ဖုန်းသုံးပြီး မနက်မျက်ကွင်းညိုခြင်းကင်းစေရန်
weddingguide.com.mm
|
2019-09-03

ညဘက် phone သုံးတာများပြီး မနက်မျက်ကွင်းညိုမှာမစိုးရိမ်နဲ့တော့......

ယနေ့ခေတ်မိန်းကလေးများဟာ Android ဖုန်းတွေ၊ ကွန်ပျူတာမျက်နှာပြင်တွေ၊


LED မီးတွေ ကြည့်ရတာကြောင့် မျက်ကွင်းညိုမှုဖြစ်တတ်တဲ့ ဒုက္ခကနေ ကင်းဝေလိုကြပါတယ်။


သင်ရော မျက်ကွင်းညိုတဲ့မိန်းကလေးဖြစ်နေလို့ စိုးရိမ်သောကရောက်နေပါသလား။ မပူပါနဲ့။


တစ်ခဏအတွင်းမှာ မျက်ကွင်းညိုတာပျောက်အောင် သဘာဝနည်းလမ်းဖြင့် ပြုလုပ်နိုင်တဲ့


ဆေးစွမ်းကောင်းတလက်ကို သိရှိနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။


၁။ပထမနည်းကတော့အာလူးနဲ့ရှောက်သီးကရတဲ့ သဘာဝဆေးနည်းလေးပါ။


အရင်ဆုံးအာလူးကိုအခွံနွှာပါ။အာလူးအစအနတွေဖြစ်အောင် ခြစ်ပြီးအရည်ညှစ်ပါ။ လက်ဖက်ခြောက်စစ်တဲ့ဇကာနဲ့


တိုက်ပြီး ပန်းကန်လုံးငယ်ထဲ ထည့်ပါ။ ဇကာထဲကအာလူးအစအနများကို ဇွန်းနဲ့ချေပေးခြင်းဖြင့်အရည်ပိုထွက်လာပါလိမ့်မယ်။


အဲဒီနောက် ရှောက်သီးကို ထက်ခြမ်းခြမ်းပြီးအာလူးရည်ပေါ် ညှစ်ချပြီးအာလူးရည်နဲ့ရှောက်ရည် သမအောင် မွှေပေးပါ။


ရှောက်သီးမှာ ဗီတာမင် စီ ဓာတ် ပါဝင်တဲ့အတွက်အရေပြားပေါ်ကအမည်းကွက်ဖြစ်စေခြင်းကိုအထူး ကာကွယ်ပေးပါတယ်။


အဲဒါပြီးရင် ဂွမ်းလေးနဲ့အာလူး-ရှောက် ရောမွှေထားတဲ့အရည်ကို ယူပြီး သင့်မျက်လုံးပတ်ပတ်လည်ကို ၁၅ မိနစ် ကြာအောင်


နှံ့စပ်အောင်အသာဖိကပ်လိမ်းပေးပါ။၁၅ မိနစ်ကြာ ထားပြီးရင် ရေကြက်သီးနွေးနဲ့ ဆေးကြောသန့်စင်လိုက်ပါ။


နေ့တိုင်းတကြိမ်လိမ်းပေးကာ တပတ်ကြာအောင် ပြုလုပ်ပေးရင် ထူးခြားတဲ့ရလဒ်ကို ခံစားရမှာဖြစ်ပါတယ်။

<<<
၂။ ဒုတိယနည်းလမ်းကတော့


ဒီဆေးနည်းဟာအာလူးရဲ့ဗီတာမင်ဘီဓာတ်၊ သတ္တုဓာတ်၊ ပိုတက်စီယံ၊ မဂ္ဂနီစီယံ၊ ဖော့စပရက်၊ သွပ်ဓာတ်နဲ့


သံဓာတ်တို့ ကြွယ်ဝစွာပါဝင်မှုကြောင့် တကယ့်ကို ထိရောက်မှုရှိပါတယ်။


ဒါ့အပြင် သခွားသီးကိုလည်း ထည့်သုံးထားတာကြောင့် မျက်ကွင်းညိုမှုကိုအကောင်းဆုံးကုစားပေးနိုင်ပါတယ်။


အရေပြားဆဲလ်ပျက်စီးခြင်း၊ ချွေးပေါက်ကျယ်ခြင်း၊ နေလောင်ခြင်းတို့ပါ သက်သာစေပြီးအရေပြားကို ပြန်လည်စိုပြေလာစေပါတယ်။


ဒုတိယနည်းလမ်းအတွက် လိုအပ်တဲ့ ပစ္စည်းများကတော့အာလူး၊ သခွားသီး၊ ရှောက်သီးနဲ့ နှင်းဆီပွင့်ဖတ်ရည် တို့ပဲ ဖြစ်ပါတယ်။


ပထမဆုံးအာလူးကိုအခွံနွှာပြီး ခြစ်ချပါ။ လက်ဖက်ခြောက်စစ်တဲ့ဇကာနဲ့အာလူးအစအနလေးတွေကို ဇွန်းနဲ့ဖိပြီး ပန်းကန်လုံးထဲအရည်ညှစ်ပါ။


ပြီးရင် သခွားသီးကိုအခွံနွှာပါ။အာလူးလိုပဲ သခွားကို ခြစ်ချပြီး ဇကာထဲထည့်ကာ ဇွန်းနဲ့ဖိပြီး ပန်းကန်လုံးထဲအရည်ညှစ်ချပါ။


အာလူးရည်နဲ့ သခွားရည်ကို ရောပါ။ရှောက်သီးထက်ခြမ်းခွဲပြီးအာလူး-သခွား ရောထားတဲ့အရည်ထဲ ညှစ်ချပါ။


ပြီးရင်အဲဒီရောစပ်အရည်ထဲကို နှင်းဆီပွင့်ဖတ်ရည်ကို လက်ဖက်ရည်ဇွန်း တဇွန်းစာ လောင်းထည့်ပါ။


အရည်အားလုံး ရောပြီး မွှေပါ။အဲဒီအရည်ကို ဂွမ်းလုံးနဲ့ယူပြီး မျက်လုံးတဝိုက် ဖိကပ်လိမ်းပေးပါ။


အဲဒီလိုရောစပ်ဖျော်ထားတဲ့အရည်ကိုအသုံးပြုပြီး မျက်ကွင်းညိုခြင်းနဲ့အရေပြားပျက်စီးခြင်းကို ကုသနိုင်ပါပြီ။


အရေပြားပေါ်မှာ ဒီအရည်ကို နာရီဝက်ထားပြီး ရေကြက်သီးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။


အဓိက မှတ်သားစေချင်တာကတော့ Android ဖုန်းတွေကို ညဘက်သုံးတာများရင် မျက်ကွင်းညိုစေနိုင်ပါတယ်။


Android ဖုန်းကြောင့် မျက်ကွင်းညိုရင် လေဆာရောင်ခြည်ထိုးပြီး ကုသရင်တောင် ပျောက်ဖို့ခက်ခဲပါတယ်။


ဒါကြောင့် Android ဖုန်းနဲ့ တီဗီကို မှောင်တဲ့အခန်းထဲ မကြည့်သင့်ပါဘူး။ ဒါကြောင့် သင့်မျက်စိကျန်းမာရေးကို


ဂရုစိုက်ခြင်း၊အိပ်ရေး၀၀အိပ်စက်ခြင်းတို့နဲ့ မျက်ကွင်းညိုခြင်းကို ကာကွယ်နိုင်ပါတယ်။


(ကောင်းမွန်စွာဂရုစိုက်ခြင်းဖြင့် ကျန်းမာလှပသောမျက်လုံးလေးများ ပိုင်ဆိုင်ကြပါစေ)


Source: Health Product

Myanmar Wedding Guide

#အာလူး
#ရှောက်သီး
#အရေပြား
#အစအန
#ပန်းကန်လုံး

Some text some message..