ကိုယ်လက်နာကျင်ကိုက်ခဲလာတဲ့အခါ သင့်အတွက်အသုံးဝင်စေမယ့်နည်းလမ်းကောင်းများ
trend.com.mm
|
2019-08-30

တစ်ခါတစ်ရံအလုပ်တွေပင်ပန်းပြီး ကိုယ့်ခန္ဓာကိုယ်တောင်မသယ်ချင်လောက်အောင် ညောင်းညာကိုက်ခဲနေတာမျိုးတွေဖြစ်ဖူးကြမှာပါ။အဲ့ဒီအခါ ဆေးပဲထသောက်ရမလိုလို ၊အိပ်ရာထဲပဲ ခွေနေရတော့မလိုဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီလိုကိုယ်လက်ညောင်းညာကိုက်ခဲလာတဲ့အခါ မြန်မြန်သက်သာပျောက်ကင်းစေဖု့ိ လုပ်ဆောင်နိုင်မယ့်နည်းလမ်းကောင်းလေးတွေကိုပြောပြပေးလိုက်ပါတယ်။



– ဆားခါး




ဆားခါးက ခန္ဓာကိုယ်ညောင်းညာကိုက်ခဲတတ်သူတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ဆားခါးနဲ့ရေချိုးပေးတာ၊ရေစိမ်ပေးတာဟာ ခန္ဓာကိုယ်ကအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီးနာကျင်ကိုက်ခဲမှုတွေကိုသက်သာစေပါတယ်။တစ်ခါစိမ်ရင် ၁၅ မိနစ်ကြာလောက်စိမ်ပေးပြီး တစ်ပတ်ကို သုံးကြိမ်နီးပါးလုပ်ပေးနိုင်ပါတယ်။


– ပန်းသီးရှာလကာရည်


ပန်းသီးရှာလကာရည်ကို တစ်ချို့က သောက်သုံးဖို့ပဲ တွေးမိတတ်ကြပါတယ်။ဒါပေမဲ့ ပန်းသီးရှာလကာရည်ကို နာကျင်ကိုက်ခဲနေတဲ့နေရာတစ်ဝိုက်မှာလိမ်းပေးတာက နာကျင်မှုကိုုသက်သာစေပါတယ်။


– ဂျင်း




ဂျင်းနဲ့ရေနွေးရောစပ်ထားတဲ့ ဂျင်းလက်ဖက်ရည်နွေးဟာလည်းအရိုးအဆစ်နာကျင်မှု၊ကိုယ်လက်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။ဂျင်းလက်ဖက်ရည်နွေးကို တစ်ပတ် သုံးကြိမ်သောက်သုံးပေးမယ်ဆိုရင် ကိုယ်ခံစွမ်းအားကိုလည်း ပိုပြီးကောင်းမွန်လာစေပါတယ်။


– နနွင်းမှုန့်




နနွင်းမှုန့်ကလည်း ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုတွေအတွက်အသုံးဝင်အကျိုးရှိတဲ့အိမ်တွင်းဆေးတစ်မျိုးပါ။လေ့လာချက်တွေအရ နနွင်းမှုန့်အနည်းငယ်နဲ့နွားနို့ကိုရောစပ်ပြီး သောက်သုံးပေးမယ်ဆိုရင် ကိုယ်လက်နာကျင်မှုတွေလျော့နည်းသက်သာသွားပါလိမ့်မယ်။တစ်ပတ်ကို တစ်ကြိမ်ဖြစ်စေ၊နှစ်ကြိမ်ဖြစ်စေသောက်သုံးပေးနိုင်ပါတယ်။


–အပူအအေးကပ်ပေး



ဒီနည်းလမ်းကတော့ရိုးရှင်းပါတယ်။အပူဖြစ်စေအအေးဖြစ်စေ နာကျင်နေတဲ့အရိုးအဆစ်နေရာတွေကို ဖြည်းဖြည်းချင်းဖိကပ်ပေးပါ။ဒီနည်းလမ်းက ကြွက်သားနာကျင်မှုတွေကို ပြေလျော့စေပြီးရောင်ရမ်းမှုတွေကိုလျော့ကျသွားစေပါတယ်။တစ်ချို့ကတော့အပူတစ်လှည့်အအေးတစ်လှည့်
ကပ်ပေးကြပြီး တစ်ချို့ကတော့တစ်မျိုးတည်းကိုသာကပ်ပေးလေ့ရှိပါတယ်။


#နနွင်းမှုန့်
#ဂျင်း
#အရိုးအဆစ်
#ပန်းသီး
#အအေး

Some text some message..