
ဆီးသီး
လတ်ဆတ်တဲ့ ဆီးသီး၊အခြောက်ခံထားတဲ့ ဆီးသီး။ ဒါက ဝမ်းချုပ်ခြင်းကိုဖြေရှင်ဖို့အသုံးပြုခဲ့ကြတဲ့ ရှေးအကျဆုံးဆေးဝါး တစ်မျိုးလို့တောင် ဆိုနိုင်ပါတယ်။ ဆီးသီးမှာ မပျော်ဝင်အမျှင်ဓာတ်(Insoluble Fibre) ပါဝင်တဲ့အပြင် ဝမ်းနှုတ်ဆေးကဲ့သို့ ဂုဏ်သတ္တိရှိတဲ့ Sorbitol နဲ့ Dihydropheny-lisatin ကဲ့သို့သော ဓာတ်ပစ္စည်းတွေ ပါဝင်တာကြောင့်အစာချေစနစ်ပုံမှန်အလုပ်လုပ်နိုင်အောင် ကူညီ ပေးနိုင်ပါတယ်။ ဒါကြောင့် လတ်ဆတ်တဲ့ ဆီးသီးအလွယ်တကူ မရနိုင်ရင်တောင် ဖြည့်စွက်အရသာတွေမပါတဲ့ ဆီးသီးခြောက်ကို ဝမ်းချုပ်တဲ့အခါတိုင်းဆေးဝါးတစ်မျိုးလိုအသုံးပြုနိုင်ပါတယ်။
အဆီ
ဆီကလည်း သင့်ရဲ့အူတွေအတွင်းမှာ ချောဆီသဘော ဂုဏ်သတ္တိဆောင်ပါတယ်။အူအတွင်းကအညစ်အကြေးတွေကို ရှောရှောရှူရှူ ရွေ့လျားစေနိုင်တာကြောင့် ဝမ်းချုပ်တဲ့ပြဿနာကို သက်သာစေပါတယ်။အသင့်တော်ဆုံး ဆီအမျိုးအစားဆိုရင်တော့ ငါးကြီးဆီ၊ ကြက်ဆူဆီ၊ သံလွင်ဆီ စတဲ့အဆီတွေလို့ ပြောရမှာပါ။
ရေ
ခန္ဓာကိုယ် ပြင်ပကအညစ်အကြေးတွေကို ရေနဲ့ လောင်းချပြီး ဆေးကြောသန့်စင်နိုင်သလိုပဲ ရေများများသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ် ထဲက မလိုအပ်တဲ့အညစ်အကြေးတွေကို စွန့်ထုတ်သန့်စင်ပစ်နိုင်ပါ တယ်။ ရေအလုံအလောက် သောက်ခြင်းက ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်မယ့်အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သင်ဟာ မကြာခဏ ဝမ်းချုပ်လေ့ရှိသူတစ်ဦးဆိုရင် မနက်စာမစားခင် ရေသန့်လီတာ တစ်ဝက်ခန့် သောက်ပေးသင့်ပါတယ်။ မနက်စောစောမှာရေသီးသန့် သောက်သုံးဖို့အခက်အခဲရှိတယ်ဆိုရင် သံပရာရည် ညှစ်ပြီးဖြစ်စေ၊ သံပရာသီးခြမ်း စိမ်ပြီးဖြစ်စေ သောက်သုံးနိုင်ပါတယ်။
အမျှင်ဓာတ်
အမျှင်ဓာတ်ကို တံမြက်စည်းနဲ့ နှိုင်းယှဉ်မြင်ကြည့်လို့ရပါတယ်။ တံမြက်စည်းနဲ့ သဘောတရားတူညီစွာပဲအစားအစာများမှာ ပါဝင်တဲ့အမျှင်ဓာတ်ကအူနဲ့အစာချေလမ်းကြောင်းတစ်လျှောက် ကပ်ညှိနေတတ်တဲ့အစာချေချိန် မပါသွားတဲ့အစာအကြွင်းအကျန်များနဲ့အစာချေပြီးနောက် ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ပစ္စည်းများအဖြစ်ထွက်ရှိလာတဲ့အညစ်အကြေးများကို ဖယ်ရှားရှင်းလင်းပေးပါတယ်။အရွယ်ရောက်ပြီး လူတစ်ယောက်အတွက် နေ့စဉ်အမျှင်ဓာတ်၂၀ ဂရမ် ကနေ ၃၅ ဂရမ်လောက် လိုအပ်တယ်လို့ သိရပါတယ်။အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အစားအစာများဆိုရင်တော့ ဗာဒံစေ့၊ ပဲအမျိုးမျိုး၊အသီးအရွက်အမျိုးမျိုး၊ လတ်ဆတ်တဲ့အသီးအနှံနဲ့ သစ်သီးခြောက်များလို့ ဆိုရမှာပါ။ ဒါကြောင့်သင်ဟာ ဝမ်းပုံမှန်မသွားနိုင်တဲ့ ပြဿနာရှိနေတယ်ဆိုရင်အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာများကို ရွေးချယ်ပြီးစားသုံးပေးသင့်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု
ကျန်းမာတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ဖို့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းကအဓိကသော့ချက်ဖြစ်ပြီး ဒီအချက်ကိုလည်း လူတိုင်းလိုလို သိထားကြပါတယ်။ ဒါပေမဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်တယ်ဆိုတာကိုရော သိပါသလား။ တစ်နေကုန်နီးပါးထိုင်ပြီးအလုပ်လုပ်ရတဲ့ သူတွေရဲ့အစာဟောင်းစွန့်ပစ်ခြင်း စနစ်က ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူတွေလောက် ကျန်းမာခြင်းမရှိဘူးလို့ သုတေသနအချက်အလက်တွေအရသိရှိရပါတယ်။ ခန္ဓာကိုယ်ကို ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် လှုပ်ရှားပေးခြင်း ကအူမကြီးတစ်လျှောက်က ကြွက်သားတွေကို သက်ဝင်လှုပ်ရှားမှုဖြစ်စေပြီး ဝမ်းသွားရလွယ်ကူစေနိုင်ပါတယ်။
ဆေးမြီးတို
ကော်ဖီက သင့်ရဲ့အူမကြီးကို လှုံ့ဆော်မှုပေးနိုင်ပြီး ဝမ်းချုပ်ခြင်းပြဿနာကိုအဆုံးသတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဝမ်းချုပ်ခြင်းကို ကော်ဖီသောက်ပေးတဲ့ နည်းလမ်းတစ်မျိုးတည်းနဲ့ ရေရှည်ဖြေရှင်းဖို့မသင့်တော်ဘူးလို့ ပညာရှင်တွေ သတိပေးထားပါတယ်။ ကော်ဖီ တစ်မျိုးတည်းသာ မဟုတ်ဘဲအခြားသော Herbal Tea ၊ သံပရာသီး ညှစ်ထားတဲ့ ရေနွေးနွေးတစ်ခွက်ကလည်း ကော်ဖီလိုပဲ တူညီတဲ့
ဂုဏ်သတ္တိရှိပါတယ်။ ပျားရည်ကလည်း သဘာ၀၀မ်းနှုတ်ဆေး တစ်မျိုးဖြစ်ပါတယ်။ ပျားရည်ရဲ့အာနိသင်ကအူလမ်းကြောင်း တစ်လျှောက်လုံးကို လှုံ့ဆော်မှု ပေးနိုင်တာကြောင့် ဝမ်းသက်စေနိုင်ပါတယ်။ ဒါကြောင့် ပျားရည်ကို ဒီအတိုင်း (သို့) ရေခပ်နွေးနွေးနဲ့ သောက်ပေးခြင်းကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။အဓိက သတိထားရမယ့်အချက်ကတော့ သင်ရေများများ သောက်ပေးဖို့ပဲဖြစ်ပါတယ်။
အကယ်၍ သင်ဟာ မကြာခဏ ဝမ်းချုပ်လေ့ရှိသူဆိုရင်တော့အောက်ဖော်ပြပါအစားအစာများကို ရှောင်ကြဉ်သင့်ပါတယ်။
ချောကလက်
ဝမ်းချုပ်တတ်တဲ့သူတွေအဓိကရှောင်ရမယ့်အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ချောကလက်မှာအဆီပါဝင်မှုများပြားတဲ့အတွက်အစာချေ ဖျက်ခြင်းစနစ်ကို နှေးကွေးစေပါတယ်။ ဒါတင်မကချောကလက်မှာ ပါဝင်တဲ့အဆီကအစာခြေလမ်းကြောင်းအတွင်းအစာများကို ရွေ့လျားစေတဲ့အလိုအလျောက် ကြွက်သားလှုပ်ရှားမှုများကိုပါ နှေးကွေးစေပြီး ဝမ်းချုပ်တဲ့ပြဿနာကို ဖြစ်ပေါ်စေပါတယ်။
နို့နဲ့ နို့ထွက်ပစ္စည်းများ
နို့နဲ့နို့ထွက်ပစ္စည်းတွေက သင့်အရိုးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ရရှိနိုင်တဲ့ ရင်းမြစ်တွေလို့ ဆိုနိုင်ပေမယ့်အခန့်မသင့်ရင် သင့်ဝမ်းချုပ်ရခြင်းရဲ့ တရားခံတွေ ဖြစ်သွားတတ်ပါတယ်။ နို့မှာပါဝင်တဲ့ Lactose က လေပွခြင်းကို ဖြစ်စေနိုင်ပါတယ်။ နို့ သောက်ခြင်းကြောင့် ဝမ်းသွားစေသလို ဝမ်းလည်းချုပ်စေတာကြောင့် တိကျတဲ့အဖြေတော့ မရှိပေမဲ့ ဒါက ကိုယ့်ရဲ့ ခန္ဓာကိုယ်က နို့အပေါ်တုံ့ပြန်တဲ့ သဘာဝနဲ့ သက်ဆိုင်တယ်လို့ပဲအများကယူဆထားပါတယ်။အကယ်၍ သင်က နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသောက်တဲ့အခါ သိသိသာသာ ဝမ်းသွားရ ခက်ခဲလာတယ်ဆိုရင်တော့ နို့က သင့်ကိုဝမ်းချုပ်စေနိုင်တယ်လို့ ယူဆနိုင်ပါတယ်။
အနီရောင်အသားများ
သံဓာတ်က ဝမ်းချုပ်စေပါတယ်။ ဒါကြောင့် သံဓာတ် ကြွယ်ဝစွာပါဝင်တဲ့အနီရောင်အသားများကလည်း ဝမ်းချုပ်ရခြင်းရဲ့အကြောင်းအရင်းတစ်ခု ဖြစ်လာပါတယ်။အသားပမာဏများများ စားသုံးခြင်းက သင့်ကို ဝမ်းချုပ်စေပါလိမ့်မယ်။အနီရောင်အသားတွေမှာ ပြည့်ဝဆီနဲ့ ပရိုတိန်းတွေပါတာကြောင့်အစာခြေဖျက်ဖို့အချိန်ကြာပြီး နောက်ဆက်တွဲအကျိုးဆက်ကတော့ သင့်ကို ဝမ်းချုပ်စေပါလိမ့်မယ်။
ကဖိန်း
ကော်ဖီ တစ်နည်း ကဖိန်းက သင့်ရဲ့အူလမ်းကြောင်းကို လှုံ့ဆော်ပေးနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ သင့်ခန္ဓာကိုယ်ထဲမှာ ရေဓာတ်အလုံအလောက်ရှိမနေဘူးဆိုရင်တော့အဆိုပါ ကဖိန်းဓာတ်က ဝမ်းပိတ်ဆေးအာနိသင်ဆောင်ပြီး ဝမ်းချုပ်စေပါလိမ့်မယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ ကဖိန်းဓာတ် မများသွားအောင်၊ ရေဓာတ်လုံလောက်မှု ရှိနေအောင် သတိထားရမှာ ဖြစ်ပါတယ်။ မနက်ခင်းဟာ ခန္ဓာကိုယ်ထဲကအညစ်အကြေးတွေ စွန့်ထုတ်ပစ်ဖို့အသင့်တော်ဆုံးအချိန်ဖြစ်ပါတယ်။ သင်ဝမ်းချုပ်ရတဲ့အဓိကအကြောင်းအရင်းကအိမ်သာတက်ချိန်အလုံအလောက် မရှိခြင်းလည်း ပါဝင်ပါတယ်။ ဒါကြောင့် မနက်တိုင်းမှာ မဖြစ်မနေလုံလောက်တဲ့ Quality Toilet Time ရှိပါစေလို့ ဆရာဝန်တွေအကြံပြုထားပါတယ်။ သင့်အတွက် ထူးဆန်းကောင်း ထူးဆန်းနိုင်ပေမယ့် တကယ်အကျိုးရှိတဲ့ နည်းလမ်းဖြစ်လို့ လက်တွေ့ လုပ်ဆောင်ကြည့်ပါ။ သင့်ရဲ့ စားသောက်တဲ့ ပုံစံ၊ နေထိုင်မှု ပုံစံကို ပြောင်းလဲလိုက်ပြီးတဲ့နောက်မှာ သင့်ရဲ့ ဝမ်းချုပ်တဲ့ပြဿနာက ပြေလည်မသွားဘူးဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက်ပြသပြီး သင့်တော် တဲ့ ကုသမှု ခံယူဖို့ လိုအပ်နေပြီလို့ ဆိုရမှာပါ။
Unicode ဖြင့်ဖတ်ရန်
ဝမျးခြုပျတဲ့ပွူနာကို သငျ ဘယျလိုဖွရှေငျးမလဲ။
==============================
သင်မကြာခဏ ဝမ်းချုပ်လေ့ရှိပါသလား။ ဝမ်းချုပ်ခြင်းက သင့်ကို မအီမသာဖြစ်စေရုံသာ မက အချိန်ကြာလာတာနဲ့အမျှ နောက်ဆက် တွဲဆိုးကျိုးများစွာ ကပ်ပါလာနိုင်တဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ လူတော်တော်များများဟာ အဆိုပါပြဿနာကို ဖြေရှင်းဖို့ ဝမ်းနှုတ်ဆေး အမျိုးမျိုးကို အားကိုးလေ့ရှိကြပါတယ်။ ဒါပေမဲ့ သုတေသနတွေပြုလုပ်ပြီးနောက်မှာတော့ ဝမ်းနှုတ်ဆေးတွေဟာ အစာချေလမ်းကြောင်း တစ်လျှောက်က ကြွက်သားတွေကို အားပျော့သွားစေပြီး ရေရှည်သုံးစွဲမယ်ဆိုရင် အစာချေစနစ်အတွက် ဆိုးဆိုးဝါးဝါး မကျန်းမာတဲ့ အဆင့်အထိ ရောက်သွားစေနိုင်တယ်လို့ သိရပါတယ်။ ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲ။ သင့်ရဲ့ နေ့စဉ်အစားအသောက် တစ်ချို့နဲ့ နေထိုင်မှုပုံစံကို အနည်းငယ်ပြောင်းလဲပေးဖို့ပါပဲ။ ဝမ်းချုပ်တဲ့အခါ ဝမ်းနှုတ်ဆေး မဟုတ်ဘဲ အန္တရာယ်ကင်းတဲ့ သဘာဝဆေးမြီးတိုများကိုလည်း အားကိုးလို့ ရပါတယ်။
ဆီးသီး
လတ်ဆတ်တဲ့ ဆီးသီး၊ အခြောက်ခံထားတဲ့ ဆီးသီး။ ဒါက ဝမ်းချုပ်ခြင်းကိုဖြေရှင်ဖို့ အသုံးပြုခဲ့ကြတဲ့ ရှေးအကျဆုံးဆေးဝါး တစ်မျိုးလို ့တောင် ဆိုနိုင်ပါတယ်။ ဆီးသီးမှာ မပျော်ဝင် အမျှင်ဓာတ်(Insoluble Fibre) ပါဝင်တဲ့အပြင် ဝမ်းနှုတ်ဆေးကဲ့သို့ ဂုဏ်သတ္တိရှိတဲ့ Sorbitol နဲ့ Dihydropheny-lisatin ကဲ့သို့သော ဓာတ်ပစ္စည်းတွေ ပါဝင်တာကြောင့် အစာချေစနစ်ပုံမှန် အလုပ်လုပ်နိုင်အောင် ကူညီ ပေးနိုင်ပါတယ်။ ဒါကြောင့် လတ်ဆတ်တဲ့ ဆီးသီး အလွယ်တကူ မရနိုင်ရင်တောင် ဖြည့်စွက်အရသာတွေမပါတဲ့ ဆီးသီးခြောက်ကို ဝမ်းချုပ်တဲ့အခါတိုင်းဆေးဝါးတစ်မျိုးလို အသုံးပြုနိုင်ပါတယ်။
အဆီ
ဆီကလည်း သင့်ရဲ့ အူတွေအတွင်းမှာ ချောဆီသဘော ဂုဏ်သတ္တိဆောင်ပါတယ်။ အူအတွင်းက အညစ်အကြေးတွေကို ရှောရှောရှူရှူ ရွေ့လျားစေနိုင်တာကြောင့် ဝမ်းချုပ်တဲ့ပြဿနာကို သက်သာစေပါတယ်။ အသင့်တော်ဆုံး ဆီ အမျိုးအစားဆိုရင်တော့ ငါးကြီးဆီ၊ ကြက်ဆူဆီ၊ သံလွင်ဆီ စတဲ့ အဆီတွေလို့ ပြောရမှာပါ။
ရေ
ခန္ဓာကိုယ် ပြင်ပက အညစ်အကြေးတွေကို ရေနဲ့ လောင်းချပြီး ဆေးကြောသန့်စင်နိုင်သလိုပဲ ရေများများသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ် ထဲက မလိုအပ်တဲ့အညစ်အကြေးတွေကို စွန့်ထုတ်သန့်စင်ပစ်နိုင်ပါ တယ်။ ရေအလုံအလောက် သောက်ခြင်းက ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သင်ဟာ မကြာခဏ ဝမ်းချုပ်လေ့ရှိသူတစ်ဦးဆိုရင် မနက်စာမစားခင် ရေသန့်လီတာ တစ်ဝက်ခန့် သောက်ပေးသင့်ပါတယ်။ မနက်စောစောမှာရေသီးသန့် သောက်သုံးဖို့အခက်အခဲရှိတယ်ဆိုရင် သံပရာရည် ညှစ်ပြီးဖြစ်စေ၊ သံပရာသီးခြမ်း စိမ်ပြီးဖြစ်စေ သောက်သုံးနိုင်ပါတယ်။
အမျှင်ဓာတ်
အမျှင်ဓာတ်ကို တံမြက်စည်းနဲ့ နှိုင်းယှဉ်မြင်ကြည့်လို့ရပါတယ်။ တံမြက်စည်းနဲ့ သဘောတရားတူညီစွာပဲ အစားအစာများမှာ ပါဝင်တဲ့ အမျှင်ဓာတ်က အူနဲ့အစာချေလမ်းကြောင်းတစ်လျှောက် ကပ်ညှိနေတတ်တဲ့ အစာချေချိန် မပါသွားတဲ့ အစာအကြွင်းအကျန်များနဲ့ အစာချေပြီးနောက် ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ပစ္စည်းများအဖြစ်ထွက်ရှိလာတဲ့ အညစ်အကြေးများကို ဖယ်ရှားရှင်းလင်းပေးပါတယ်။ အရွယ်ရောက်ပြီး လူတစ်ယောက်အတွက် နေ့စဉ် အမျှင်ဓာတ်၂၀ ဂရမ် ကနေ ၃၅ ဂရမ်လောက် လိုအပ်တယ်လို့ သိရပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာများဆိုရင်တော့ ဗာဒံစေ့၊ ပဲအမျိုးမျိုး၊ အသီးအရွက်အမျိုးမျိုး၊ လတ်ဆတ်တဲ့ အသီးအနှံနဲ့ သစ်သီးခြောက်များလို့ ဆိုရမှာပါ။ ဒါကြောင့်သင်ဟာ ဝမ်းပုံမှန်မသွားနိုင်တဲ့ ပြဿနာရှိနေတယ်ဆိုရင် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများကို ရွေးချယ်ပြီးစားသုံးပေးသင့်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု
ကျန်းမာတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ဖို့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက အဓိကသော့ချက်ဖြစ်ပြီး ဒီအချက်ကိုလည်း လူတိုင်းလိုလို သိထားကြပါတယ်။ ဒါပေမဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်တယ်ဆိုတာကိုရော သိပါသလား။ တစ်နေကုန်နီးပါးထိုင်ပြီး အလုပ်လုပ်ရတဲ့ သူတွေရဲ့ အစာဟောင်းစွန့်ပစ်ခြင်း စနစ်က ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူတွေလောက် ကျန်းမာခြင်းမရှိဘူးလို့ သုတေသန အချက်အလက်တွေ အရသိရှိရပါတယ်။ ခန္ဓာကိုယ်ကို ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် လှုပ်ရှားပေးခြင်း က အူမကြီးတစ်လျှောက်က ကြွက်သားတွေကို သက်ဝင်လှုပ်ရှားမှုဖြစ်စေပြီး ဝမ်းသွားရလွယ်ကူစေနိုင်ပါတယ်။
ဆေးမြီးတို
ကော်ဖီက သင့်ရဲ့အူမကြီးကို လှုံ့ဆော်မှုပေးနိုင်ပြီး ဝမ်းချုပ်ခြင်းပြဿနာကို အဆုံးသတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဝမ်းချုပ်ခြင်းကို ကော်ဖီသောက်ပေးတဲ့ နည်းလမ်းတစ်မျိုးတည်းနဲ့ ရေရှည်ဖြေရှင်းဖို့မသင့်တော်ဘူးလို့ ပညာရှင်တွေ သတိပေးထားပါတယ်။ ကော်ဖီ တစ်မျိုးတည်းသာ မဟုတ်ဘဲ အခြားသော Herbal Tea ၊ သံပရာသီး ညှစ်ထားတဲ့ ရေနွေးနွေးတစ်ခွက်ကလည်း ကော်ဖီလိုပဲ တူညီတဲ့
ဂုဏ်သတ္တိရှိပါတယ်။ ပျားရည်ကလည်း သဘာ၀၀မ်းနှုတ်ဆေး တစ်မျိုးဖြစ်ပါတယ်။ ပျားရည်ရဲ့အာနိသင်က အူလမ်းကြောင်း တစ်လျှောက်လုံးကို လှုံ့ဆော်မှု ပေးနိုင်တာကြောင့် ဝမ်းသက်စေနိုင်ပါတယ်။ ဒါကြောင့် ပျားရည်ကို ဒီအတိုင်း (သို့) ရေခပ်နွေးနွေးနဲ့ သောက်ပေးခြင်းကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။ အဓိက သတိထားရမယ့် အချက်ကတော့ သင်ရေများများ သောက်ပေးဖို့ပဲဖြစ်ပါတယ်။
အကယ်၍ သင်ဟာ မကြာခဏ ဝမ်းချုပ်လေ့ရှိသူဆိုရင်တော့ အောက်ဖော်ပြပါ အစားအစာများကို ရှောင်ကြဉ်သင့်ပါတယ်။
ချောကလက်
ဝမ်းချုပ်တတ်တဲ့သူတွေ အဓိကရှောင်ရမယ့် အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ချောကလက်မှာ အဆီပါဝင်မှုများပြားတဲ့အတွက် အစာချေ ဖျက်ခြင်းစနစ်ကို နှေးကွေးစေပါတယ်။ ဒါတင်မကချောကလက်မှာ ပါဝင်တဲ့အဆီက အစာခြေလမ်းကြောင်းအတွင်း အစာများကို ရွေ့လျားစေတဲ့ အလိုအလျောက် ကြွက်သားလှုပ်ရှားမှုများကိုပါ နှေးကွေးစေပြီး ဝမ်းချုပ်တဲ့ပြဿနာကို ဖြစ်ပေါ်စေပါတယ်။
နို့နဲ့ နို့ထွက်ပစ္စည်းများ
နို့နဲ့နို့ထွက်ပစ္စည်းတွေက သင့်အရိုးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ရရှိနိုင်တဲ့ ရင်းမြစ်တွေလို့ ဆိုနိုင်ပေမယ့် အခန့်မသင့်ရင် သင့်ဝမ်းချုပ်ရခြင်းရဲ့ တရားခံတွေ ဖြစ်သွားတတ်ပါတယ်။ နို့မှာပါဝင်တဲ့ Lactose က လေပွခြင်းကို ဖြစ်စေနိုင်ပါတယ်။ နို့ သောက်ခြင်းကြောင့် ဝမ်းသွားစေသလို ဝမ်းလည်းချုပ်စေတာကြောင့် တိကျတဲ့အဖြေတော့ မရှိပေမဲ့ ဒါက ကိုယ့်ရဲ့ ခန္ဓာကိုယ်က နို့အပေါ်တုံ့ပြန်တဲ့ သဘာဝနဲ့ သက်ဆိုင်တယ်လို့ပဲ အများကယူဆထားပါတယ်။ အကယ်၍ သင်က နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသောက်တဲ့အခါ သိသိသာသာ ဝမ်းသွားရ ခက်ခဲလာတယ်ဆိုရင်တော့ နို့က သင့်ကိုဝမ်းချုပ်စေနိုင်တယ်လို့ ယူဆနိုင်ပါတယ်။
အနီရောင်အသားများ
သံဓာတ်က ဝမ်းချုပ်စေပါတယ်။ ဒါကြောင့် သံဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အနီရောင်အသားများကလည်း ဝမ်းချုပ်ရခြင်းရဲ့ အကြောင်း အရင်းတစ်ခု ဖြစ်လာပါတယ်။ အသားပမာဏများများ စားသုံးခြင်းက သင့်ကို ဝမ်းချုပ်စေပါလိမ့်မယ်။ အနီရောင်အသားတွေမှာ ပြည့်ဝဆီနဲ့ ပရိုတိန်းတွေပါတာကြောင့် အစာခြေဖျက်ဖို့ အချိန်ကြာပြီး နောက်ဆက်တွဲ အကျိုးဆက်ကတော့ သင့်ကို ဝမ်းချုပ်စေပါလိမ့်မယ်။
ကဖိန်း
ကော်ဖီ တစ်နည်း ကဖိန်းက သင့်ရဲ့ အူလမ်းကြောင်းကို လှုံ့ဆော်ပေးနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ သင့်ခန္ဓာကိုယ်ထဲမှာ ရေဓာတ် အလုံအလောက်ရှိမနေဘူးဆိုရင်တော့ အဆိုပါ ကဖိန်းဓာတ်က ဝမ်းပိတ်ဆေး အာနိသင်ဆောင်ပြီး ဝမ်းချုပ်စေပါလိမ့်မယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ ကဖိန်းဓာတ် မများသွားအောင်၊ ရေဓာတ်လုံလောက်မှု ရှိနေအောင် သတိထားရမှာ ဖြစ်ပါတယ်။ မနက်ခင်းဟာ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေ စွန့်ထုတ်ပစ်ဖို့ အသင့်တော်ဆုံး အချိန်ဖြစ်ပါတယ်။ သင်ဝမ်းချုပ်ရတဲ့ အဓိကအကြောင်းအရင်းက အိမ်သာတက်ချိန် အလုံအလောက် မရှိခြင်းလည်း ပါဝင်ပါတယ်။ ဒါကြောင့် မနက်တိုင်းမှာ မဖြစ်မနေလုံလောက်တဲ့ Quality Toilet Time ရှိပါစေလို့ ဆရာဝန်တွေ အကြံပြုထားပါတယ်။ သင့်အတွက် ထူးဆန်းကောင်း ထူးဆန်းနိုင်ပေမယ့် တကယ် အကျိုးရှိတဲ့ နည်းလမ်းဖြစ်လို့ လက်တွေ့ လုပ်ဆောင်ကြည့်ပါ။ သင့်ရဲ့ စားသောက်တဲ့ ပုံစံ၊ နေထိုင်မှု ပုံစံကို ပြောင်းလဲလိုက်ပြီးတဲ့နောက်မှာ သင့်ရဲ့ ဝမ်းချုပ်တဲ့ပြဿနာက ပြေလည်မသွားဘူးဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက်ပြသပြီး သင့်တော် တဲ့ ကုသမှု ခံယူဖို့ လိုအပ်နေပြီလို့ ဆိုရမှာပါ။