ချောကလက်စားတာများသွားရင် ဘာတွေဖြစ်လာမလဲ ? ?
shweinnlay.com
|
2019-08-30



အစားအစာတွေထဲ ချောကလက်က စွယ်စုံကောင်းတဲ့အစားအစာတစ်ခု ဖြစ်ပါတယ်။အထူးသဖြင့် Dark Chocolate က antioxidants ပိုကြွယ်ဝပြီး ကျန်းမာရေးအတွက် ကောင်းကျိုးပိုရှိပါတယ်။ ချောကလက်ကို ကျန်းမာရေးအရပင်ဖြစ်စေ စားပေးသင့်သော်လည်း စားသုံးမှုပမာဏ များသွားတဲ့အခါမှာတော့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

၁။ဝိတ်တက်လာခြင်း

ချောကလက်မှာ ကယ်လိုရီ မြင့်မားစွာပါဝင်ပြီး များများစားပါက ကိုယ်အလေးချိန် တက်လာစေပါတယ်။အဝလွန်တဲ့အိုဗာဝိတ်ဖြစ်နေသူများကတော့ နှလုံး၊ဆီးချို နှင့် သွေးတိုးခြင်း စသည်တို့ ဖြစ်လာနိုင်ပါတယ်။ သင်ဟာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းသူတစ်ယောက်ဆိုလျှင်တော့ လွန်စွာမစားမိဖို့ သတိပြုသင့်ပါတယ်။

၂။အချိုဓါတ်လွန်ကဲခြင်း

ချောကလက်မှာ သကြားပါဝင်မှုများပါတယ်။ သကြားနည်းတဲ့ ချောကလက်က ပိုပြီးခါးပါတယ်။အချိုဓါတ်များတဲ့ ချောကလက်က ခံတွင်းပြဿနာများဖြစ်တဲ့ သွားနှင့်သွားဖုံးကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ နောက်ပြီး ဆီးချိုလည်း တက်စေပါတယ်။အကယ်၍ သင့်မှာဆီးချိုရောဂါ ရှိတယ်ဆိုလျှင်တော့ ချောကလက်က သင့်ရဲ့ သွေးတွင်းသကြားဓါတ်ကို ပိုပြီး မြင့်တက်စေနိုင်တာကြောင့် သတိပြုဆင်ခြင်ရမယ့်အရာပဲ ဖြစ်ပါတယ်။

၃။အစာအိမ်နှင့်အူလမ်းကြောင်းတွင်အဆင်မပြေမှုများဖြစ်လာနိုင်ခြင်း

ချောကလက်တွင် ကဖင်းဓါတ်ပါဝင်ပြီးအဲ့ဒိဓါတ်ဟာအက်ဆစ်သဘာဝအချဉ်ဖောက်စေပါတယ်။ ကဖင်းဟာအူသိမ်အူမအူလမ်းကြောင်းများကိုအားကြွစေခြင်းကြောင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါများ (သို့) ဝမ်းပျက်ခြင်းများကို ဖြစ်စေနိုင်ပါတယ်။ ဒါဟာ ချောကလက်ကိုအလွန်အကျွံမစားသင့်တဲ့အကြောင်းပြချက် နောက်ထပ်တစ်ခုပါပဲ။

၄။ပိုတက်ဆီယမ်လွန်ကဲခြင်း

ချောကလက်မှာ ပိုတက်စီယမ်ဓါတ်လည်း ပေါကြွယ်ဝပြီး ဒါဟာ လူအများစုအတွက်တော့ ပြဿနာတစ်ရပ် မဟုတ်ပါဘူး။ သို့သော် ကျောက်ကပ်မကောင်းသူ၊ ကျောက်ကပ်ဆိုင်ရာ ရောဂါဝေဒနာရှိသူများအတွက်တော့ ဒီလို ပိုတက်ဆီယမ်မြင့်မားတဲ့အစားအစာ စားသုံးခြင်းကို သတိထားစောင့်ကြည့်ရမယ့်အနေအထားတစ်ခု ဖြစ်ပါတယ်။ ကျောက်ကပ်မကောင်းတဲ့သူအတွက် ချောကလက်က စားသင့်တဲ့အစားအစာတစ်ခု မဟုတ်ပါဘူး။

CHAN (ရွှေအင်းလေး)


#ချောကလက်
#ဓါတ်
#ကျောက်ကပ်
#အူ
#အစားအစာ

Some text some message..