သင့်လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို ဒီအရာကဖျက်ဆီးနိုင်ပါတယ်
hellosayarwon.com
|
2019-09-03

HPV ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း - ငယ်သောအမျိုးသားနှင့်အမျိုးသမီးများတွင်အဖြစ်အများဆုံးသော ကျန်းမာရေးပြဿနာတစ်ခု
HPV ( သို့မဟုတ် ) Human Papilloma Virus သည် အဖြစ်အများဆုံး 

လိင်ဆက်ဆံခြင် းမှ တဆင့် ကူးစက်  သော   ဗိုင်းရပ်စ် ရောဂါတစ်မျိုးဖြစ်သည်။      ရောဂါကူးစက်ခံရသောသူများသည် လိင်အဂါၤတဝိုက်တွင် ကြွက်နို့များပေါက်ခြင်း နှင့် သေစေနိုင်လောက်သည် အထိပြင်းထန်သော ကင်ဆာများဖြစ်သည့်  လိင်တံကင်ဆာ ၊ 

သားအိမ်ခေါင်းကင်ဆာ ၊ မိန်းမကိုယ်လမ်းကြောင်းကင်ဆာ၊ မိန်းမကိုယ်နှုတ်ခမ်းသားကင်ဆာ ၊ စအိုကင်ဆာ၊ 

လည်ချောင်း ကင်ဆာ ၊ လျှာကင်ဆာနှင့်အာသီးကင်ဆာများဖြစ်နိုင်သည်။  ကင်ဆာများမဖြစ်နိုင်လျှင်တောင် ပေါက်နေသော ကြွက်နို့များသည် သင့်၏ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်နိုင်စွမ်း ယုံကြည်ချက်ရှိမှု ကို ထိခိုက်စေပါသည်။ ကြွက်နို့များသည် လိင်အဂါၤပတ်လည်တဝိုက် နှင့်  စအို တစ်ဝိုက်တွင် မနာသော အဖုလေးများအဖြစ်ပေါက်တတ်သည်  ။ အရွယ်အစားနှင့် ပုံစံများကွဲပြားနိုင်ပါသည်။ တစ်ချို့သော ကြွက်နို့များသည် ပန်းဂေါ်ဖီကဲ့သို့ အဖြူဖတ်များ အထပ်လိုက်ပုံစံမျိုးနှင့်  ရှိနေတတ်ပါသည်။  

ကြွက်နို့များ သည် သင့်ကျန်းမာရေးကို ပြင်းပြင်းထန်ထန်ဒုက္ခမပေးနိုင်သော်လည်း  ုသင်၏ စိတ်ပိုင်းဆိုင်ရာကို တော့ ထိခိုက်နိုင်ပါသည်။

HPV သည် သင်၏ လိင်ပိုင်းဆိုင်ရာ ယုံကြည်မှုကို ဘယ်လိုထိခိုက်နိုင်စေသနည်း။
၁ ။ ကြွက်နို့များ လူ့အသိုင်းအဝိုင်းရဲ့ လက်ခံမှုအရ လိင်အဂါၤတစ်ဝိုက်တွ င် ကြွက်နို့များပေါက်နေလျှင်  သင့်ကိုယ်သင် မသန့်ရှင်းဘူး ဟု ခံစားရပါလိမ့်မယ်။ တချို့လူများက  သင်သည် ကာမကိစ္စလိုက်စားသဖြင်  ့ ကြွက်နို့ပေါက်ရခြင်းဖြစ်သည်ဟု ယူဆထားကြသည် ။မည်သို ့  ပင်ဖြစ်စေကာမူ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကိုသွားပြောနေ၍  မရပေ။ ချီးမွမ်း ၇ရက် ကဲ့ရဲ့ ၇ရက် မဟုတ်လား။  ဤသို့ အပြောခံရမည်မှာ ထုံးစံပင် ဖြစ်သောကြောင့်   ကြိုတင်ပြင်ဆင်ထားသင့်သည် ။အကယ်၍သင့်တွင် လက်တွဲဖော်ရှိပြီးသားဖြစ်လျှ င်  သင့်၏ ကိုယ်ကျင့်တရားသ ည် သူတိို့အတွက်မေးခွန်းထုတ်စရာ ဖြစ်နေလိမ့်မည်။  သူတို့အား သင်ကလှည့်စားသည်ဟုပင် သံသယဝင်နေနိုင်သည်။ သင့်တွင်   သာမက သင့်လက်တွဲဖော်တွင်ပါ HIV( 

ခုခံအားကျဆင်းမှုကူးစက်ရောဂါ ) ရှိနေလျှင် သင်သာအပြစ်တင်ခံရမည်မှာ  မုချဖြစ်သည်။ သင်တို့၏ အိမ်ထောင်ရေးလည်း ပြိုကွဲသွားလိမ့်မည်။ တစ်ကိုယ်တည်းသမားဖြစ်နေလျှင်တော့ လိင်အဂါၤ မှ ကြွ က်နို့များသည် သင့်အား တစ်ကိုယ်တည်းဘဝမှ ကျွတ်ရန် ပိတ်ပင်နေလိမ့်မည်။ သင်ကိုယ်တိုင်လည်း

ကိုယ့်ခန္ဓာ အား ရွံရှာနေလိမ့်မည်။ လူတော်တော်များများက ကြွက်နို့ပေါက်သည်ဟု သတိထားမိပြီးတာနဲ့ သူတို့ကိုယ်သူတို့တောင် မကြည့်ချင်တော့ဟု ပြောကြသည်။ သင်အပြင်ထွက်တာ နှင့်  သင့်စိတ်ထဲတွင် စတင်စဉ်းစားသည်က “ငါ့မှာ ကြွက်နို့ရှိတာ သူတို့တွေသိနေလား”  “သိသွားရင် သူတို့ရွံကြမှာလား” “လက်ကော လက်ခံနိုင်ပါ့မလား ” ဆိုသည့်အတွေးဖြစ်သည်။  မည်သို့ပင် ဖြစ်စေကာမူ ကုမရသော လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါရှိသူကို ချစ်သူတော်ရမည်မှာ ခက်ခဲသောအရာပင်ဖြစ်သ ည်။  ကြွက်နို့များအား အချိန်အတော်ကြာ ကုယူရမည်။ ကုသတိုင်း ပျောက်ချင်မှလည်း ပျောက်နိုင်သည်။ ထိုအခါ မိမိကိုယ်ကို အထင်အမြင်သေးမှုနှင့် ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်သည့် ယုံကြည်မှုများ  တဖြည်းဖြည်း မှေးမှိန်လာပြီး  

စိတ်ကျရောဂါ များ စတင်ဝင်ရောက်လာပါတော့သည်။ ၂ ။

ကင်ဆာေ ရာဂါဖြစ်နေလျှင် လိင်စိတ်တက်ကြွမှု နှှင့် ကင်ဆာကြားတွင် ဆက်သွယ်မှုတော့  သိပ်မရှိပေ။ မျိူးပွား အင်္ဂါများတွင်  ကင်ဆာဖြစ်နေလျှင်တော့  သင့်ကိုယ်သင် သိမ်ငယ်နေမှုသည် သင့်အတွက် ထိုးနှက်ချက်တစ်ခု ပင်ဖြစ်သည်။ ကင်ဆာမှရသော နာကျင်မှုအပြင် သိမ်ငယ်မှုများလည်း ရနိုင်ပါသည်။ သင့် ၏လွတ်လပ်မှုများဆုံးရှုံးသွားပြီး သင်လုပ်နေကျ အလုပ်များတွင်လည်း  မပျော်မွေ့တော့ပေ။ သင်စတင် ပင်ပန်းလာပြီး အရင်က လုပ်နေကျအလုပ်များပင် သင့်အတွက်စတင် ခက်ခဲလာသည်။ သင်၏ အနာဂါတ် အစီအစဉ်များကိုလည်း ရပ်ထားလိုက်ရပြီး သင့်ဘဝကို သင်စိတ်တိုင်းကျ ဆေးခြယ်၍ မရတော့ဘူးဆိုသည့် အတွေးများစတင်  ဝင်ရောက်လာသည်။  ဤသို့ဖြင့် သင်ဟာဘယ်သူဖြစ်တယ်  သင်ဘာဖြစ်ချင်တယ် သင်လုပ်နိုင်တယ်ဆိုသည့် ယုံကြည်ချက်များ လျော့ကျလာသည်။ ထို့ကြောင့်  သိမ်ငယ်စိတ်မဝင်ဖို့နှင့်စိတ်ဓာတ်ခိုင်မာဖို့ ယုံကြည်မှုများသည် သင့်၏  ဆန့်ကျင်ဘက်လိင်ဆွဲဆောင်မှုနှင့် လိင်ကိစ္စများတွင်  အဓိကျသော အပိုင်းများဖြစ်လာသည်။

သင့်ရဲ့ လိင်ပိုင်းဆိုင်ရာစွဲဆောင်မှုကို HPV ကာကွယ်ဆေးနှင့် ကာကွယ်ထားလိုက်ပါ။
လူအများစုသည် ဆေးထိုးခံရမည်ကို မကြောက်ကြပေ။  ဤသို့ဖြင့် သူတို့တွင် HPV ကာကွယ်ဆေးထိုးပြီးကြပြီး ကြွက်နို့များနှင့် ကင်ဆာများအား ကာကွယ်ပြီးသားဖြစ်နေတတ်သည် ။ သင်ရောဘယ်လိုလဲ။  သင်နှင့် သင်ချစ်ရသောသူကို ပါ ရောဂါဖြစ်မှုမှ  ကာကွယ်မည်ဆိုလျှင် သင်  ကာကွယ်ဆေးထိုးမည်လား။ ကာကွယ်ဆေးမထိုးဘဲ ကြွက်နို့များမရချင်ဘူးဆိုလျှ င် အကောင်းဆုံးမှာ လိင်မဆက်ဆံဘဲနေဖို့ဖြစ်သည်.။ သင်   ၁၀၀% လိင်မဆက်ဆံဘူးတာသေချာနေလျှင် ကာကွယ်ဆေးထိုးခြင်းကို ဆန့်ကျင်နိုင်ပါသည်။ HPV ကာကွယ်ဆေးထိုးခြင်းဖြ င့်  ကြွက်နို့များလိင်အင်္ဂါတွင်  ပေါက်ခြင်းနှင့် ကင်ဆာများကိုဖြစ်စေတတ်သည့် HPV ဗိုင်းရပ်စ်ပိုးများအားကာကွယ်ပြီးဖြစ်သည် ။ ဗိုင်းရပ်စ်ပိုးနှင့် တစ်ခါမှ မထိတွေ့ဖူးလျှင် (သို့မဟုတ်)  လိင်တစ်ခါမှ  မဆက်ဆံဖူးသေးသည့် အချိန်တွင် ကာကွယ်ဆေးထိုးလျှင် ဆေးအာနိသင် အကောင်းဆုံးကိုရနိုင်သည်။ သင်လူပျိုဖော်၊ အပျိုဖော်ဝင်သည့်အရွယ်ရောက်သည့်အခါတွင်လည်း ဆေးအာနိသင်ရှိနေတုန်းဖြစ်သည်။ ကာကွယ်ဆေး၏ သက်ရောက်မှုကို အပြည့်အဝရရှိမည်ဖြစ်သည်။ သင် အသက် ၄၅ နှစ်အောက်  ဖြစ်နေသရွေ့ ကာကွယ်ဆေးထိုးရန်နောက်မကျသေးပေ။  ကာကွယ်ဆေးသည်  သင့်အား ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည့်အပြင် ပြင်းထန်သော ဆိုးကျိုးများလည်း မပေးနိုင်သည့်အတွက် ယခုပဲ ကာကွယ်ဆေးထိုးလိုက်ပါ။

Hello Health Group  သည်ဆေးပညာဆိုင်ရာ  အကြံပြုချက်များ  ရောဂါရှာဖွေမှုများ ၊ ကုသမှုများအား မပြုလုပ်ပါ။ ယခုဆောင်းပါးကို လင်းရောင်ခြည်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ရောဂါရှာဖွေရေးစင်တာမှ စစ်ဆေးအတည်ပြုထောက်ခံပေးထားခြင်းဖြစ်ပါသည်။


#ကြွက်နို့
#ကင်ဆာ
#ကာကွယ်ဆေး
#ဗိုင်းရပ်စ်ပိုး
#ရောဂါ

Some text some message..