အမျိုးသားရောအမျိုးသမီးပါ ကျန်းမာအားကောင်းတဲ့ သုတ်ပိုးများ ပိုင်ဆိုင်ဖို့ကလည်းအလွန်အရေးကြီးပါတယ်။ ဒီအတွက်အစားအသောက်အနေအထိုင်မှန်ဖို့ကအလွန်ကိုအရေးကြီးပါတယ်။အခုဖော်ပြပေးထားတဲ့အစားအသောက်တွေကတော့ သုတ်ပိုးအားကောင်းစေနိုင်တဲ့အစားအစာတွေဖြစ်လို့ ဂရုစိုက် စားသုံးသင့်ပါတယ်။
၁။ Dark Chocolate
Dark Chocolate မှာပါဝင်တဲ့အမိုင်နိုအက်ဆစ်နှင့်အခြားဓါတ်များက သုတ်ပိုးအရေအတွက်ကို များပြားကာအားကောင်းစေပါတယ်။ ဒါ့အပြင် ချစ်တင်းနှောတဲ့အခါမှာ orgasms ရရှိမှုကိုလည်း တိုးတက်စေပါတယ်။ သို့သော်အလွန်အကျွံစားသုံးခြင်းက ဝိတ်တက်ခြင်းနှင့်အခြားဆိုးကျိုးများကို ဖြစ်စေနိုင်ပါတယ် ။ ပုံမှန်အနေတော် စားသုံးခြင်းကအကောင်းဆုံးပါပဲ။
၂။ကမာ၊ မုတ်ကောင်
Zinc ဓါတ်က သုတ်ပိုးထွက်မှုနှင့် ခန္ဓာကိုယ်ရဲ့ testosterone level ကို တိုးတက်ကောင်းမွန်စေပါတယ်။ ကမာ၊ မုတ်ကောင်များဟာ Zinc ဓါတ်အလွန်ပေါကြွယ်ဝတာကြောင့် သုတ်ပိုးအားကောင်းဖို့အစားသင့်ဆုံးအစားအစာထဲမှာ ပါပါတယ်။ testosterone level ကို မြင့်တင်ပေးတာကြောင့်လည်း ချစ်တင်းနှောရာမှာ လိုအပ်တဲ့ လိင်စိတ်ကိုတက်စေပါတယ်။ ကလေးရရှိနိုင်ဖို့အတွက်ည်းအခွင့်အလမ်းများတယ်လို့ ဆိုကြပါတယ်။
၃။ ဥ
ကြက်ဥ၊ ဘဲဥမှာပါဝင်တဲ့ ဗီတာမင်အီးဟာ ကျန်းမာအားကောင်းတဲ့ သုတ်ပိုးထုတ်လွှတ်မှုကို စွမ်းဆောင်ပေးပါတယ်။ ဒါ့အပြင် ကျန်းမာတဲ့သုတ်ပိုးကိုအန္တရာယ်ဖြစ်စေနိုင်တဲ့အနေအထားများမှလည်း ကာကွယ်မှုပေးပါတယ်။
၄။ ငှက်ပျောသီး
ငှက်ပျောသီးမှာပါဝင်တဲ့ Bromelain လို့ခေါ်ဝေါ်တဲ့အင်ဇိုင်းဟာအမျိုးသားများအတွက် ကာမဂရာဂစိတ်ကို တိုးမြင့်စေပါတယ်တဲ့။ ဒါ့အပြင် ဗီတာမင်ဘီကြွယ်ဝလို့ သက်လုံအားကောင်းစေလို့ လိင်ဆက်ဆံရာမှာအားအင်ပြည့်ဖြိုးနေစေပါတယ်။
၅။ ဖရုံစေ့
ဖရုံစေ့စားသုံးခြင်းက testosterone ထုတ်လွှတ်ခြင်းကို တိုးတက်စေပြီးအရေအတွက်များကာအရည်အသွေး ကောင်းမွန်တဲ့ သုတ်ပိုးများကို ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရလိုတဲ့ ဇနီးမောင်နှံများ စားသုံးပေးသင့်ကြောင်းလည်း မကြာခဏ တိုက်တွန်းလေ့ ရှိပါတယ်။
၆။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ ကျန်းမာရေးကိစ္စအဝဝအတွက် မပါမဖြစ်အထိရောက်ဆုံးအရာတစ်ခုပါပဲ။ သို့သော် လူတော်တော်များများ မသိတာက ကြက်သွန်ဖြူဟာ သုတ်ပိုးအားကောင်းဖို့အထောက်အကူအများကြီး ပြုပေးတယ် ဆိုတာပါပဲ။ ကြက်သွန်ဖြူမှာပါဝင်တဲ့ allicin လို့ခေါ်တဲ့ compound ဟာအမျိုးသားအင်္ဂါသို့ သွေးလည်ပတ်မှု ကောင်းစေပြီး သုတ်ပိုးထုတ်လွှတ်မှုအရေအတွက်ကိုလည်းအားကောင်းစေပါတယ်။
၇။ မုန်လာဥနီ
မုန်လာဥနီမှာလည်းအာဟာရဓါတ်များစွာပါဝင်ပြီးအဓိကအားဖြင့် ဗီတာမင်အေက သုတ်ပိုးထုတ်လွှတ်မှု တိုးတက်စေပါတယ်။ ဗီတာမင်အေ ကို မုန်လာဥနီ မှ ရရှိနိင်သလို Oatmeal (အုပ်ဂျုံ)၊ မက်မွန်သီးခြောက် နှင့်အနီရောင် ငရုတ်ပွသီးတို့မှလည်း စားသုံးရရှိနိုင်ပါတယ်။
CHAN (ရွှေအင်းလေး)