ဝှေးစေ့
မှာအရည်အိတ်စုပြီးကြီးလာတာ ၊
အူကျြ
ပီး ဝှေးစေ့ကြီးလာတာ စတဲ့ပြဿနာတွေဟာအမျိုးသားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါတွေပါ။ စစချင်းဖြစ်ခါစတွေဆို နာကျင့်တဲ့ ပြဿနာတွေတော့မရှိပေမယ့် နေရထိုင်ရ သွားရ လာရတာတွေကို သက်တောင့်သက်သာမရှိဖြစ်စေမှာပါ။ ပြီးတော့ ဒီလို ဝှေးစေ့အရည်စုပြီး ကြီးလာတဲ့ပြဿနာတွေဟာ ရှားပါးတဲ့ ဖြစ်စဉ်တွေ မဟုတ်တာကြောင့်အမျိုးသားတိုင်း သိရအောင်ဒီတောင်းပါးလေးကို ဝေမျှပေးချင်ပါတယ်။
Hydrocele မုတ္တရောဂါဆိုတာ ဘာလဲ။ ။
ဝှေးစေ့ပတ်လည်မှာအရည်တွေစိမ့်ထွက်လာပြီး စုလာရာကနေ
ကပ္ပယ်အိတ်
ကြီး ကြီးလာတဲ့ပြဿနာပါ။ ကလေးငယ်ငယ်လေးတွေမှာလည်း ဖြစ်နိုင်သလို လူကြီးတွေလည်း ဖြစ်နိုင်ပါတယ်။
Hydrocele ရဲ့ လက္ခဏာက ဘာလဲ။ ။
အရည်စုတယ်ဆိုတော့အဓိက လက္ခဏာက
ကပ္ပယ်အိတ်ြ
ကီး ကြီးလာမှာပါ။ ကြီးလာတဲ့ ကပ္ပယ်အိတ်က ပျော့ပျော့လေးဖြစ်နေတတ်ပြီး နာကျင်တာတွေ မရှိတတ်ပါဘူး။ ဒီနေရာမှာ ပျော့တာ မာတာ ကအရေးကြီးသွားပါပြီ။ မာနေရင်
ကင်ဆာြ
ဖစ်တတ်လို့ပါ။
တစ်ဘက်တည်းကြီးနိုင်သလို ၂ ဘက်လုံးလည်းကြီးနိုင်ပြီး မနက်အိပ်ရာထထခြင်းဆိုး သေးနေတတ်ပါတယ်။
နောက်ပြီး ကပ္ပယ်အိတ်ကြီးကြီးလာတာကြောင့် ဘောင်းဘီဝတ်ရခက်၊ လမ်းလျှောက်ရခက်၊ နေရထိုင်ရ သက်တောင့်သက်သာ မရှိဖြစ်မှာ ကျိန်းသေပါတယ်။
ကြီးလာတာကို မကုသဘဲအချိန်ကြာကြာထားလိုက်တဲ့အခါ ရောင်လာပြီး နာကျင်တာမျိုးတွေလည်း ရှိတတ်ပါတယ်။
ဘယ်သူတွေ ဖြစ်နိုင်ချေအများဆုံးလဲ ။
မွေးကင်းစ ကလေးတွေအဖြစ်အများဆုံးဖြစ်ပြီး
ကပ္ပယ်အိတ်တစ်ဝိုက်ထိခိုက်ဒဏ်ရာရထားတဲ့သူတွေ
သုတ်ပို့ပြွ
န်ရောင်နေတဲ့သူတွေနဲ့
လိင်မှတစ်ဆင့်ကူးစက်
တဲ့ ရောဂါခံစားရတဲ့သူတွေကအရည်စုတဲ့ ပြဿနာဖြစ်နိုင်ပါတယ်။
ဘယ်အချိန်မှာဆရာဝန်သွားပြဖို့လိုမလဲ ။ ။
ကလေးလေးတွေမှာဖြစ်တဲ့ hydrocele က သူ့သာသာပြန်ပျောက်သွားတာများပါတယ်။ ဒါပေမယ့် မွေးကတည်းရှိနေတာ ကလေးအသက် ၂ နှစ်ကျော်တဲ့အထိ မပျောက်ဘူးဆိုရင် ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။
လူကြီးတွေမှာ ဖြစ်ခဲ့ရင်တော့ ဖြစ်ဖြစ်ချင်း ဆရာဝန်ဆီသွားပြပါ။ သူ့ဘာသာ ပြန်ပျောက်သွားနိုင်မယ့် နှုန်းအရမ်းနည်းတာကြောင့်ပါ။
Hydrocele ကို ဘယ်လိုကုသလဲ ။
Hydrocele ရဲ့အဓိက ကုသမှုကတော့ ခွဲစိတ်တာပဲ ဖြစ်ပါတယ်။ တစ်ချို့အပ်နဲ့အ ရည်စုတ်ထုတ်ပြီး ကုသတတ်ကြပေမယ့် စုပ်ထုတ်ပြီး ၂ လအတွင်းအရည်တွေ ပြန်စုလာတတ်လို့ မကြာခဏ စုပ်ထုတ်တာမျိုး လုပ်ရတတ်ပါတ်ယ။ ခွဲစိတ်ကုသပြီးနောက်ပိုင်း
hydrocele
ပြန်ဖြစ်တာအင်မတန်ရှားတာကြောင့် ခွဲစိတ်ကုသတာကသာအကောင်းဆုံးပါ။
အူကျတာနဲ့အရည်စုတာနဲ့တူလား။
အူကျတာရောအရည်စုတာရော ၂ ခုလုံးက ကပ္ပအိတ်ကြီးလာခြင်းကို ဖြစ်စေတယ်ဆိုပေမယ့် အူကျွံတယ်ဆိုတာ ဗိုက်နဲ့ ပေါင်ခြံခြားထားကြွက်သားအားနည်းသွားပြီး ဗိုက်ထဲကအူတွေ
ကပ္ပယ်အိတ်
ထဲ ဆင်းလာတဲ့ပြဿနာပါ။ ဒီပြဿနာမှာအိပ်လိုက်ရင်အူတွေ ပြန်ဝင်သွားတာကြောင့် ကပ္ပအိတ်ပြန်သေးသွားပြီး ချောင်းဆိုးတဲ့အခါ မတ်တပ်ရပ်လိုက်တဲ့အခါမျိုးမှာတော့အူပြန်ဆင်းလာတာကြောင့် ကပ္ပယ်အိတ် ပြန်ကြီးလာပါလိမ့်မယ်။ ဒီတော့ ကြီးလိုက်သေးလိုက်ပေါ့။အရည်စုခြင်း hydrocele မှာကျတော့ ကပ္ပယ်အိတ်ကြီးလာတာ သေးသွားတာ ချောင်းဆိုးလိုက်ရင် ပိုထွက်လာတာမျိုး မရှိပါဘူး။ သူက
ဝှေးစေ့
ပတ်လည်မှာအရည်တွေစိမ့်ထွက်လာရကနေ ကပ္ပယ်အိတ်ကြီးလာတာဖြစ်ပါတယ်။
ဒါပေမယ့်အူကျတာရောအရည်စုတာရော ၂ မျိုးလုံးဖြစ်တဲ့သူတွေမှာတော့ မပေါ်မှာ ပြောတဲ့ လက္ခဏာတွေအားလုံးရှိနေတတ်ပါတယ်။
အရည်စုရင် ချက်ချင်းမကုသသေးဘဲအချိန်ဆွဲထားလို့ရပေမယ့်အူကျအူကျွံရင်တော့အူတွေ မပုပ်ခင်အမြန်ဆုံ ကုသမှု ခံယူဖို့လိုပါတယ်။
အူကျတာရောအရည်စုတာရောအတွက် ၂ခုလုံးအတွက်အဓိက ကုသမှုကတော့ ခွဲစိတ်တာပါ ။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။