပါတယ်။ • နာမည်ကြီးကုသမှု တစ်ခုကတော့ embolization လို့ခေါ်ပြီးအပြားလေးတစ်ပြားကို သွေးကြောထဲထည့်ကာ ကြီးနေတဲ့ သွေးကြောကို ပိတ်လိုက်တဲ့ နည်းဖြစ်ပါတယ်။ ဒါတွေကတော့ ကင်ဆာမဟုတ်တဲ့ဝှေးစေ့မှာ ဖြစ်နိုင်တဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ မနာဘူးပြောပြော ကိုယ့်ကပ္ပယ်အိတ်တွေက ပုံမှန်မဟုတ်တော့ရင် ဘာ့ကြောင့်ဖြစ်ရတာလဲဆိုတာ သေချာသိရအောင် ဆရာဝန်ဆီအမြန်ဆုံး သွားပြဖို့ မမေ့နဲ့နော် ။ ။ Hello Health Group သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။