အရက်ဖြတ်ခြင်းနှင့်အရက်ဖြတ်ဆေး
healthcare.com.mm
|
2019-09-05


အရက်ဖြတ်သင့်သူများအရက်သောက်သူတိုင်းအရက်ဖြတ်ဖို့လိုသည် မဟုတ်ပါ။ လူမှုရေးအရ၊ တစ်ခါတစ်ရံအပျင်းပြေအဖြစ်၎င်းအရက်သောက်သူများကိုအတင်းအကြပ် မတိုက်တွန်းသင့်ပါ။အရက်အလွန်အကျွံ သောက်သူများ၊အရက်စွဲနေသူများနှင့်အရက်ကြောင့် လူမှုရေး စီးပွားရေး ကျန်းမာရေး ပြဿနာတစ်မျိုးမျိုး တက်နေသူများသည်အရက်ဖြတ်သင့်သူများ ဖြစ်ကြ၏။အရက်ကို တစ်သက်လုံးအပြီးဖြတ်ရမှာလား၊ ထိန်းထိန်းသိမ်းသိမ်း လျှော့သောက်လို့ မရဘူးလားဟုအမေရှိခဲ့သော်၊အရက်စွဲ၍ ပြဿနာတစ်မျိုးမျိုး ကြုံတွေ့နေရသူများအနေဖြင့် လုံးဝပြန်မသောက်သင့်ပါ။အပြီးဖြတ်သင့်ပါသည်။အရက်ကို မစွဲသေးဘဲ တစ်ခါတစ်ရံ များများစားစား သောက်တတ်သူများအတွက်မူ လျှော့သောက်သည့်နည်းကို စမ်းကြည့်လိုက စမ်းကြည့်နိုင်ပါသည်။ စမ်းကြည့်၍ မထိန်းနိုင်လျှင်အပြီးဖြတ်ရပါမည်။အပြင်လူနာအဖြစ်ကုသခြင်းဆရာဝန် (သို့) တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးဦးက စမ်းသပ်စစ်ဆေး၍ ဆိုးဆိုးဝါးဝါး ကျန်းမာရေးပြဿနာ မတွေ့ခဲ့လျှင်အပြင်လူနာအဖြစ်အရက်ဖြတ်နိုင်ပါသည်။ သို့ရာတွင် ကာယကံရှင် လူနာ၏အရက်ဖြတ်လိုသော စိတ်ဆန္ဒရှိဖို့ လိုအပ်သကဲ့သို့၊ လူနာအိမ်ရှင်တို့၏ စောင့်ကြပ်ထိန်းမတ် ပေးနိုင်ဖို့လည်း လိုက်နာရန်လည်းအရေးကြီးပါသည်။အတွင်းလူနာအဖြစ်ကုသခြင်းအတွင်းလူနာအဖြစ် ဆေးရုံတက်ကုသရန် လိုအပ်သောသူများမှုာအရက်ဖြတ်လိုစိတ် လုံးဝမရှိသူများ၊ မိသားစုမှအတင်းအကြပ် ဆေးရုံခေါ်ခဲ့ရသူများ၊အိမ်၌ လုံးဝမရှိသူများ၊အပြင်မှာ ကုသမရခဲ့သူများနှင့်အသည်းရောင်ခြင်း၊ ဖောသွပ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စိတ်ဖောက်ခြင်း၊ စိတ်ကျခြင်းစသည့် ဆိုးဆိုးဝါးဝါး ကျန်းမာရေးပြဿနာရှိနေသူများပင်အရေးကြီးပါသည်။ ဆေးရုံဆိုရာ၌အစိုးရဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ၊အထွေထွေရောဂါဆေးရုံ၊အထူးကုဆေးရုံ မည်သည့်ဆေးရုံတွင်မဆို ကုသပေးနိုင်ပါသည်။ ရံဖန်ရံခါ ဖျားနာအထူးကုသမားတော်နှင့် စိတ်ရောဂါအထူးကုဆရာဝန်တို့ ပူးပေါင်းကုသပေးရသောအခြေအနေများ တွေ့ကြုံရတတ်၍ ဖြစ်ပါသည်။အခြေခံကုထုံးအရက်ဖြတ်သည်ဟု မြန်မာစကားအရအလွယ်တကူ ပြောနေကြသော်လည်း ကုထုံးအဆင့်ဆင့် ရှိပါသည်။ ပထမအဆင့် ကုထုံးမှာ DETOXIFICATION ခေါ်အရက်၏အဆိပ်အတောက်များကို ဖယ်ရှားပစ်ခြင်း ဖြစ်ပေသည်။ ဤအဆင့်တွင်အဓိကအသုံးပြုသော ဆေးဝါးများမှာ စိတ်ငြိမ်ဆေး၊ ဗီတာမင်အားဆေး၊ ဂလူးကို့စ်ဆေးနှင့်အချို့အရက်စွဲလူနာများသည်အရက်ဖြတ်၍ ၄၈ နာရီအတွင်း တက်တတ်သဖြင့်အတက်ရောဂါကာကွယ်ဆေးတို့ဖြစ်ပါသည်။ လက်တွေ့အသုံးပြုနိုင်သော စိတ်ငြိမ်ဆေးမှာ ဒီဇက်ဟုဆေးလောကတွင် ခေါ်နေသော DIAZEPAM ဖြစ်၏။ သာမန်အားဖြင့် တစ်နေ့လျှင် သောက်ဆေး ၄ဝ မှ ၆ဝ မီလီဂရမ်အတွင်း ပေးနိုင်သည်။ သုံးကြိမ် ခွဲပေးသင့်ပြီး ညအိပ်ချိန်တွင် ပိုပေးသင့်၏။အရက်ကြောင့် ကြောင်နေလျှင် (သို့) ကယောင်ကတမ်းဖြစ်နေလျှင် မည်သည့်အချိန်မဆို ၁ဝ မီလီဂရမ်အကြောဆေးကိုအပိုဆောင်ပေးနိုင် ပါသည်။ လူနာကောင်းစွာအိပ်စက်ငြိမ်သက်လျှင် ၂ ရက် တစ်ခါ ၁ဝ မီလီဂရမ်နှုန်းဆေးလျှော့သင့်ပါသည်။ ညဆေးကို နောက်ဆုံး ချန်ထားသင့်သည်။ တစ်ပတ် ၁ဝ ရက်အတွင်းဆေးပတ်လည်သွားပေမည်။ စီပီဇက်ခေါ် CHLORPROMAZINE ဆေးကိုအလွယ်တကူ မသုံးသင့်ပါ။ ဤဆေးကြောင့် သွေးပေါင်ကျခြင်း၊အသည်းထိခိုက်တတ်ခြင်းနှင့်အတက်ရောဂါလက္ခဏာ ပိုမိုရစေခြင်းတို့ ဖြစ်နိုင်ပါသည်။ လူနာ၌ စိတ်ဖောက်ပြန်သောလက္ခဏာများ သိသိသာသာ တွေ့ရလျှင် (သို့) ထိန်းရသိမ်းရခက်လှသည့်အခြေအနေဖြစ်နေလျှင်မူ ရံဖန်ရံခါအရေးပေါ်အဖြစ် သုံးနိုင်ပါသည်။အရက်ကြိုက်သူများသည်အစားကောင်းကောင်း မစားတတ်ကြပါ။အစာအာဟာရ ဓာတ်ချို့တဲ့နေတတ်ကြ၏။ ချို့ယွင်းချက်သည်အရက်ဖြတ်သည့်အခါ ပြဿနာပေးတတ်ပါသည်။ ထို့ကြောင့်ရေဓာတ်၊ သတ္တုဓာတ်၊ ဂလူ့ကို့စ်ဓာတ်များကို လိုအပ်သလို ပေးရပါသည်။ ထို့ပြင် သက်စောင့် ဗီတာမင်ဓာတ်များသည်လည်း ဤလူနာများအတွက်အလွန်အရေးကြီး၏။ ဗီတာမင်ဘီအုပ်စုများ ပါဝင်သောအားဆေးများ ဥပမာ I.V BURPLEX BURPLEX FORTE,TRANSVIT, PRINCI-B-FORTE စသည်တို့ိကို ထိုးဆေး၊ သောက်ဆေး လိုအပ်သလို ပေးသင့်ပါသည်။ ဤကုထုံးတွင် ဒီဇက်ဆေး သုံးသဖြင့်အတက်ရောဂါ ကာကွယ်ဆေး သီးခြားပေးရန် မလိုပါ။အရက်ကြောင့်ဖြစ်သောအခြား ခန္ဓာကိုယ်ရောဂါများ ယှဉ်တွဲနေလျှင်မူ သက်ဆိုင်ရာ ဆေးများကို တစ်ပေါင်းတည်း ပေးရန်လို၏။ ထို့အတူအရက်ကြောင့်ဖြစ်သော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိနေလျှင်လည်း လိုအပ်သည့် ဆေးဝါးများကို ပေးရသည်။ ထိုသို့အရက်၏အဆိပ်အတောက်များကို သုတ်သင်ပြီးသည့်နောက်၊ စိတ်ပိုင်းဆိုင်ရာ လိုသေး၏။ မိသားစုကုထုံး စသည့် ကုထုံးအဆင့်ဆင့်ကို ဆက်လက်လုပ်ဆောင်ရန် လိုသေး၏။ ဤကုထုံးများကိုအထူးက ဆေးရုံများ၌ စနစ်တကျ ဆောင်ရွက်ပေးနေပါသည်။ Credit : ဒေါက်တာဟန်စိန် သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။   


#အရက်
#ဆေးရုံ
#လူနာ
#မီလီဂရမ်
#အပြင်လူနာ

Some text some message..